ပေးမလား

2K 27 0
                                    

မေယုခင်က အလုပ်အကိုင်ရနေပေမယ့် ကလေးစိတ်နဲ့ခွေးစိတ်တော့အနည်းငယ်တခါတခါထတတ်သေး၏။

ယခုတလောဟာခွေးစိတ်အပေါက်များ၏။

-မမ ဒီညလုပ်ကြမလား

-ဟမ်

-fuckကြမလားလို့

ဒီဆက်ဆံရေးကိုပစ်ထားမိတာ အခုမှသိရသည်။ ကိုယ့်ပါတနာကလိုအပ်နေမှတော့ ကျွန်တော်ပေးချင်ပါသည်။ စာလေးရိုက်ပေးရုံမဟုတ်လား။ စိတ်လှုပ်ရှားရတယ့် ညည်းသံတွေကိုကျွန်တော်ကြားရမှာလေ ကျွန်တော့အတွက်လဲအရှုံးမှမရှိပဲ။

-လုပ်ပေးမယ်လေ

-ပေးဆိုတာကြီးကဗျာ မမစိတ်မပါဘူးလား

-ညကျရင် ငါfuckပေးမယ်

စကားပြောပွင့်လင်းမှုမှာသိခဲ့ရတာက ဒါလင်ကမီးနဲ့ကစားနေတယ့်ကလေးတစ်ယောက်ပဲဆိုတာရယ်၊တခါတရံမှာ မီးနဲ့သွားကစားမိနေတာ သူမဟုတ်ပဲ ကျွန်တော်ဖြစ်နေတာရယ်ပါပဲ။ တခါတခါကျွန်တော်ကဉာဏ်နည်းတယ်။ ဘာကြောင့်များ စိတ်လိုလက်ရလူတစ်ယောက်လုံးကိုပစ်ယုံမိသလဲလို့။ ရဲမင်းပိုင်ဆိုတာနာမည်အရင်းဟုတ်ပါ့မလား။ ပါးစပ်ထဲပြောချင်ရာပြောလိုက်တယ့်နာမည်ရောမဖြစ်နိုင်ဘူးလား။ ကျွန်တော့်ထက်ငယ်ပေမယ့် ကျွန်တော့ထက်ပိုအတွေ့ကြုံကျယ်ပြန့်တယ့်သူ။ သူ့မှာကျွန်တော်တစ်ယောက်ထဲရှိတာမှမဟုတ်တာ။ သူ့မှာပုံစံမျိုးစုံနဲ့ အကြိုက်မတူကွဲပြားကြတယ့်မိန်းကလေးတွေအများကြီးမှအများကြီးရှိနိုင်သည်။ မဟုတ်ဘူးရှိသည်။တခါတခါထိုလူဆိုးကောင်အတတ်ကလေးကိုများကျွန်တော်ကမိုက်မဲစွာ ဆုံးမစကားတွေသွားပြောမိသည်တယ့်။ ဘာတွေကြောင်နေတာလဲမေယုခင်။ ပြန်ရလိုက်တာ seenကြာမှုနဲ့ ပျောက်ရှသွားတယ့်စကားပြောဆိုမှုတွေပဲမဟုတ်လား။ သိပ်တုံးလိုက်တယ့်ကျွန်တော်။ တခါတလေတော့လဲစိတ်လိုလက်ရပြောတယ့်သူ့စကားတွေကိုဖတ်ရှုရပါတယ်။ ရှားပေမယ့် အထီးကျန်လွန်းတယ့်ကျွန်တော့်အတွက်တော့ အနှောင့်အယှက်မဖြစ်ခဲ့ပါဘူး။

ဒီနေ့ညအတွက်ကြိုစဥ်းစားထားတာတွေရှိခဲ့ပေမယ့်တခုမှလက်တွေ့မလုပ်လိုက်ရပါဘူး။ သူ့ကိုမြှူစွယ်ဖို့ဆိုပြီး ကြည့်လေ့မရှိတယ့်pornတွေထိသွားကြည့်လိုက်သေးပေမယ့် သက်တမ်းကုန်ဆုံးမှုအကြောင်းနဲ့မရည်ရွယ်ပါပဲစကားအခြေအတင်ဖြစ်ရသည်။ ကျွန်တော်မေးမိလိုက်တာက သူနဲ့ပြောတယ့်မိန်းကလေးတွေရဲ့ကြာချိန်သက်တမ်းပါပဲ။

We're in wrong relationshipWhere stories live. Discover now