အပိုင်း ၄ Z

21 2 0
                                    

Demon'love
အပိုင်း 4
လက်ခံတယ်

နောက်တစ်ခုက လက်မချင်ပေမဲ့လည်းလက်ခံကရမယ်အကြောင်းကတော့ သူတို့တိုင်းပြည်က  မိစ္ဆာတွေကို စစ်ရုံးနေတာဆိုတာဘဲ တကယ်လို့မိစ္ဆာ လက်ထဲရောက်သွားရင် သူတင်မကဘူးသူ့ရဲ့ ချစ်လှစွာသော် ပြည်သူတွေပါ မိစ္ဆာတွေရဲ့စိတ်ကြိုက် ကစားခြင်းကို ခံစားရမှာဖြစ်တယ်။ ဒါကြောင့် သူလက်မခံချင်ပေမဲ့ လက်ခံရမှာဖြစ်တယ်။သူတို့ ကျွန်းဟာလိင်တူဆက်ဆံရေးကို မကန့်ကွက်သည့်အပြင် ကျားသာဦးဆောင်တဲ့သူ မိန်းမသာဦးဆောင်သူဆိုပြီးမရှိခဲ့ဘူး အဏည်အချင်းရှိသူသာတက်ရောက်နိုင်တယ်။

ဘုရင်လေးဟာငယ်ငယ်ကတည်းကလက်ထပ်ချင်းအမှုကိုဘေးဖယ် ပြီး ထီးနန်းအတွက် ကြိုးသားခဲ့ရတာရယ် ။ အခုနန်းတက်ပြန်တော့လည်း မိစ္ဆာတွေနဲ့ နစ်ပါးကရတာနဲ့ သူ့ရဲ့ထီးနန်းမှာ မိဖုရားရာထူးလစ်ဟာနေခဲ့တယ်။ မိဖုရားရာထူးတင်မကဘူး သူ့ရဲ့ အနောက်ဆောင် မှာ ပင်ကူအိမ်လိုဖြစ်နေလောက်အောင်ဘဲ သူမှာကိုယ်လုပ်တော်တွေ ကြင်ယာတော်တွေတောင်မရှိခဲ့ ဘူး။

သူအကျပ်ရိုက်နေတယ်။ တစ်ဖက်က သူရဲ့ တိုင်းပြည် ပြည်သူတွေ တစ်ဖက်က သူ့ရဲ့ မာန ပြိုင်ပြီးနွံဆွဲနေတယ်။ ဒါပေမဲ့ ဘုရင်ကောင်းပီသတဲ့ ထိုလူလေးကတော့ သူရဲ့ တိုင်းပြည်က ပြည်သူတွေပေါ်ထားတဲ့ မေတ္တာကသာအနိုင်ရခဲ့တယ်။ သူ့အနေနဲ့ထိုမိစ္ဆာကိုယူရတာလိင်တူဖြစ်တဲ့အတွက် မိစ္ဆာရှိကနေ အမွေဆက်ခံသူမရှိနိုင်တဲ့အတွက် နစ်နာရင်သူသာနစ်နာမယ်ဆိုပြီး လက်ခံခဲ့တယ်။

ဘုရင်လေး။ "ကောင်းပြီး လက်ခံမယ်။ မင့်က ငါ့ကိုယ်တော်ရဲ့ မိဖုရားဖြစ်နေပေးရမယ်။ ဒါပေမဲ့ ငါ့ကိုယ်တော်ရဲ့ ပြည်သူတွေကို ကာကွယ်ပေးရမယ်။"

မိစ္ဆာလေး။ "ကိုယ် က ကတိတည်ပါတယ်။ "ဆိုပြီးသူရဲ့အသံဟာအနိုင်ရသူရဲ့လေသံဖြစ်နေပြီးနောက်တော့ မိစ္ဆာလေးဟာသူ့ရဲ့ လက်တစ်ဖက်ကို ရှေ့ထုတ်ပြီး "အရှင် လာခဲ့ပါ ကိုယ်ရဲ့လက်ကိုတွဲ ပြီး အရှင်ရဲ့ ခင်ပွန်း တစ်ဖြစ်လဲ မိဖုရားလေးဟာ ကတိတည်သူဖြစ်ကြောင်း သက်သေပြပါ့မယ်"ဆိုတဲ့ စကားအဆုံးမှာ ဘုရင်လေးဟာသူ့ရဲ့ မာနကို ခဝါချပြီး ထို အဝတ်နီနဲ့အမျိုးသားဆီကိုလျောက်လာပြီး ထိုလှမ်းထားတဲ့လက်ကို ကြည့်လိုက်တယ် ။ ထိုလက်ဟာ ဖြူဖွေးနေပြီး ယောက်ျားပီသနေတယ်။ ထို့ပြင် လက်ချောင်းတွေရဲ့ ထိပ်က ရှည်လျားပြီး မဲနက်နေတဲ့ လက်သည်းတွေဟာ ထိုယောက်ျားပီသ လက်ကနေ ကြောက်မက် ဖွယ်အတိပြောင်းလဲခဲ့တယ်။

