ကျွန်တော်

2.6K 47 2
                                    

မျက်နှာဖုံးတွေများတယ့်လောကကြီးမှာကျွန်တော်ရှင်သန်နေထိုင်တယ်

စည်းကမ်းတင်းကြပ်လွန်းတယ့်နေ့တွေပါပဲ

ဆယ်ကျော်သက်အရွယ်အထိ ကျွန်တော်လိမ္မာပေးခဲ့ပါတယ် ကျောင်းစာမှာမိဘတွေသဘောကျအောင်ကြိုးစားပေးခဲ့ခြင်း သက်တူရွယ်တူတွေအချစ်ကိုလက်တည့်စမ်းချိန်မှာ အကြည့်စူးတစ်ချက်နဲ့ခေါင်းတစ်ချက်သာခါယမ်းပြီး လူတိုင်းကို ကျွန်တော်ငြင်းဆန်ခဲ့ခြင်းက ကျွန်တော်က လိမ္မာတယ်ဆိုတယ့်ဂုဏ်ပုဒ်ကိုမိဘတွေအတွက်ပေးခဲ့နိုင်တယ်လေ။ ဒါကကျွန်တော်ရှင်သန်နေရတယ့်ဘဝပဲ။ကျွန်တော်ပျော်ခဲ့လား။ ပိတ်ရက်တွေမှာလည်း 'ရီရီ့သမီးလေးက အနေအေးပြီး အပြင်ဘာညာထွက်လည်တာတောင်မရှိတယ့် တကယ့်ဗိုင်းကောင်းကျောက်ဖိလေး'ဆိုတယ့်စကားတွေကိုကျွန်တော်ကိုယ်တိုင်ကျေကျေနပ်နပ်လက်ခံယူခဲ့ရလား။ ဒါတွေကို ကျွန်တော်တစ်ယောက်သာသိပါလိမ့်မယ်။

ပုံစံခွက်ထဲကပျင်းရိဖွယ်နေ့ရက်တွေပေါ့။ ကျွန်တော့မှာစာအုပ်တွေရှိမနေရင်၊ ကျွန်တော်သာနည်းပညာအားကိုးနဲ့websiteတွေကတဆင့်ကမ္ဘာကြီးကိုလေ့မလာနေရင် ကျွန်တော်က တကယ့်ကိုမှ ပျင်းရိဖွယ်နေ့ရက်တွေကိုဖြတ်သန်းခဲ့ရလိမ့်မယ်။

အမြဲတည်ငြိမ်ပြီး အေးဆေးနေတတ်တယ့် ကျွန်တော့အရှိန်အဝါက တော်ရုံလူစကားလာမပြောတယ့်အထိ ကြီးပါသည်။ ဒါဟာကျွန်တော်လုပ်ယူထားတာမျိုးမဟုတ်ရပါ။ ဒါဟာ ကျွန်တော်ပျော်ပျော်ရွှင်ရွှင်ဂုဏ်ယူရသည့်ကိစ္စမျိုးမဟုတ်ပါ။ အကြောင်းမှာကျွန်တော့အားနည်းချက်ဖြစ်တာမို့။ ကျွန်တော့ရဲ့အမြဲရှက်ပြီးကိုယ့်ကိုယ်ကိုမုန်းမိသည်အထိဖြစ်စေတယ့်ကျွန်တော့အားနည်းချက်မလို့ပဲ။
ကျွန်တော်ကပေါင်းသင်းဆက်ဆံရေးညံ့ဖျင်းပါသတဲ့။ ဒါဟာ လက်မခံလို့မရသည့်ကျွန်တော့ရဲ့အကြီးမားဆုံးအားနည်းချက်  ...

အားနည်းချက်ကို ကိုယ်တိုင်ရိုက်ချိုးပစ်ခဲ့တာဘယ်အချိန်ကလဲ...

ဟုတ်တာပေါ့ အဲ့ဒီလူသား..ဒါလင်လို့ ကျွန်တော်မြည်တမ်းတတတ်တယ့် အဲ့ဒီ့လူသားကြောင့်ပါပဲ။

We're in wrong relationshipWhere stories live. Discover now