Chapter : 102

4.7K 366 10
                                    

Zawgyi

အခန်း ၁၀၂- ကောင်းကင်ဘုံပွဲကို ဖြိုဖျက်ခြင်း

စုန့်ဝေသည် ဒီတစ်ကြိမ်တွင် သူမ လွတ်မြောက်နိုင်တော့မည်မဟုတ်ဟု တွေးထင်ခဲ့သည်။ မထင်မှတ်ပဲ နောက်တစက္ကန့်မှာ အခန်းတံခါးက အပြင်ဘက်ကနေ ပွင့်သွားတယ်။

ကာမရာဂစိတ်ပြင်းထန်သောလူက သူ့လှုပ်ရှားမှု ထပ်မအောင်မြင်တော့ဘဲ ဒေါသတွေ တိုးလာတယ်။ "ငါ့ကို နောက်တစ်ခါ နှောင့်ယှက်တဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ငါသတ်မယ်!"

သူရလိုက်တဲ့ တစ်ခုတည်းသော တုံ့ပြန်မှုက အေးစက်စက် သေနတ်သံပါ။ ကျည်ဆန်က သူ့ဘယ်ဘက်ပခုံးကို တည့်တည့်ထိသွားကာ အကျိုးသက်ရောက်မှုက သူ မြေပြင်ပေါ်သို့ ပစ်လဲသွားသည်။

တခဏချင်းမှာပဲ အခန်းတစ်ခုလုံး ဝမ်းနည်းပူဆွေးစွာ အော်သံက ပဲ့တင်ထပ်သွားတယ်။ ထိုလူသည် လူးလှိမ့်နေပြီး သွေးများ မြေပြင်ပေါ်တွင် စီးကျနေသည်။

စုန့်ဝေသည် မျက်ခွံများကို အတင်းဖွင့်ကာ တံခါးဆီသို့ လှမ်းကြည့်သည်။

ကျန်းမင်ရှုသည် တံခါးရှေ့တွင် ရပ်နေပြီး သူ့လက်ထဲတွင် သဲကန္တာရလင်းယုန်၏သေနတ်ပြောင်းဝမှ မီးခိုးဖြူများ ထွက်နေသေးသည်။

ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်ရှိ လူသတ်ချင်တဲ့ရောင်ဝါများသည် ပုံမှန်အသွင်သဏ္ဍာန်ကို ရရှိလာပုံရသည်။ သူ၏အေးခဲသောအကြည့်သည် နောက်စက္ကန့်တွင် သဲလွန်စမရှိဘဲ ပျက်ပြားသွားပုံရသည်။

ဒီအတောအတွင်း အခြားသူများကို လက်ဖဝါးပေါ်တင် ကစားရင်း အမြဲတမ်း မာနကြီးသူ ကျိုးဟွေ့ချန်းသည် သူ့ဘေးမှ လိုက်လာကာ မည်းမှောင်သော မျက်နှာကို ဆောင်ထားသည်။ သူမ ရှုံးနိမ့်သွားပုံရသည်။

သူမ မွေးကတည်းက ဒီလိုအရှက်တရားမျိုး တစ်ခါမှ မကြုံဖူးဘူး။

ကျန်းမင်ရှုက တကယ်ကို ရက်စက်တဲ့လူ။ သူမကို ညှိနှိုင်းဖို့ လုံးဝ မပေးပေ။ အခန်းထဲသို့ဝင်လာပြီးနောက် သူမခေါင်းကို သေနတ်ဖြင့် တိုက်ရိုက်ချိန်လိုက်ပြီး "စုန့်ရှောင်ချောင် ဘယ်မှာလဲ"

ထိုအချိန်တွင် ကျန်းမင်ရှုသည် သေချာပေါက် ကြင်နာတတ်သူမဟုတ်ကြောင်း သူမ ခံစားမိခဲ့သည်။ သူရူးသွားရင်တောင် သူသည် သူမထက် ပိုကောင်းလိမ့်မည် မဟုတ်ပေ။

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Where stories live. Discover now