ဆုံဆည်းမှု

6.7K 55 0
                                    

ဘဝမှာလူပေါင်းမြောက်မြားစွာနဲ့ဆုံတွေ့ဖို့အခွင့်အရေးရှိတယ်..ခံစားမှုတွေကိုသတ်မှတ်ပြီး ကောင်းတယ့်သူနဲ့ဆုံတွေ့တယ် ဆိုးတယ့်သူနဲ့ဆုံတွေ့တယ်လို့ ကျွန်တော်တို့ကသတ်မှတ်ကြတယ် ကျွန်တော်တို့အပေါ်မကောင်းတယ့်သူတွေဟာလည်း တစ်စုံတစ်ယောက်အတွက်ကတော့ ကောင်းတယ့်သူအဖြစ်ရပ်တည်နေမှာပါပဲ။

လူပေါင်းများစွာနဲ့ဆုံတွေ့ခဲ့တယ်..ဒါလင်ကကျွန်တော့်ရဲ့နောက်ဆုံးလူမဟုတ်ပါဘူး
ကျွန်တော်မသေသေးသ၍တော့ ကျွန်တော့အတွက်နောက်ဆုံးသူတွေအများကြီးထပ်တွေ့နိုင်ပါသေးတယ်

ဒါလင်က ကျွန်တော့အတွက် လူထူးဆန်းလေးဖြစ်ခဲ့ရုံတင်ပါ ..ဒါလင့်ကြောင့် ကျွန်တော်ကလူထူးဆန်းဖြစ်ခဲ့မယ်ဆိုရင်ပဲပိုမှန်မလား သေချာတာတော့ ကျွန်တော်တို့ဆက်ဆံရေးက ထူးထူးဆန်းဆန်း အမည်တပ်မရခဲ့ရုံပါပဲ စတင်ခဲ့တုန်းကလည်း အမည်မတပ်ထားတယ့်ဆက်ဆံရေးဖြစ်သလို ပြီးဆုံးသွားချိန်မှာလည်း အကြောင်းပြချက်မရှိခဲ့ပါဘူး တခုတည်းသော ကိစ္စဟာ ချစ်မိသွားမှာစိုးတာက စတယ်..

ဒါလင်က ကျွန်တော့ဘဝရဲ့ ပထမ မမည်သော ပထမဆုံးသော သူပါပဲ...

----
MoCo





----
MoCo

We're in wrong relationshipWhere stories live. Discover now