လင်းလက်လုလင် Camaraအသေးလေးကိုလည်ပင်းတွင်ချိတ်ကာ အိမ်အပြင်ထွက်လာခဲ့သည်။ခြံရှေ့တွင် စိုင်းမြတ်ထင်ကဆိုင်ကယ်လေးပေါ်တွင်စောင့်နေ၏။ဒီဇင်ဘာလ နံနက်ခင်းတွင် နှင်းမကွဲသေးပေ။စိုင်းမြတ်ထင်က အညိုရောင်လည်စည်းကို စည်းထားပြီး အနက်ရောင်အနွေးလက်အိတ်တွေကိုစွပ်ထားသည်။အနွေးထည်ခပ်ထူထူဝတ်ထားသည့် စိုင်းမြတ်ထင်က မွေးပွဝက်ဝံရုပ်လေးသဖွယ်။
"အကို လာလေ"
စိုင်းမြတ်ထင်ကလက်ကိုဝှေ့ယမ်းပြီးခေါ်သည်။စိုင်းမြတ်ထင် စကားပြောလိုက်သည့်အခါ အငွေ့တချို့ကလေထုထဲတွင်နေရာယူလာသည်။စိုင်းမြတ်ထင်ရဲ့ မျက်နှာလေးကဖြူဖွေးနေပြီး အအေးဒဏ်ကြောင့် ပါးလေးတွေကနီရဲနေသည်။ဆိုင်ကယ်ဦးထုပ်ဆောင်းထားသောကြောင့် နားရွက်လေးတွေကိုတော့မမြင်ရ။
ရာသီဥတုအေးသည့်ကြားထဲကပင် လင်းလက်လုလင်၏နှလုံးသားလေးကနွေးထွေးသွားသည်။လင်းလက်လုလင် ဆိုင်ကယ်ဘေးတွင်ရပ်လိုက်သည်။
စိုင်းမြတ်ထင်က လင်းလက်လုလင်ကိုပြုံးပြကာ။
"အကို ဒီမှာကြည့်"
စိုင်းမြတ်ထင် ပါးစပ်လေးဟကာ မီးမှုတ်ယောင်ဆောင်သည်။အဖြူရောင်အငွေ့တွေက စိုင်းမြတ်ထင် ပါးစပ်မှတဆင့် လေထုထဲသို့ပျံ့နှံ့သွားသည်။
"ဟီးဟီး ကျွန်တော်ကအစွမ်းရှိတယ်လေ"
လင်းလက်လုလင် စိုင်းမြတ်ထင်ရဲ့ကလေးဆန်သည့်အပြုအမူကြောင့် ပြုံးမိသွားသည်။စိုင်းမြတ်ထင် အကိုလင်းလက်လုလင်၏ပြုံးသွားသည့်မျက်နှာလေးကြောင့် ရင်ထဲကျေနပ်သွားသည်။
"အကို ဆိုင်ကယ်ဦးထုပ်ဆောင်းနော်"
စိုင်းမြတ်ထင် လင်းလက်လုလင်ကိုဆိုင်ကယ်ဦးထုပ် ကမ်းပေးသည်။လင်းလက်လုလင် ဆိုင်ကယ်ဦးထုပ်ကိုဆောင်းကာ ဆိုင်ကယ်ပေါ်တက်လိုက်သည်။လင်းလက်လုလင် ဒီတစ်ခါ သူနှင့်စိုင်းမြတ်ထင် အကွာအဝေးကသိပ်ကိုနီးကပ်နေတာကိုသိသည်။လင်းလက်လုလင် အတိုင်းအတာကိုစိတ်ထဲမှတ်လိုက်သည်။
'20cm'
စိုင်းမြတ်ထင် အကိုလင်းလက်လုလင်ဆိုင်ကယ်ပေါ်သေချာထိုင်ထားတာသေချာမှ ဆိုင်ကယ်မောင်းထွက်လိုက်သည်။
YOU ARE READING
10cm(Completed)
Short Storyအကွာအဝေး 10cm Started Date-23.3.2022 Ended Date-25.3.2022