When we meet

1.3K 22 0
                                    

ဒီဆက်ဆံရေးက ၁နှစ်အထိခံခဲ့တယ်။ ရန်မင်းပိုင်ကပါတနာကောင်းတစ်ယောက်ဖြစ်ပေးခဲ့ပါတယ်။darksideတွေလဲတော်တော်များများကိုဖလှယ်ခဲ့ကြတယ်။

၁၈နှစ်အရွယ်ကောင်လေးက သူ့အကြောင်းအတော်များများကိုကျွန်တော့ကိုရင်ဖွင့်ပြောဆိုတယ်။ သေချာပေါက် ရည်းစားရခြင်း မရခြင်းတွေကိုရောပေါ့။ သူ့ကိုဘယ်လိုမြင်သလဲဆိုရင် လောကကြီးကိုတခါတရံကြောက်တတ်ပြီး လုပ်ချင်ရာလုပ်နေသည့်ကောင်လေးဟုမြင်သည်။

"မမကိုက ပါတနာဆိုတာထက် အမတစ်ယောက်လိုကို ခံစားရတာ.."

ဆိုသည့်စကားမှာ စိတ်သက်သာရခြင်းတွေပါရောပါလာသည်နှင့်တူပါ၏။သိပ်ကိုပြောတတ်သည့်ကောင်လေးပါပဲ။

အပျော်သဘောထားသည်ဟုသူပြောသော ကောင်မလေးအပေါ်မှာတော့သူက ရိုးသားလိမ့်မည်။ အားကိုးဖွယ်ရာ Boyfriend material ဖြစ်ကောင်းဖြစ်လိမ့်မည်။ သို့ပေမယ့် အဆုံးသတ်မှာ သူကသာယာမှုတွေကိုလည်း ကျွန်တော်အပါအဝင်လူဘယ်နှစ်ယောက်နဲ့များရှာဖွေနေလိမ့်မလဲ။

သိပ်မကြာပါဘူး သူကလာပြောသည်။ သူရည်းစားမထားတော့ပါတယ့်။ သူ့typeကအတည်တကျရည်းစားထား၍ရသည့်typeမဟုတ်တာကြောင့်ဖြစ်ပါလိမ့်မည်တယ့်။ ဒီလိုနဲ့ ပြောဆိုချိန်နည်းပါးနေသောအချိန်တွေဟာ ပုံမှန်အနေထားသို့ပြန်ရောက်ခဲ့သည်။

ပတ်ဝန်းကျင်ကလူတွေမည်သို့သတ်မှတ်မည်နည်း။ sexအကြောင်းအား အသေးစိတ် ဘာမှမဆိုင်သောသူနှစ်ဥိးကဆွေးနွေးမည်ဆိုလျှင်လေ။ ကောင်းသောအမြင်တွေဟာ ပျောက်ဆုံးနေလိမ့်မည်။ နည်းပါးလွန်းလှတယ့်အကောင်းမြင်ရာခိုင်နှုန်းရှိဖို့ကိုတောင်မျှော်လင့်နေရမည်။ ဘာအရေးလဲ လူတွေဟာ မျက်နှာဖုံးတွေနဲ့နေထိုင်ကြသူတွေပဲလေ။ ဉာဏ်နဲ့ဖြတ်သင့်ချိန်ရပ်သင့်ချိန်ကိုကြိုတင်တိုင်းဆထားဖို့ပဲလိုသည်။

ဒါလင်နဲ့sex timeတွေဟာ မကောင်းသောအရာဘယ်တုန်းကမျှမရှိခဲ့ဖူးပါ။ ဒါဟာလုံခြုံမှုအားခံစားရ၍လည်းဖြစ်နိုင်မည်။အသံအားဖြင့်လုံခြုံမှု၊ကျွန်တော့ဆီမှဘာကိုမှအတင်းကြပ်မတောင်းဆိုမှုတွေက ဆက်ဆံရေးကိုထိန်းသိမ်းခဲ့သည်လည်းဖြစ်နိုင်၏။အရေးကြီးဆုံးက သူကကျွန်တော့အားသာယာစေပါသည်။ အရာရာတိုင်းမှာသာယာစေပါသည်။ ဒါလင်ဟုအမြဲတွေးနေရအောင်ထိသာယာစေပါသည်။

We're in wrong relationshipWhere stories live. Discover now