4.1(U+Z)

1.1K 141 17
                                    

Chapter 4.1

ပတ်ဝန်းကျင်၏လေထုကတော့ရုတ်တရပ်အေးခဲသွားသလိုပဲ။

ဖန်ချောင်ကျုံပြောလိုက်တဲ့စကားတွေကိုရွယ်တန်ရုံသာမကသူတို့နှစ်ယောက်ကိုရှာဖွေဖို့လာရောက်သည့်ဂျူနီယာအုပ်စုလေးပါကြားခဲံ့ရသည်။ထိုအုပ်စုလေးသည်ဂူထဲသို့ဝင်ရရင်ကောင်းမလား ၊ မဝင်ရင်ကောင်းမလားရှိုးတိုးရှက်တန်းဖြစ်ခဲ့ရသည်။သူတို့ဝင်ခဲ့ရင်သူတို့ရဲ့စီနီယာအကိုကြီးမျက်နှာငယ်လေးဖြင့်အရှက်ကွဲခံရသလိုခံစားရမည်ကိုစိုးရိမ်မိသည်။

အဆုံးမှာတော့ထိုအုပ်စုထဲကိုခေါင်းဆောင်နေတဲ့တပည့်တစ်ယောက်စဉ်းစားပြီး "မင်းတို့တွေမြန်မြန်ဂျူနီယာညီလေးကိုအရင်တား၊ ပြီးမှစီနီယာအကိုကြီးကိုကယ်ရအောင်"

ဖန်ချောင်ကျုံတစ်ယောက်အကယ်ခံလိုက်ရသောအခါ ဆံပင်တွေက ဖိုသီဖတ်သီနဲ့ အဝတ်တွေဖရိုဖရဲ ကော်လံတွေလည်းပြဲနေကာ မျက်နှာမှာတော့ကိုက်ရာကြီးတစ်ခုရှိနေသည်။ထိုကိုက်ရာသည်ရွယ်တန်ရုံ၏ကိုက်ရာပင်ဖြစ်သည်။

FUCK!!!!!သူ့ဂျူနီယာညီလေးကခွေးလား ၊ အရာထင်အောင်ကိုက်ရအောင် ဒင်းကတော့!!!!! သူ့ရဲ့သိုလှောင်လက်စွပ်ထဲကမှန်ထုတ်ပြီးသေချာကြည့်လိုက်တော့ 'ဟူး...တော်သေးတာပေါ့ ငါ့ရဲ့ချောမောသောရုပ်ရည်လေးမပျက်စီးသေးတော့တော်သေးတာပေါ့'

ဖန်ချောင်ကျုံ သူ့ရဲ့ရုပ်ရည်ကိုတသသဖြစ်နေတုန်းတစ်စုံတစ်ယောက်ရဲ့စကားပြောသံကိုကြားလိုက်ရသည်"ဒုတိယအကိုကြီး အဆင်ပြေရဲ့လား"

ဖန်ချောင်ကျုံသည်သူ၏အရှေ့မှချောမောခန့်ညားသည့်လူငယ်လေးကိုအကဲဖြတ်ကြည့်လိုက်သည်။ဒီလူငယ်ကိုသူမှတ်မိသည်။သူကမူလပိုင်ရှင်ရဲ့ငါးယောက်မြောက်ဂျူနီယာညီငယ်လေးဖြစ်သည်။အဂ္ဂိရတ်ဆရာလူငယ်မျိုးဆက်တွေထဲမှာအတော်ဆုံးဖြစ်သည်။အဓိကဇာတ်လိုက်ရွှယ်တန်ရုံကိုဝန်းရံနေသည့်ယောက်ျားများထဲမှတစ်ယောက်ဖြစ်သည်။ဒါပေမယ့် သူရဲ့ CPဟာ ဖန်ချောင်ကျုံရဲ့  CP လိုပင် လူကြိုက်မများပေ။

"အဆင်ပြေပါတယ်" ဖန်ချောင်ကျုံသည်မြေပြင်ပေါ်မှာလဲလျောင်းနေသည့်ရွယ်တန်ရုံကိုကြည့်လိုက်သည်။စောနကသူ့ရဲ့ပါးပေါ်မှသွားရာကြီးကိုထည့်မတွက်ပါက ချောမောလှပသောယောက်ျားပျိုတစ်ဦး အိပ်ပျော်နေသည်လို့ပင်ထင်ရသည်။ဘေးနားမှဂျူနီယာတစ်သိုက်ကလည်းစိုးရိမ်စွာဖြင့်ငေးကြည့်နေကြသည်။

You've reached the end of published parts.

⏰ Last updated: Nov 15, 2022 ⏰

Add this story to your Library to get notified about new parts!

Transmigrated into a Heartthrob Novel and Went OOC (Myanmar Translation)Where stories live. Discover now