Chapter : 42

4.6K 405 3
                                    

Zawgyi

အခန်း ၄၂- မျက်နှာနှစ်ခုရှိတဲ့B*tchရဲ့လုပ်ကြံပြောဆိုမှု

စုန့်ဝေရဲ့တုံ့ပြန်မှုကို စောင့်မနေဘဲ လျန်ရှုယင်သည် အံဆွဲထဲမှ သေတ္တာတစ်ခုကို ထုတ်ပြီး စုန့်ဝေအား ပေးလိုက်သည်။ "ရှောင်ချောင်က ဒီနမူနာကို လက်လွတ်စပယ်မသုံးခဲ့ပါဘူး။ မားကတ်တင်းအစီအစဉ်ကို သူမတကယ်မစဉ်းစားနိုင်တော့ ကျွန်မနမူနာတစ်ခုရောင်းနိုင်တာကို သူမြင်တော့ ဒါကိုလည်း ရောင်းပေးဖို့ တောင်းဆိုတယ်..."

စုန့်ဝေလှည့်ပြီး လျန်ရှုယင်ကို တစ်ချက်ကြည့်လိုက်ပြီး သူမ၏အကြည့်က ခဏတာ ဖြတ်သွားရုံလေးဖြစ်သည်။

သူမ လျန်ရှုယင်ကို လျှော့တွက်ခဲ့သည်။ သူမသည် အမှန်တကယ်ပင် ထွက်လာပြီး သူမရဲ့အကြွေးကို တောင်းခံကာ မပြုပြင်ရသေးတဲ့နမူနာတွေကို သူမ(စုန့်ဝေ)လက်ထဲသို့ ပြန်ထည့်ပေးပြီး အခြေနေကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။

သို့သော် စုန့်ဝေသည် ယခုအချိန်တွင် သူမ(ရှုယင်)ပြောဆိုချက်များကို ချေပရန် ကောင်းသောအနေအထားမဟုတ်ပေ။ သူမနာမည်ကို သံသယဖြစ်ခြင်းမှ ကာကွယ်ရန် ယန်စီနီကို ကုမ္ပဏီအကောင့်သို့ ငွေတိုက်ရိုက်လွှဲပေးရန် တောင်းဆိုခဲ့ပြီး ယန်စီနီသည် လူသိရှင်ကြားကူညီနေချိန်၌ သူမနာမည်ကို ထုတ်ဖော်မပြောမိစေရန် ယန်စီနီအား တောင်းဆိုခဲ့သည်။

လျန်ရှုယင်က ဒီလိုဝင်ရောက်စွက်ဖက်ရန် ရဲရင့်လိမ့်မည်ဟု သူမမျှော်လင့်ထားပေ။

လျိုလီရှ စုန့်ဝေကို မျက်မှောင်ကြုတ်ကာ လှည့်ကြည့်လိုက်ပြီး "စုန့်ရှောင်ချောင် မင်းကိုယ်တိုင် လောင်းကြေးထပ်ထားတာကို မလုပ်နိုင်ခဲ့ရင် မင်းငါ့ကို ရှုံးသွားတယ်လို့ ဝန်ခံနိုင်တယ်။ သို့သော် မင်းက အခြားသူပေါ် မင်းရဲ့မျှော်လင့်ချက်တွေကို တွယ်ကပ်ချင်သေးတာလား။ မင်းက တကယ်ကို ဘာမှ မလုပ်တတ်တဲ့သူပဲ။ အဲဒီတုန်းက မင်းက ဒါကို ကိုင်တွယ်ရာမှာ သေချာပေါက် ယုံကြည်မှုရှိတယ်လို့တောင် ငါထင်ခဲ့တာ"

လျန်ရှုယင်သည် စကားပြောတာကို အလျင်အမြန်ပြောလိုက်သည်။ "အစ်မလီရှ ရှောင်ချောင်က ဒါကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ဘူးလို့ ထင်တယ်။ သူမက လူသစ်တစ်ယောက်သာဖြစ်ပြီး အဆက်အသွယ်လည်း မရှိဖူး။ သူမ အရင်က သူ့အရည်အချင်းကို မှားတွက်မိပြီး အလောင်းအစားမပြီးတော့မှာကို စိုးရိမ်နေတာ..."

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Where stories live. Discover now