2(U+Z)

502 99 2
                                    

Chapter-2

ရွယ်တန်ရုံရဲ့အသံဟာပုံမှန်ဆိုရင်ရွှေနှင့်ကျောက်စိမ်းထိသကဲ့သို့ကြည်လင်သာယာလျက်ရှိသည်။ အခုတော့ သူရဲ့ခန္ဓာကိုယ်ဟာအဆိပ်မိနေတဲ့အတွက်ထွက်လာတဲ့အသံဟာအက်ရှရှဖြစ်နေသည်။

ဖန်ချောင်ကျုံသည်သူ့ရဲ့ဂျူနီယာညီငယ်လေး သူ့ကိုခေါ်လိုက်သောအခါ ခပ်တည်တည်ဖြင့် ဖတ်လက်စစာအုပ်ကိုသိုလှောင်လက်စွပ်ထဲသို့ထည့်ကာ အပြစ်ကင်းသည့်လေသံဖြင့် "ဂျုနီယာညီလေး နိုးလာပြီပေါ့ နေရထိုင်ရအဆင်ပြေရဲ့လား" မေးခဲ့သည်။ 

ရွယ်တန်ရုံကလှပတဲ့မျက်နှာနှင့်မွေးဖွားလာတဲ့နတ်ဘုရားတစ်ပါးလိုပဲ၊ အဲ့တာကြောင့် ကျင့်ကြံရေးလောကမှာရှိတဲ့သူတွေဟာ သူ့ကိုမြင်မြင်ချင်းတွေ့လိုက်တဲ့တစ်ခဏရူးလောက်အောင်ချစ်မိသွားတော့သည်။အထူးသဖြင့် မျက်ခုံးနှစ်ခုကြားမှာရှိတဲ့ သစ်ကြံပိုးခေါက်အရောင်ရှိတဲ့မှည့်လေးကိုမြင့်သည့်သူတိုင်း နှလုံးသားထဲတွင် မီးစတွေတောက်လောင်လျက်ရှိသည်ကိုခံစားရသည်။

ယခုရွှယ်တန်ရုံရဲ့မျက်နှာဟာ ခေါင်ရမ်းပန်းကဲ့သို့နီရဲနေကာ၊ ဆံသားတွေလည်းဖြန့်ကျဲ့နေပြီး၊ မျက်၀န်းတွေလည်းစိုစွတ်နေလျက်ရှိသည်။ဒီလိုပုံစံကိုတွေ့လိုက်ရသည့်မည်သူမဆို ထိုအလှလေးကိုနှလုံးသားအနီးဆုံးရောက်အောင်ထိထွေးပွေ့ချင်ပေတော့သည်။ ဒါပေမယ့် ကံဆိုးစွာဖြင့်အလှလေးဟာ ငါးဆားနယ်တစ်ကောင်ဖြစ်ချင်သည့်ဖန်ချောင်ကျုံရဲ့ ရင်ခွင်ထဲကိုရောက်နေသည်မှာပြဿာနာပင်။

သူရဲ့ပေါင်ပေါ်ရောက်နေတဲ့ဂျူနီယာလေးဟာ မြေကြီးပေါ်မှာလူးလှိမ့်ထားသည်ဖြစ်သည့်အတွက်အ၀တ်တွေမှာညစ်ပတ်နေပြီး ဆံနွယ်တွေဟာမြေသားတွေနဲ့ရောယှက်နေသည်၊

' Mmmm.....သန့်ရှင်းစေတဲ့မန္တန်ရွတ်လိုက်ရင်ကောင်းမလား၊ ဒါပေမယ့် ငါရွတ်လိုက်လို့သူ စိတ်အနှောက်အယှက်ဖြစ်လို့ထသတ်ရင် ဘယ်လိုလုပ်ရမလဲ' ဒီလိုအချိန်မှာ ဖန်ချောင်ကျုံဟာ ရွှယ်တန်ရုံရဲ့အလှကိုမမြင်တော့ဘဲ သန့်ရှင်းစေချင်တဲ့အတွေးများနှင့်ပြည့်နှက်နေသည်။

Transmigrated into a Heartthrob Novel and Went OOC (Myanmar Translation)Where stories live. Discover now