Ch-24 :"ရူဖေး သတင်းကောင်းသယ်လာတယ် - 3 "

1.2K 156 0
                                    

Ch-24 :"ရူဖေး သတင်းကောင်းသယ်လာတယ် - 3 "

လင်းရှီကပစ္စည်းများသိမ်းနေချိန် ရူဖေးက ဆက်ပြောပြသည်။" ဘော့စ်ပြန်လာပြီ။နေ့လည် ပြန်ရောက်မှာ"

"တကယ်လား?!" လင်းရှီသည် တခဏရပ်တန့်သွားကာ သူမ၏မျက်လုံးထဲ ပျော်ရွှင်မှုအနည်းငယ်ရှိနေသည်။

(၂) ရက် (၃) ရက်လို့ ပြောတယ်မလား။၂ရက်ပဲရှိသေးတယ်မလား?

"ဟုတ်တယ် တကယ်။ဟိုကကိစ္စ ပြီးတာနဲ့City B ကိုပြန်လာဖို့ဆုံးဖြတ်လိုက်တာ"

နောက်ဆုံးပွဲ၏ဖိုရမ် ဒီမနက်ပိုင်း ပြီးသွားခဲ့သည်။

ပွဲစီစဥ်သူက ကုရှောင်း ကို ဧည့်သည်တော်အဖြစ် ဖိတ်ကြားပြီး ပိတ်ပွဲအခမ်းအနားတစ်ခုရှိသေးသည်။

ကုရှောင်းသည် သူ့မှာ တခြားအရာတွေရှိသည်ဟု ငြင်းဆို၍City N ကနေ စောစောထွက်လာခဲ့သည်။

ကုရှောင်းက ရူဖေး ကို ဖုန်းလှမ်းခေါ်ခဲ့သည်။

"ဘော့စ် "

"DNA စစ်ဖို့သွားစီစဥ်"ကုရှောင်း မှ တိုတိုတုတ်တုတ်ပြောခဲ့သည်။

ဒါကိုကြားတော့ ရူဖေးသည် အနည်းငယ်အံ့ဩသွားပေမဲ့ အလျင်အမြန်စိတ်ပြန်လည်လာခဲ့သလိုရင်ထဲ အနည်းငယ်စိတ်လှုပ်ရှားနေသည်။ဘော့စ် ကို သူ ကုရှီနဲ့ဘော့စ်က တူတယ်ဟု ပြောခဲ့တာလို့များ DNA စစ်ဖို့ ဆုံးဖြတ်ခဲ့တာလား?

" အစည်းအဝေးပြီးပြီလား ဘော့စ် "

"အင်း"

"ဘယ်အချိန်ပြန်လာမှာလဲ?"ရူဖေး သည်လင်းရှီ ကို သတင်းကောင်းပြောဖို့ လိုသည်ဟု ခံစားလိုက်ရသည်။

"ဒီနေ့ နေ့လည်။"

"ဟုတ်ကဲ့။DNA အတွက်ချက်ချင်းစီစဥ်လိုက်ပါမယ်။"‌ရူဖေးမှာ ကုရှောင်းထက် ပိုစိတ်လှုပ်ရှားနေ၏။

ထိုသို့ပြောပြီး ရူဖေးက ဖုန်းမချသေးပေ။သူ့ဘော့စ် တစ်ခုခုပြောလေမလားဟုစောင့်ဆိုင်းနေ၏။

သူ သည်နောက်ဆုံး မစောင့်နိုင်တော့ပဲ ထုတ်မေးလိုက်သည်။"ဘော့စ်တစ်ခုခုသိချင်တာရှိလား?"

လင်းရှီကအရင် ရက်တွေက ဘာတွေလုပ်သလဲ?ပျော့ညံသူလား?ဘယ်လိုနေထိုင်ခဲ့သလဲ?

ငါ့အဖေကိုသွားရှာဖို့ဆုံးဖြတ်လိုက်ပြီ။Where stories live. Discover now