Chapter : 48

5.1K 483 12
                                    

Zawgyi

အခန်း ၄၈-အရက်မူး၍ဖြစ်သောS*x(၁)

"..."

"ဘယ်သူမှ ကျွန်မကို ရိုးရိုးသားသား မဆက်ဆံဘူး။ ဘယ်သူမှ..." သူမ ငိုနေပြီ။ နာကျင်စရာတစ်ခုခုကို တွေးထားသလိုမျိုး သူမရဲ့မျက်ခုံးမွှေးတွေကို တင်းတင်းကျပ်ကျပ် တွန့်ထားသည်။

အရက်သည် မှော်ဆန်သည်—၎င်းသည် လူတစ်ဦး၏နှလုံးသားအတွင်းမှ နက်ရှိုင်းသောနာကျင်မှုကို ဆွဲထုတ်နိုင်သည်။ ခက်ထန်ပြီး ရဲရင့်သော အသွင်ဆောင်မှုအားလုံးသည် အဲ့အချိန်တွင် ပြိုကျလိမ့်မည်။

မြင်ကွင်းများစွာက သူမစိတ်ထဲ ပေါ်လာသည်။ စုန့်ချီတယ်...ရန်ကျိရှင်း... လင်းရွှမ်းရွှမ်း...

သူမထင်တဲ့လူတိုင်းက လူယုံတွေဖြစ်ပြီး သူမကို အန္တရာယ်ပြုချင်ကြတယ်။ သူမသည် သူမ၏လက်စားချေမှုကို စတင်လုပ်ဆောင်နေပြီဖြစ်သော်လည်း သူမ၏နှလုံးသားထဲတွင် အချည်းနှီးသောခံစားချက်များက သူမအား အချို့သောအခိုက်အတန့်များတွင် နှိပ်စက်နေဆဲဖြစ်သည်။

သူ့ရှေ့မှာ ဒီလောက် ပျော့ညံ့အားနည်းတာမျိုး တစ်ခါမှ မဖြစ်ဖူးဘူး။

ကျန်းမင်ရှု၏မျက်နှာသည် တည်ကြည်လေးနက်နေပြီး သူမမျက်လုံးထောင့်မှ မျက်ရည်များကိုသုတ်ရန် လက်လှမ်းလိုက်သည်။

သူမသည် သူမပတ်ဝန်းကျင်တွင် ရက်စက်ကြမ်းကြုတ်သော တိရစ္ဆာန်များနှင့် ဝံပုလွေများ ရှိနေသောကြောင့် အခြားသူများရှေ့တွင် သူမ၏အားနည်းချက်ကို တစ်ခါမျှ မပြခဲ့ဖူးပေ။

စုန့်ဝေ၏အရက်ခံနိုင်ရည်က မကောင်းလှပေ။ မူးလာသောအခါ သူမ၏ စိတ်ခံစားမှုများ ပျက်ပြားသွားရုံသာမက ဆူညံပွက်လောရိုက်ကာ မငြိမ်မသက် လှုပ်ရှားလာတတ်သည်။ သူမသည် သတိပေးခြင်းမရှိဘဲ တစ်ခုခုကို စည်းမဲ့ကမ်းမဲ့ လုပ်မိနေပေလိမ့်မည်။

ကျန်းမင်ရှုက သူမကို အခန်းထဲသယ်လာပြီး ကုတင်ပေါ်တင်လိုက်ပြီးနောက် သူမ ရုတ်တရတ် လက်ဆန့်ပြီး သူ့လည်ပင်းကို သိုင်းဖက်လိုက်သည်။ "အချောလေး မင်းက အရမ်းကြည့်ကောင်းတာပဲ"

ကျန်းမင်ရှု၏အမူအရာ အေးခဲသွားသည်။ သူက လက်ထုတ်ပြီး သူ့လက်သည်းတွေကို ဖယ်လိုက်တယ်။ "မင်း မူးနေတယ်။"

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Where stories live. Discover now