1(U+Z)

1K 123 2
                                    

chapter-1 

အမှောင်ထုရဲ့စိုးမိုးမှုအောက်ရောက်လေလေ တစ္တေတွေရဲ့ငိုးမြည်းသံ မြေခွေးတွေရဲ့အော်သံကိုကြားနေရသည်။ ထို့အတူ အေးစက်စက်ဂူ၀၌လည်း လေများတဖြူးဖြူးတိုက်ခက်နေသည်။

ဂူအ၀၌ဘရိုကိတ်၀တ်ရုံ၀တ်ထားတဲ့ဖြူဖတ်ဖြူရော်နဲ့လူငယ်တစ်ယောက်တင်ပျဥ်ခွေထိုင်လျက်ရှိသည်။လူငယ်လေးသည် ခံစားချက်မရှိသည့်မျက်နှာဖြင့် ဂူအပြင်ဘက်ရှိမိုးတဖွဲဖွဲရွာနေသည်ကိုငေးကြည့်လျက်ရှိသည်။ အချိန်တော်တော်ကြာငေးကြည့်နေသောလူငယ်ကတစ်စုံတစ်ခုသောဆူညံသံကိုကြားလိုက်ရလို့လှည့်ကြည့်လိုက်တဲ့အခါ...

ဖြူဖတ်ဖြူရော်နဲ့ကောင်းလေးတစ်ယောက်ကြမ်းခင်းပေါ်တွင်ကွေးကွေးလေးငြိမ်သက်စွာလဲလျောင်းနေပြီးညီးညူသံများထုတ်လွှတ်နေသည်ကိုတွေ့လိုက်ရသည်။ လူငယ်ကိုတွေ့လိုက်တဲ့မည်သူမဆို ပြေးပြီးရင်ခွင်ထဲ၌ဖက်ထားပေးချင်သည့်နူးညံသိမ်မွေ့သည့်အလှလေးတစ်ယောက်ဖြစ်ကြောင်းပြောနိုင်သည်။

ဒါပေမဲ့ဖန်ချောင်ကျုံကတော့မလုပ်ရဲဘူး ဘာလို့လဲဆိုတော့သူက ကူးပြောင်းသူလေ ၀တ္ထုထဲကိုကူးပြောင်းလာတဲ့သူ...

လွန်ခဲ့တဲ့ခြောက်လလောက်ကဖန်ချောင်ကျုံစာအုပ်ထဲကိုကူးပြောင်းလာခဲ့တယ်၊ မကူးပြောင်းခင်သူ့ကမ္ဘာမှာ ကားအက်စီးဒန့်ဖြစ်ပြီးသေခဲ့တယ်။ ဒါပေမဲ့သူကူးပြောင်းလာခဲ့မယ်လို့မထင်ထားဘူး၊ ဒီနေရာမှာရှိတဲ့သူတွေကရှေးဟောင်းအ၀တ်အစားရှည်ရှည်ကြီးတွေ ဆံပင်ရှည်ရှည်တွေထားကြတယ်။

နောက်ပိုင်းသူ့ကိုတွေ့တဲ့သူတိုင်းက ဒုတိယအကိုလို့ခေါ်ပြီးနှုတ်ဆက်ကြတယ်၊ အဲ့နောက်ဖန်ချောင်ကျုံရှာတွေ့ခဲ့တာက သူကသူနဲ့နာမည်တူတဲ့သူဆီကူးပြောင်းသွားရုံသာမက မူလကမ္ဘာမှာသူဖတ်လို့မပြီးသေးတဲ့၀တ္ထုထဲကိုကူးပြောင်းသွားခဲ့တာတွေ့ရှိခဲ့တယ်။

သူဒီစာအုပ်ကိုယူလာတဲ့အကြောင်းအရင်းက အချိန်လည်းအားနေတာရယ် သူနဲ့နာမည်တူတဲ့ဇာတ်ကောင်ပါနေတာရယ် ကျင့်ကြံရေးလောကတွေကြောင့်ဖြစ်တယ်။ဒီစာအုပ်ထဲကအဓိကဇာတ်ကောင်ကတော့ ဖန်ချောင်ကျုံလက်ရှိ၀င်နေတဲ့ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ဆရာတူညီငယ်လေးဖြစ်တယ်။မူလပိုင်ရှင်ကတော့သူရဲ့ဆရာတူညီငယ်လေးအတွက် ဓားတောင်ကိုဖြတ်ကျော်ရသည်ဖြစ်စေ၊ သေခြင်းတရားအတွက်ရင်ဆိုင်ရသည်ဖြစ်စေ၊ လူသားဒိုင်းကာလုပ်ပေးရသည်ဖြစ်စေ ဆန္ဒရှိသည်။

Transmigrated into a Heartthrob Novel and Went OOC (Myanmar Translation)Where stories live. Discover now