ဒုန်း ဒုန်း!!
စိုင်းမြတ်ထင် အမေက အခန်းတံခါးကိုသော့ပိတ်ထား၍ အခန်းတံခါးကို တဒုန်းဒုန်း ထုနေသည်။
မနေ့က အကိုလင်းလက်ကသူ့ကိုချစ်တယ်ဆိုတာသိလိုက်ရတော့ စိုင်းမြတ်နှလုံးသားလေးထဲ လိပ်ပြာတွေပျံနေသလို ခံစားရသည်။အကိုလင်းလက်ကိုမျက်နှာချင်းမဆိုင်ရဲဘဲ ရှက်ရွံ့မှုတွေကြောင့် ပြေးထွက်ခဲ့တာကိုပင် နောင်တရချင်လာသည်။
အိမ်ပြန်ရောက်ရောက်ချင်း အမေကသူ့ကိုအခန်းထဲထည့်ပိတ်ထား၍ ဘယ်လိုမှထွက်မရပေ။အခန်းကအသံလုံသည့်အတွက်ကြောင့်အပြင်မှာဘာဖြစ်နေလဲဆိုတာကိုလည်းမသိရ။အကိုလင်းလက်ကို ဖုန်းဆက်ချင်ပေမယ့် သူ့ထံတွင်အကိုလင်းလက် ဖုန်းနံပါတ်လည်းမရှိပေ။
အချိန်အတော်ကြာ တံခါးကိုထုနေပြီးနောက်မှာတော့ အမေကတံခါးဖွင့်လာသည်။အမေကစိုင်းမြတ်ကိုခပ်စူးစူးကြည့်သည်။
"သွားနှုတ်ဆက်လိုက် ပြီးရင် ကျိုင်းတုံမှာသွားနေရမယ်"
စိုင်းမြတ်ထင် အမေ့စကားကိုအလေးမထားဘဲ ပေါ့ပျက်ပျက်သာခေါင်းညိတ်ပြီးအပြင်ကိုပြေးထွက်သွားသည်။
ညနေပင်ရောက်လုပြီ။အကိုလင်းလက်တစ်ယောက်အဆင်ပြေနေပါ့မလားဆိုသည့် မေးခွန်းတွေကစိုင်းမြတ်ခေါင်းထဲလှည့်ပတ်နေသည်။
စိုင်းမြတ် အကိုလင်းလက်တို့အိမ်ထဲဝင်လာတော့ ဧည့်ခန်းတွင် ဦးမြမောင်နှင့်ဒေါ်နန်းဟန်လီ ကထိုင်နေသည်။
"အန်တီ အကိုရော"
"အခန်းထဲမှာ အိပ်နေတယ် သွားမနိုး..."
ဒေါ်နန်းဟန်လီ စကားမဆုံးသေးခင်မှာဘဲ စိုင်းမြတ်က လင်းလက်လုလင်အခန်းထံပြေးသွားကာ သက်ပျင်းလေးချပြီးတံခါးခေါက်လိုက်သည်။
ဒေါက် ဒေါက်!!
အထဲကတုံ့ပြန်သံမကြားရပေ။စိုင်းမြတ် တံခါးကိုဆက်ခေါက်လိုက်သည်။
ဒေါက် ဒေါက်!!!
မည်သည့်အသံကိုမှ မကြားရ။စိုင်းမြတ်ထင် စိတ်ပူသွားကာ တဒုန်းဒုန်းထုလိုက်သည်။
YOU ARE READING
10cm(Completed)
Short Storyအကွာအဝေး 10cm Started Date-23.3.2022 Ended Date-25.3.2022