𝙲𝙷𝙰𝙿𝚃𝙴𝚁 ‹𝟸› 𝚀𝚞𝚊𝚛𝚛𝚎𝚕

2.4K 443 33
                                    

Chapter 2 - Quarrel

Author; 慕之初

Translation ; Shanghai Fantasy

Myanmar Translation ; オタク

【Unicode】

ကျောင်းအုပ်ကြီးနှင့်ဖုန်းပြောပြီးနောက် ရှန်မုအန်း ကျီကျီ၏ဦးလေးဖြစ်သူ ဖန့်ရွှီအားရှာရန်သွားလိုက်သော်လည်း သူကထွက်သွားနှင့်ပြီဖြစ်သည်။

“သူကသွားလိုက်ပြီလား?”

ရှန်မုအန်း မသက်မသာဖြစ်မှုများအားဖိနှိပ်ထားလိုက်ကာ မူကြိုဂိတ်သို့ပြေးသွားလိုက်၏။ ထိုနေရာတွင်တော့ ကားထွက်သွားပြီဖြစ်ကာ တစ်ယောက်မျှရှိမနေချေ။

“ဦးလေး အဲ့နေရာမှာရပ်ထားတဲ့ကားက ထွက်သွားလိုက်ပြီလား?”

ရှန်မုအန်း လုံခြုံရေးအခန်းကဦးလေးဆီသို့ပြေးမေးလိုက်၏။ ဦးလေးကြီးသည် အပူခံခွက်ကိုသူ့လက်ထဲတွင်ကိုင်ကာ အေးချမ်းစွာ‌ထိုင်နေ၏။

“ငါးမိနစ် ခြောက်မိ‌နစ်လောက်တောင်ရှိသွားပြီ ”

“ဘာဖြစ်လို့လဲ”  ဦးလေးကြီးကမေးလိုက်သည်။

“ကလေးကို မူကြိုမှားပို့လာခဲ့တာ ”

ရှန်မုအန်းသက်ပြင်းချလိက်သည်။ အချို့မိဘများသည် ကလေးများပျော်ရွှင်နေချိန်တွင် တိတ်တိတ်လေးပြန်သွားတတ်ကြသော်လည်း ဆရာများကိုတော့ မပြန်ခင်အကြောင်းကြားသွားကြလိမ့်မည်ပင်။ သူတို့စိတ်ကျေနပ်လျှင် အခြားသောဆရာများနှင့် လုပ်ထုံးလုပ်နည်းများကိုလိုက်ပါလုပ်ဆောင်ကြပေလိမ့်မည်။ မမျှော်လင့်စွာဖြင့် ယနေ့လာခဲ့သော လူကြီးမင်းဖုန့် ကတော့ဖြင့် မထင်မှတ်ထားသောလမ်းကြောင်းကိုလျှောက်ခဲ့လေသည်။

သူသည် လုပ်ထုံးလုပ်နည်းများ လုပ်ဖို့နေနေသာသာ မည်သည့်စကားတစ်ခွန်းမှမပြောပဲနှင့် ထွက်သွားခဲ့ပြီး ဆက်သွယ်ရန်အချက်အလက်တစ်ခုမှတောင်ချန်မထားရစ်ခဲ့ပေ။ တစ်ဖက်လူ၏ စိတ်နေစိတ်ထားနှင့် ဇိမ်ခံကားကြောင့်သာမဟုတ်လျှင် သူသည် ကလေးအားဤနေရာ၌ တမင်တကာထားခဲ့ခြင်းလားဟုပင် သံသယ၀င်မိပေလိမ့်မည်။

ရှန်မုအန်း ဆိုးဆိုးရွားရွားတွေးတောနေခြင်းအတွက် အပြစ်မဆိုနိုင်ပေ။ အရင်အချိန်များတုန်းက အချို့သောမိဘများသည် ကလေးများအားမူကြိုအပေါက်၀တွင်ထားတတ်ခဲ့ကြပြီး နောက်ဆုံး ရဲများက မိဘများအားရှာတွေ့ချိန်တွင် မိဘများသည် ကလေးအားပြန်ခေါ်ရန်ဆန္ဒမရှိကြ‌တော့ပေ ။

Villain in the Kindergarten 《Myanmar Translation》Where stories live. Discover now