Part 2

1.5K 120 0
                                    

စိုင်းမြတ်ထင်က လင်းလက်လုလင်ဘေးတွင်ဝင်ထိုင်သည်။လင်းလက်လုလင် ထိုကောင်လေးနှင့်
သူ၏အကွာအဝေးကိုကြည့်လိုက်သည်။အကွာအဝေးကား 50cmခန့်။

"အကိုက အန်တီဟန်လီရဲ့သားလား"

လင်းလက်လုလင် အကြည့်ကိုရှေ့ပို့လိုက်ပြီးခပ်တိုးတိုးသာပြန်ဖြေသည်။

"အင်း"

"ကျွန်တော်က အကို့အိမ်ဘေးကလေ အန်တီဟန်လီ မနေ့ကတော့ပြောတယ် အကိုရောက်မယ်ဆိုတာ"

"အင်း"

"အကို့နာမည်ကရော"

"လင်းလက်လုလင်"

"ခွီ ဟား ဟား လင်းလက်လုလင်ဆိုတော့ လလေးလုံးပေါ့"

စိုင်းမြတ်ထင် အားပါးတရရယ်မိသည်။စိုင်းမြတ်ထင် အားပါတရရယ်တော့မျက်လုံးလေးတွေပျောက်သွား၏။စိုင်းမြတ်ထင် ရယ်လို့ဝပြီးမှ လင်းလက်လုလင်ကို ကြည့်လိုက်တော့ လင်းလက်လုလင်က သူ့ကိုနားမလည်သလိုလေးကြည့်နေသည်။ထိုအခါမှ စိုင်းမြတ်ထင် သူ့အပြုအမူကရိုင်းသွားတယ်ဆိုတာတွေးမိပြီး တောင်းပန်သည်။

"အကို ကျွန်တော်တောင်းပန်ပါတယ် တမင်သက်သက် ရယ်တာ မဟုတ်ပါဘူး"

"အင်း ရပါတယ်"

လင်းလက်လုလင်၏အသံကတိုးလျနေပြီး စိုင်းမြတ်ထင် လင်းလက်လုလင်ကိုကြည့်လိုက်သည်။လင်းလက်လုလင်ကအသားညိုကာ မျက်ခုံးလေးတွေကထင်းနေသည်။ဆံပင်လေးကိုခပ်တိုတိုသာ ညှပ်ထား၍ လင်းလက်လုလင်မျက်နှာက ရှင်းသန့်နေသည်။ကော်ဖီခွက်လေးကို ကိုင်ကာ ရှေ့ကိုငေးနေသည့်ပုံစံလေးက ဘာကြောင့်ရယ်မသိ အထီးကျန်ဆန်မှုကိုသယ်ဆောင်ထားလေသည်။စိုင်းမြတ်ထင် ရင်ထဲပွေ့ဖက်နှစ်သိမ့်ပေးလိုမှုများ ပြည့်လျှံလာသည်။

"အကို အကို့အသက်ဘယ်လောက်လဲ ကျွန်တော် က17  maths ပထမနှစ်"

"21"

"ကျွန်တော့်ထက်လေးနှစ်ကြီးတာဘဲ အကိုကဘာအလုပ်လုပ်တာလဲ"

"အခုလောလောဆယ်တော့ ဓာတ်ပုံဆရာပါဘဲ"

"Wow မိုက်လိုက်တာ လွယ်မွေမှာ ဓာတ်ပုံရိုက်စရာနေရာတွေမှ အများကြီး ကျွန်တော်လိုက်ပို့မယ်လေ"

10cm(Completed)Where stories live. Discover now