Ch- 139 :"ရှဲ့ယောင်ဘိုင် ဆိုတဲ့နာမည်ပဲ ကြားဖူးတယ်။ကုယောင်ဘိုင် ဆိုတဲ့နာမည်ကိုအရင်ကလုံးဝမကြားဖူးဘူး-၄"
ခေါင်းငုံ့နေသည့် လူငယ် ၄ ယောက် ကို ကြည့်ရင်း ကျန်သည့်လူများ သတိမထားမိပေမဲ့ အဖိုးကု ကတော့ သိနေသည်။အဖိုးကု ခပ်တည်တည်ပုံစံဖြင့် လည်ချောင်းတချက်ရှင်း၍ပြောလိုက်သည်။" "ထမင်းစားချိန်ရောက်ပြီ! မင်းတို့ စားမှာလား? ဖုန်းကြည့်မှာလား?"
အဖိုးကုရဲ့စကားကိုကြားတော့ ကုရှီနဲ့အခြားသူများ ဖုန်းကို တပြိုင်နက် ဘေးဖယ်လိုက်ပြီး အဖိုးကုကို တူညီသည့် သိမ်မွေ့သည့် ပုံစံလေး ပေးလိုက်ကြသည်။
အဖိုးကု သူရဲ့သိမ်မွေ့သော မြေးမနှင့်မြေးများကို ကြည့်ရင်း ပျော်ရွှင်လာပြီး တင်းကျပ်တဲ့မျက်နှာ ကို မထိန်းနိုင်တော့။
"ကောင်းပြီ၊ကောင်းပြီ။အားလုံးစပြီးစားကြရအောင်။"
လူတိုင်းသည် အဖိုးကု စကားဆုံးသည်နှင့်စတင်စားသောက်ကြသည်။
ကုရှီ သည်ထုံးစံအတိုင်း ငြိမ်ငြိမ်လေး စားတယ်။
တစ်ဖက်တွင်မူ ကုရှောင်းသည် ကုရှီရဲ့ပုံမှန်မဟုတ်သော "တိတ်ဆိတ်နေသည်" ကို သတိပြုမိပြီး ငုံ့ကြည့်သည်။ထို့နောက် မျက်မှောင်ကြုံ့ သွားသည်။
ကုရှောင်း သည် စားသောက်ချိန် ကုရှီပုံမှန်မဟုတ်တာ သတိပြုမိသည်။_ ကြည့်ရတာ လင်းမိသားစု၌ နေစဥ်က အကျင့်ဖြစ်လောက်သည်။ကုရှီသည်ထမင်းစားချိန် စကားသိပ်မပြောတက်ပါ။တကယ်တော့ သူမဆီက ဆူညံသံတောင် မကြားရပေ။ပန်းကန်ထဲရှိ ထမင်းကိုသာ စားဖို့အာရုံစိုက်ပြီး စားပွဲပေါ်ရှိ ဟင်းလျာများကို လှမ်းကိုင်ခဲသည်။ပန်းကန်ထဲက ဟင်းတွေကိုပဲ စားသည်။လက်လှမ်းမမှီသည့် ဟင်းများကိုမစားပဲ တက်နိုင်သမျှ သတိထားရင်း အရှေ့က လက်လှမ်းမှီသည့် ဟင်းပွဲများကို စားသောက်နေသည်။
ကုရှောင်း သူမကို အိမ်ပြန်ခေါ်လာတုန်းက ဒီလို ပဲ။သူမ ပြန်ကောင်းမလာခင် အချိန်အနည်းငယ်ကြာခဲ့သည်။အခုဆိုရင် ကုရှောင်းနဲ့ညစာစားချိန်တိုင်း စကားစမြည်ပြောတက်နေပြီဖြစ်သည်။တစ်ခါတစ်ရံ သူမကိုယ်တိုင် ဟင်းလျာများကို လှမ်းယူတက်သည်။
YOU ARE READING
ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။
RomanceM-13. I Have Decided to Go Look for My Father. Paid- Completed. 3000MMK.