Ch-137

125 20 0
                                    


Ch-137:"ရှဲ့ယောင်ဘိုင် ဆိုတဲ့နာမည်ပဲ ကြားဖူးတယ်။ကုယောင်ဘိုင် ဆိုတဲ့နာမည်ကိုအရင်ကလုံးဝမကြားဖူးဘူး-၂"

အန်တီမိန်လည်း ထိုအချိန်ရောက်လာတယ်။အန်တီမိန်သည် မီးဖိုချောင်၌ အလုပ်များနေခဲ့ပြီး အားလုံးပြီးစီးသွားတော့ ဆီနံ့နံနေသည့် အဝတ်အစားများ သွားလဲ၍ ပြန်ရောက်လာသည်။

ကုယောင်ဘိုင်ကိုမြင်တော့ အန်တီမိန် သည်အနည်းငယ်ထိတ်လန့်သွားသည်။"တတိယသခင်လေးပါ ဒီနေ့ အတူပါဝင်တာပဲ"

အန်တီမိန် တီးတိုးဆိုရင်း ကုရှီ ဆီက ရူပ်ထွေးသည့်အကြည့် ကို သတိထားမိသည်။အဖိုးကု သူတို့နဲ့မိတ်ဆက်ပေးဖို့ မေ့နေတယ်လို့တွေးမိသည်။အန်တီမိန် သည် လျှောက်လာရင်း သူတို့နှစ်ယောက်နဲ့မိတ်ဆက်ပေးသည်။" ဒါက ကုမိသားစုရဲ့တတိယသား။ရှီရှီရဲ့တတိယဦးလေး။ဒါက သူ့သမီး။ရှီရှီ ထက် ၁ နှစ်ကြီးတယ်။"

အန်တီမိန် ပြောတဲ့စကား က ကုရှီ ကို ပိုလို့တောင်စိတ်ရူပ်သွားစေသည်။

ကုရှောင်းသည် မိသားစုထဲ၌ ဒုတိယသားဖြစ်ပြီး၊ဦးလေးငယ်(ကုရွမ်) သည်စတုတ္ထသားဖြစ်တယ်။သူတို့နှစ်ယောက် အသက် ၂ နှစ်ပဲ ကွာသည်။ဒါဆို တတိယနဲ့ကျဘယ်နှစ်နှစ် ကွာကြလဲ?

ကုရှီက ထိုအဖြစ်စဥ်ကို ရှည်ရှည်ဝေးဝေးတွေးနေစဥ် အဖိုးကုရှေ့သို့ ခြေ ၂ လှမ်းလှမ်းပြီးနောက် သူ့မြေးမအနောက်မှာ ပါမလာတာသတိပြုမိပြီး ကုရှီ ဆီ လှည့်ကာ ‌ပြောသည်။"လာ ...ရှီရှီ အဘိုးနဲ့ထမင်းလာစား "

အဖိုးကုရဲ့လေသံ ကုရှီနဲ့စကားပြောချိန် သဘာဝကျစွာနူးညံ့သည်။သူမသည် အဖိုးကုကို ကြည့်တိုင်း ပိုလို့တောင် ချစ်ဖို့ကောင်းလာသည်။

"ဟုတ်" ကုရှီ အလျင်အမြန် အဖိုးကု အနား နီးကပ်လာသည်။

ကုရှောင်း သူတို့ဆီ လျှောက်လာတယ်။ထိုအချိန် သူ့သမီးက သူ့အနား မသိမသာ တိုးလာသည်။သူ့သမီးကို ငုံ့ကြည့်၍တွေးမိသည်။_'ကောင်းတယ်။ကုအိမ်တော် ရောက်တာတာတောင် မှ သူ့သမီး သူ့ ကို မမေ့ဘူး။'

ထမင်းစားခန်းထဲသို့ အဖွဲ့လိုက်ဝင်လာသည်။

ကုအိမ်တော်ရဲ့ထမင်းစားခန်းသည် အခြားအခန်းများလိုအလွန်ကျယ်ဝန်းသည်။

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now