3(U+Z)

461 103 2
                                    

Chapter-3

ဖန်ချောင်ကျုံတစ်ယောက် စကားပြောနေရင်း သူ့ရှေ့ကလူ၏အသက်ရှုသံများတဖြည်းဖြည်းပြင်းလာသည်ကိုကြားလိုက်သည်။ထို့ကြောင့်သေသေချာချာစစ်ဆေးလိုက်သည့်အခါ လက်မောင်းတွေကိုဆုပ်ကိုင်ကာ အဝတ်တစ်ခုလုံး သွေးများစိုရွှဲအောင်လုပ်နေသော တရားခံကိုတွေ့လိုက်ရသည်။

ရွှယ်တန်ရုံတစ်ယောက်ကိုယ့်ဘာသာသွေးထွက်အောင်လုပ်လေပြီ။

ဒါလေးစားဖို့ကို တော်တော်များများခက်ခဲနေလား။

ငါလေးဒီမှာဆက်နေရင်သေများသေလောက်လား။ အဓိကဇာတ်လိုက်စိတ်အဆိုးလွန်ပြီး ငါ့ကိုထသတ်နေရင်ဒုက္ခ။

၎င်းအရာများစဉ်းစားတွေးခေါ်ပြီးနောက်ဖန်ချောင်ကျုံတစ်ယောက်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးရန်ကြိုးပမ်းတော့သည်။

"ဂျူနီယာညီလေး ဘာလို့စကားမပြောတာလဲ ၊ အကို့ကိုစကားပြန်မပြောချင်လောက်သည့်အထိ မုန်းနေတာလား၊ အကိုဒီနေရာမှာနေတာမကြိုက်ရင်အကိုထွက်သွားပေးမယ် ဂျူနီယာညီလေးကောင်းကောင်းနေခဲ့ပါ"

ရွှယ်တန်ရုံတစ်ယောက်စကားတစ်ခွန်းမှမပြောဘဲ ဖန်ချောင်ကျုံထွက်သွားသည့်နေရာကိုငေးကြည့်လိုက်သည်။ မကြာမီ ဂူဝ၌စူးရှစွာအော်သံကိုကြားလိုက်ရသည်။ ၎င်းအသံသည်ဖန်ချောင်ကျုံ၏အသံပင်ဖြစ်သည်။

တစ်ခဏအကြာတွင်ဖန်ချောင်ကျုံပြန်ဝင်လာလေသည်။တက်တက်ကြွကြွထွက်သွားတုန်းကနှင့်မတူဘဲသူဂူထဲကိုဝင်လာတုန်းကလိုထော့နဲ့ထော့နဲနှင့်ဝင်လာသည်ကိုတွေ့လိုက်ရသည်။မှန်သည်ပင် ဖန်ချောင်ကျုံတစ်ယောက်မြွေကိုက်ခံလိုက်ရလေသည်။ 

ဖန်ချောင်ကျုံတစ်ယောက်သူမြွေကိုက်ခံလိုက်သောကြောင့်ကိုက်ခံရသည့်ခြေထောက်တစ်ခုလုံးထုံကျင်နေသည်။မကောင်းဆိုးဝါးမိစ္ဆာများနှင့်လည်းတွေ့မိမည်စိုး၍အနီးအနားတွင်ရှိသည့် ထိုဂူထဲသို့ပင်ပြန်လည်ဝင်ရောက်လာရသည်။

ဖန်ချောင်ကျုံတယောက်ဂူအထဲသို့ရောက်ပေမယ့်ရွယ်တန်ရုံကိုတစ်ချက်ပင်ပြန်မကြည့်ခဲ့ဘူး၊ပထမဦးစွာ သူ့ဘောင်းဘီးရှည်ကိုလိမ့်တင်ပြီး မြွေပေါက်ခံရတဲ့နေရာကိုစစ်ဆေးကြည့်လိုက်သည်၊ အဓိကဇာတ်လိုက်နဲ့ရှောင်ဖို့သူကူးပြောင်းထဲကပြင်ဆင်ခဲ့ရသည်။ ဒါပေမယ့်ဇာတ်လိုက်ကိုမကူညီလို့သူကိုယ်တိုင်မြွေကိုက်ခံရသည့်ဇာတ်ကြောင်းကိုပြောင်းလဲသွားတာလား၊ညဉ့်ပုလဲမီးအိမ်နှင့်သူ့ခြေထောက်ကိုစစ်ဆေးကြည့်လိုက်တော့လည်းမြွေကိုက်ခံရတာအမှန်ပင်။

Transmigrated into a Heartthrob Novel and Went OOC (Myanmar Translation)Where stories live. Discover now