Chapter : 81

4.4K 420 4
                                    

Zawgyi

အခန်း ၈၁ - ကိုယ့်စီပြန်လာပါ

တန်မင်းယန်သည် ဘာပြောရမှန်းမသိ ဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် ရန်ကျိရှင်းသည် နောက်ဆုံးတွင် သူ့အတွက် လွှဲပြောင်းရယူခဲ့သည်။

"အနောက်တိုင်းရဲ့ဒီဇိုင်းအယူအဆတွေနဲ့ အရှေ့တိုင်းက ရွှေနဲ့ ကျောက်စိမ်း ပေါင်းစပ်မှုပါ။ ရွှေနှင့်ကျောက်စိမ်း၏ရိုးရှင်းမှု မပျက်စေရန် ရိုးရှင်းသော အစင်းကြောင်းပုံစံကို အသုံးပြု၍ ရိုးရာနှင့် ခေတ်မီပုံစံများကို ပြီးပြည့်စုံစွာ ရောစပ်ထားတာပါ။ ခေတ်စားနေတဲ့ vintageနောက်ကို လိုက်နေရုံသာမက classicalအနုစိတ်မွမ်းမံမှုကလည်း ရေရှည်မှာ မျက်စိကျစေမှာပါ"

ရန်ကျိရှင်းသည် ဒီနှစ်တွေတစ်လျှောက်လုံး စုန့်ဝေ၏လွှမ်းမိုးမှုကို ခံခဲ့ရသည်။ ထို့ကြောင့် ရှင်းပြဖို့စကားအချို့ကိုလည်း သူထည့်ပြောနိုင်သည်။

သို့သော် ဖန်တီးသူ၏ရှေ့တွင် ပေါ့တန်တန်ဖြစ်လွန်းသည်။

စုန့်ဝေက ပြုံးတော့ အန္တရာယ် အရိပ်အမြွက် ပေါ်လာသည်။

"ဒီ ဒီဇိုင်းမှာ ဆိုးရွားတဲ့ ပြဿနာတစ်ခုရှိတယ်။ စက်ဝိုင်း၏အလယ်ဗဟိုက ကျောက်စိမ်းက အရမ်းထင်ရှားပြီး စွဲမက်ဖွယ်ကောင်းသော်လည်း ရိုးရှင်းတဲ့ပုံနဲ့ မွမ်းမံထားသောဘောင်သည် အဲ့ဒါနဲ့လုံးဝမကိုက်ညီဖူး။ အရမ်းဈေးပေါပုံရတယ်။"

ရန်ကျိရှင်းသည် ဒီစကားကိုကြားသောအခါတွင် သူသည် ရယ်မောနေသော အပြုံးကို ထုတ်ဖော်လိုက်ရာ သူ့ပါးစပ်ထောင့် အနည်းငယ် ကွေးတက်သွားသည်။ "မဒမ်ကျန်း ဆက်ပြောပါ။ မဒမ်ထံမှ အကျုံးဝင်ပြီး လက်တွေ့ကျသော အကြံဉာဏ်များကို ကျွန်တော်တို့ အထူးလိုအပ်နေတာပါ"

ရန်ကျိရှင်းကဲ့သို့သော မြေခွေးတစ်ကောင်သည် အမြဲတမ်း ရေငုံနှုတ်ပိတ်နေသည်။

သူ့လက်အောက်ငယ်သားများသည် ကြောင်ပြီး ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူကတော့ တုန်လှုပ်ခြင်းမရှိပေ။

ကံကောင်းစွာနဲ့ပဲ စုန့်ဝေဟာ သူ့ရဲ့ဇာတိရုပ်ကို ဟိုးအရင်ကတည်းက သိပြီးသား။ သူမသည် သူ့ထက် ပို၍ပင် ပြုံးနေမိသည်။ "လူတွေကို အကြံဉာဏ်ပေးရုံထက် ပိုပေးနိုင်တယ်"

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Where stories live. Discover now