Ch-25 : "နေထိုင်တဲ့ ကုန်ကျစရိတ်အတွက်ပါ။ -၁ "

1.2K 167 2
                                    

Ch-25 : "နေထိုင်တဲ့ ကုန်ကျစရိတ်အတွက်ပါ။-၁ "

လင်းရှီ ကုရှောင်းနှင့်အတူ DNA စစ်ဖို့စောင့်ဆိုင်းရမယ်ဟုထင်ထားသော်ငြားNTN နည်းပညာစင်တာမှာ စစ်မယ်လို့ မထင်ထားပါ။စောင့်ဆိုင်းဖို့လည်းမလိုအပ်လေဘူး။

လင်းရှီသည် ကုရှောင်းနဲ့၉ လွှာသို့လိုက်လာခဲ့သည်။

အပေါ် ထပ်ကရုံးခန်းပုံစံနှင့်မတူပဲ ထိုအထပ်တွင်အီလက်ထရွန်နစ်နည်းပညာမျိုးစုံနှင့်သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနများ ပြည့်နှက်နေသည်။

လင်းရှီ သည် ကြည့်ပြီး အံ့အားသင့်သွားသည်။

လင်းရှီ ဒီလိုအရာများ စိတ်ဝင်စားတာသိတော့ ရူဖေး က အသံတိုးတိုးဖြင့် မိတ်ဆက်ပေးသည်။

"ဒီအထပ်မှာဆေးဘက်ဆိုင်ရာကိရိယာတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေး၊အဝေးထိန်း စနစ်နှင့်ဇီဝ Chips တွေ အပါအဝင်ဇီဝနည်းပညာနှင့်ပတ်သက်တဲ့အီလက်ထရွန်နစ်ဌာနတွေ လည်း ရှိတယ်။မကြာသေးခင်က ဈေးကွက် ကိုဝင်ရောက်လာတဲ့ ပိုမို လူသိများတဲ့ အိမ်လက်ထရွန်နစ်တွေလဲရှိတယ်။"

ဟုတ်လား!!

လင်းရှီ၏မျက်လုံးပြူးကျယ်သွားပြီး ခေါင်းညိတ်သည်။

ရူဖေး၏စကားမဆုံးခင်"DNA-Biochip" ဟု ရေးထားသည့်ထိပ်တန်းဓာတ်ခွဲခန်းသို့ ရောက်လာကြသည်။ထိုနေရာရှိ စက်ကိရိယာများသည်အရင်အကောင်းဆုံးဆေးရုံမှာ တွေ့ဖူးတဲ့ စက်ကိရိယာများထက် ပိုမြင့်သည်။

ရူဖေးက ဆက်သွယ်ထားပြီးဖြစ်လို့ နမူနာယူဖို့ စက်ပစ္စည်းများအဆင်သင့်ဖြစ်နေပြီဖြစ်သည်။

သွေးထုတ်ယူသည့် လုပ်ငန်းစဥ်သည် လင်းရှီ စိတ်ကူးထားတာထက်များစွာ မြန်ဆန်ပြီး ရှုပ်ထွေးပေသည်။

"နမူနာ ယူပြိးပြီ။စမ်းသပ်မှုချက်ချင်းစတင်တော့.. " ကုရှောင်း နမူနာယူတဲ့ နည်းပညာရှင်ကို ပြောလိုက်သည်။နမူနာယူတဲ့ နည်းပညာရှင်သည် တစ်ချိန်တည်းမှာပဲ ဘော့စ်ရဲ့ကလေး လို့ ကောလဟာလ ထွက်နေသည့် လင်းရှီ ကိုမကြည့်ရဲပေ။

သေချာတာကတော့ ဘော့စ်ရဲ့သမီးဖြစ်နိုင်သည်။

"ဘယ်လောက်ကြာမလဲ?" ကုရှောင်းမှမေးလာသည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now