Chapter : 69

4.4K 412 6
                                    

Zawgyi

အခန်း ၆၉- ရှာလကာရည်အိုး ပြုတ်ကျသွားပြီ

မိန်းကလေးများ၏ပွက်လောရိုက်သံနှင့် စီခနဲအော်သံများ ရောထွေးနေသည်။ ခဏလောက်တော့ နဂိုက တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာဟာ အသက်ဝင်လာတယ်။

တိုက်ဆိုင်စွာပင် ကျင်းဝမ်ရှီသည် ဤအခိုက်အတန့်တွင် သူမကို ရှာဖွေနေပါသည်။

သူဘာတွေဖြစ်နေတာလဲလို့ မမေးခင် ရှောင်ကျင်းက သူ့ဆီ အရင်တိုင်ကြားဖို့ အခွင့်အရေးကို ရယူလိုက်ပြီး "အစ်ကိုဝမ်ရှီ အစ်ကို့ရဲ့လက်ထောက်က ဘာဖြစ်နေတာလဲ။ သူမ တကယ်ကို တစ်စုံတစ်ယောက်ကို ရိုက်လိုက်တာ။ ကျွန်မလက်ကိုကြည့်ပါဦး သူမကကြမ်းလွန်းလို့ ကျွန်မအရေခွံလန်သွားပြီ..."

သူမသည် ကျင်းဝမ်ရှီ၏စိုးရိမ်မှုကို ခံရမည်ဟု သူမထင်ခဲ့သော်လည်း ကျင်းဝမ်ရှီသည် စုန့်ဝေဆီသို့ အပြေးအလွှားသွားမည်ဟု မမျှော်လင့်ခဲ့ပေ။ "ငါ့အမျိုးသားဇာတ်ဆောင်ရဲ့နဂါးဝတ်ရုံက အဆင်ပြေရဲ့လား!"

စုန့်ဝေက တရားခံကို တစ်ချက်ကြည့်လိုက်ပြီး "သူမက ဖျော်ရည်ကို ပက်လိုက်တာ ဒါပေမယ့် ပြဿနာကြီးတော့ မဟုတ်ပါဘူး"

ကျင်းဝမ်ရှီသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ "ကံကောင်းနေလို့ တော်သေးတာပေါ့။ ဒါက ငါ အမျိုးသားဇာတ်ဆောင်ဖြစ်ရတာ ပထမဆုံးအကြိမ်ပါ။ ငါ့အဝတ်အစားတွေ ပျက်စီးသွားရင် မကောင်းဘူး။"

ထိုမိန်းကလေးများသည် သူတို့မြင်နေရသော အရာကို ထိတ်လန့်သွားကြသည်။

ကျင်းဝမ်ရှီသည် 'အမျိုးသားဇာတ်ဆောင်(male lead)' ဟူသော စကားလုံးနှစ်လုံးကို ထုတ်ပြောပြီး သူ့ခန္ဓာကိုယ်တွင် ကပ်ထားရန် အမှန်တကယ် ဆန္ဒရှိခဲ့သည်။

စုန့်ဝေသည် တစ်ချိန်တည်းမှာပင် ဒေါသထွက်သော်လည်း ရယ်လိုက်သည်။ "မင်းက အစားထိုးပဲကို။ ကြွားနေတာ ရပ်လိုက်။"

"အကောင်းဆုံးခေါင်းဆောင်မင်းသမီးနဲ့ သရုပ်ဆောင်ရမှာလေ။ ဘာလို့ မကြွားရတာလဲ" ဒီအချက်ကို ပြောနေရင်း ကျင်းဝမ်ရှီသည် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။ သူက စုန့်ဝေကို လှည့်ကြည့်လိုက်သည်။ "လူတစ်ယောက်က မင်းကို အခုပဲ ဖုန်းခေါ်တယ်။"

လက်စားချေပြီး အရင်ယောက်ျား ပြန်ချစ်လာအောင်လုပ်မယ် (MM Translation)Where stories live. Discover now