𝙲𝙷𝙰𝙿𝚃𝙴𝚁 ‹𝟷𝟷› Children's face is also very important

1.4K 301 4
                                    

Chapter 11 - Children's face is also very important

Author; 慕之初
Translation ; Shanghai Fantasy
Myanmar Translation ; オタク

Unicode

"ဦးလေးငယ် သားကိုရိုက်တာ"

ချူစစ်ယွမ် အိပ်ယာပေါ်ထိုင်ရင်း ပူဆွေး၀မ်းနည်းနေလေ၏။ သူရှင်းရှင်းလင်းလင်းကို အိပ်ပျော်နေရုံလေးပါ ဘာလို့များ သူ့ဦးလေးက ရုတ်တရက်ကြီးသူ့ကိုရိုက်ရတာလဲ။

"ငါမရိုက်ဘူး။ မင်းဘာသာရိုက်လိုက်တာလေ "

ချူယိအံ့ဩနေရတော့သည်။ သူဘာမှမလုပ်ရသေးခင်မှာပဲ ချူစစ်ယွမ်က သူ့မျက်နှာသူရိုက်လိုက်ပြီး အခုတော့ သူ့ကိုအပြစ်တင်နေသည်လေ။

သူ ဒီအိုးကိုမသယ်နိုင်ပါဘူးနော်။

❴ET/N : အပြစ်တင်များကိုတာ၀န်ခံရခြင်း❵

【T/N : တရုတ်တွေက ကိုယ့်အပြစ်မဟုတ်ပဲ လွှဲချအပြစ်တင်ခံရတာကို အိုးသယ်ရတယ်လို့ပြောကြတယ်တဲ့။】

ချူစစ်ယွမ် သူပိုစိတ်ဆိုးလေလေ သူငိုချင်လေလေဖြစ်ဖြစ်သည်။ သူကိုအာလာလေးတစ်ကောင်ကဲ့သို့ အိပ်ယာပေါ်မှ လျှောကျသွားပြီး ဆရာအန်းအန်းအားရှာရန် ပိုကျယ်ကျယ်လောင်လောင်ငိုလေတော့သည်။

ရှန်မုအန်း ထိတ်လန့်စွာ နိုးလာခဲ့လေသည်။ သူအိပ်မက်ဆိုးမက်နေခဲ့သည်။ ခေါင်းမပါသောကလေးလေးတစ်ယောက်သည် သူ့ခေါင်းကိုကိုင်ထားကာ သူနှင့်အတူဘောလုံးပစ်ချင်ကြောင်းပြောလာခဲ့သည်ကို အိပ်မက် မက်နေခဲ့တာဖြစ်သည်။ ထို့နောက် သူ ချူစစ်ယွမ်၏ငိုသံအားကြားလိုက်ရ၏။ သူမထနိုင်သေးခင်ပင် ချူစစ်ယွမ်သည် သူ့လက်အားဆွဲထားကာ သူ့ဦးလေးကသူ့ကိုရိုက်ပါတယ်ဟုပြောနေ၏။

"???"

ရှန်မုအန်း နားမလည်နိုင်ဖြစ်သွားပြီး မေးလိုက်သည်။

"သူ သားဘယ်နားကိုရိုက်လိုက်တာတုန်း"

"သူသားမျက်နှာကိုရိုက်လိုက်တာ ကြည့်ပါအုံး နီရဲနေပြီ "

သူ့အဖေကော အမေပါ သူ့အားတစ်ခါမျှမရိုက်ခဲ့ဖူးပေ။ သို့သော် သူ့ဦးလေးက သူ့အားအမှန်တကယ်ကိုရိုက်ခဲ့သည်လေ။ သူပြန်သွားတဲ့အခါ သေချာပေါက်တိုင်ပြောရမယ်။

Villain in the Kindergarten 《Myanmar Translation》Where stories live. Discover now