Chapter 10

2K 133 59
                                    

Unicode

Candy Contract Chapter 10

နုန်းရေချိုးပြီး၍ အခန်းထဲရောက်လာတော့ ခေါင်းစွပ်ရော နားရွက်ရောပါသည့် ခွေးရုပ်ပုံသဏ္ဍာန် မွှေးပွဝတ်စုံ အပေါ်အောက်တစ်ဆက်တည်းကိုတွေ့လိုက်ရသည်။ ဒီလိုအဝတ်အစားမျိုးက အိမ်တိုင်းမှာရှိနေနိုင်သောအရာမျိုးမဟုတ်။ Promotion ပွဲတွေမှာ ဝတ်တတ်သည့် အရုပ်ဝတ်စုံမျိုး။ တကူးတကမှာယူထားမှရနိုင်သော အရာမျိုးဖြစ်သည်။

"ဒီလူကတော့ ရူးနေတာပဲဖြစ်ရမယ်....."

ခန္ဓာကိုယ်ကရေတွေကို သုတ်ပြီးနုန်းတဘတ်ကိုပစ်ချလိုက်သည်။ ဗီဒိုရှိရာဆီလျှောက်သွားတော့ သူ့လည်ပင်းမှာ ယခုအထိရှိနေသည့် လည်ပတ်ကြိုးကတန်းလန်းပါလာသေးသည်။ ဗီဒိုတွေဖွင့်ပြီး ကြည့်ကြည့်တော့လည်း တခြားဘာအဝတ်အစားမှထည့်မထားဘဲ တချို့ကပိတ်ထားပြီး ကျန်တာကဟောင်းလောင်းဖြစ်နေသည်။

နုန်း အဝတ်မဝတ်ရသေးဘဲ တံခါးဝကိုချဥ်းကပ်သွားပြီး တံခါးဖွင့်ဖို့လုပ်တော့လည်း တံခါးကဖွင့်မရဖြစ်နေပြန်၏။ မှန်တင်ခုံပေါ်မှာ ဖုန်းတစ်လုံးတင်ထားတာကိုတွေ့လို့ ဖွင့်ကြည့်လိုက်တော့ ထည်ဝါခမ်းမဟာနံပါတ်တစ်လုံးသာရှိသည်။

နုန်း ချက်ချင်းဖုန်းခေါ်လိုက်ပြီး

"ကျွန်တော့်ကို တခြားအင်္ကျီတစ်ထည်လာပေး......"

"ကိုယ်ပေးထားတာ အသစ်ကြီးပါ...ဘာဖြစ်လို့လဲ.... နုန်းကအရောင်မကြိုက်လို့လား.....အညိုရောင်လေးလေ...လှပါတယ်....Husky လေးကျလို့....."

ထည်ဝါ့အသံက ပေါ့ရွှတ်ရွှတ်။ သူမဝတ်မှန်းသိလျက်နှင့် တမင်လာပေးထားတာသိသာနေသည်။

နုန်း စိတ်တိုလာပြန်တာကြောင့် မှန်တင်ခုံကိုဒုန်းခနဲဆောင့်ကန်ပစ်လိုက်သည်။ ဒီလူကြီးက သူ့ကိုအချိန်တိုင်းဒေါသထွက်အောင်လာဆွနေတာပင်။

"ခင်ဗျားပေးထားတဲ့ဟာ ခင်ဗျားဝတ်ပါလား......ကျွန်တော်မဝတ်နိုင်ဘူး......"

"ဒီလိုဆို တခြားဟာတော့မရှိတော့ဘူးပဲ။ ကိုယ်ကလူတစ်မျိုး နုန်းရဲ့....။ ကိုယ့်အဝတ်အစားတွေကိုတခြားသူတွေ ယူဝတ်တာမကြိုက်ဘူးလေ.....။ ပြီးတော့ နုန်းကလဲ မထင်မှတ်ထားဘဲရောက်လာတာဆိုတော့....."

Candy Contract (BL OC) Where stories live. Discover now