Ch-7 : အဝေးပို့ဖို့ ပြင်ဆင်ခြင်း-2

1K 130 0
                                    

Ch-7 : အဝေးပို့ဖို့ ပြင်ဆင်ခြင်း-2

လင်းရှီ၊စာသင်ခန်းကို ရောက်တော့စားပွဲအတွင်း၌ ယခင်စာမေးပွဲများနှင့်အနောက်ဘက် lockerရှိ ဖတ်စာအုပ်များကို ထုပ်ပိုးသည်။

"လင်းအန်ရှင်း ဖြစ်ခဲ့တာ နင်တို့ကြားပြီးပြီလား?"

ရင်းနှီးသောနာမည်ကို ရုတ်တရက်ကြားလိုက်ရပြီး သူ လုပ်နေတာတွေရပ်သွားသည်။

"လင်းအန်ရှင်း က ဘယ်သူလဲ။ကျောင်းပန်းအသစ်လေးလား"

"ဟုတ်တယ် "

"သူမကရော?" နောက်ကောင်မလေးက သံသယနဲ့မေးသည်။

"ဘာလဲ?နင်မကြားဘူးလား?ရန်ရွဲချီနဲ့သူ့လက်အောက်ငယ်သားတွေ မနေ့က ကန်အတုမှာ ပိတ်ထားခဲ့တယ်လေ..။ထို့နောက်ပိုင်း ရေကန်ထဲပြုတ်ကျသွားတယ်။အဲဒါကိုမျက်မြင်တွေ့ခဲ့သူတွေလည်း အများကြီးပဲ။"

"အဲ့ဒါ ဒရမ်မာလား?" စောစောက ထိတ်လန့်တုန်လှုပ်နေသော မိန်းကလေးမှ"ဘာဖြစ်တာလဲ ရန်ရွဲချီနဲ့တခြားသူတွေ စော်ကားတာကို သူမ ဘယ်လို အဆုံးသတ်လိုက်လဲ။"

"ဟုတ်တယ် ရန်ရွဲချီ ကိုစော်ကားချင်တဲ့ လင်းအန်ရှင်း ဘာဖြစ်နေတာလဲ?" နောက်မိန်းကလေးလည်း အံ့သြသွားသည်။

ရန်ရွဲချီနဲ့သူ့လက်အောက်ငယ်သားများ က ကျောင်းရှိလူမိုက်များဖြစ်ကြသည်။မိသားစု နောက်ခံရှိပြီး အများစုကတော့ သာမန်အခြေအနေတွေအောက်ကလူများမဟုတ်ကြချေ။

"အတန်း C ကဝမ်ယုခိုင် ကိုသိလား?"

"အင်း။ရန်ရွဲချီရဲ့ငယ်သူငယ်ချင်း။သုံးပွင့်ဆိုင်အချစ်လား?"

"အိုး ဒါပိုကောင်းတာပဲ "

'ဝမ်ယုခိုင်မှာ သူမက ရည်းစားရှိနေတယ်လို့ မထင်ထားတာကြောင့် သူမကို ချစ်တယ်လို့ ဝန်ခံခဲ့တယ်။သူမက သူ့ကို ငြင်းပယ်ခြင်းမရှိဘူး။သို့သော် သူက သူမ၏WeChat account တောင်းဆိုသောအခါ သူမက သူမ၏အချစ်ဆုံးသူငယ်ချင်း၏WeChat accountအဆက်အသွယ် အချက်အလက်ကို ရည်ရွယ်ချက်ရှိရှိ ပေးခဲ့တယ်။ပြီးတော့ ဝမ်ယုခိုင်အတွက်သူ့သူငယ်ချင်းကိုတောင် လိမ်ခဲ့တယ်"

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now