လှမ်းလာတဲ့ လက်ကို ဘုရင်လေးကိုင်လိုက်ချင်းချင်းဘဲ ထိုဘုရင်လေးရဲ့လက်ကို တယုတယဆုတ်ကိုင်ပြီး အစည်းဝေးခန်းမရဲ့အပြင်တံခါးပေါက်ဝဆီကိုထွကိလာခဲ့တယ်။
ထွက်လာပြီးပြီးချင် ထိုမိစ္ဆာလေးဟာ ဘုရင်လေးကို ပွေ့ချီပြီး ချက်ချင်းဆိုသလိုကောင်းကင်ဘက်သို့  ခုန်ထွက်သွားခဲ့တယ်။ သူ့ရဲ့ ခုန်တဲ့အရှိန်ဝါပြင်းလွန်းသဖြင့် ခုန်ဖို့စတင်အားပြုတဲ့ ခြေထောက်နေရာမှာ (နန်းတော် မြေပြင်)မှာ ခြေရာကျန်ခဲ့တဲ့အထိဘဲ ။ နောက်ပြီး မိုးပေါ်ကိုရောက်သွားတဲ့အချိန်ဝါလည်းသိပ်မကြာသလို ခုန်တဲ့ပြင်းအားကြောက့် ဘေးနားမှာ လေကဝှီးခနဲ့ဆိုပြီး လေကြမ်းတိုက်ခိုက်လို့သွားတော့တယ်။

ဒါပေမဲ့ ထိုသို့သာအားပြင်းတာ မိစ္ဆာလေးဝတ်ထားထဲ သတို့သမီးတွေအတွကိ ခေါင်းဆောင်းလေးဟာတော့ မပြုတ်ကျဘဲရှိနေလေတယ်လေ။ကောင်းကင်ရဲ့ အတော်အတင့်ရှိသော်အမြင့ကိုရောက်တဲ့အခါ မိစ္ဆာလေးရဲ့ ခုန်အားကကုန်သွားပြီး ညင်းသာစွာပျံဝဲ ပြီးကျတော့မဲ့အချိန် မိစ္ဆာလေးဟာမရှိတဲ့ လေဝါနယ်ထဲက လေထုကိုအမှီသဟဲပြုပြီး ရှေ့တည့်တည့်ကို အရှန်နဲ့ ခုန်ပျံသွားခဲ့တယ်။ သူ့ရဲ့အမြန်ကြောင့် အမွေးတိုင်တစ်တိုင် မကုန်ခင်အချိန်လောက်ဘဲ ကြာကြာ ယူလိုက်တယ်။ မိစ္ဆာတပ်တွေ တိုက်မဲ့ နေ့ပြည့်တော်ရဲ့ မြို့ရိုးကိုရောက်လာတော့တယ်။

မိစ္ဆာတွေဟာ သူ့တို့ရဲ့သဏ္ဌာန်နဲ့ သူတို့ ကြောက်ခမန်းလီလီ ရှိကြပြီး မြို့ရိုးအပြင်မှာ ခေါင်းတောင်ရဲ့ အမိန်ကို စောင့်ကာ လူသားတွေကို နိပ်စက်ဖို့ တားဆူနေလေတဲ့လေ ။ နောက်ပြီး မာန်ပါတဲ့ မိန်ကလေးအသံကနေ "စစ်သည်တို့....တိုက်ကြ"ဆိုတဲ့ ခေါင်ဆောင်ရဲ့ အမိန်ရတာနဲ့ ချက်ချင်းဆိုသလို မိစ္တာတွေဟာလည်း သူတို့ရဲ့ ရဲရင်ကြောင်းပြကာ "ကျား,..."ဟူသော် အသံကို အသံကုန်ဟစ်ပြီးတိုက်ပွဲ ဝင်ပါတယ်။ သူတို့ဟာအရိုန်မြင့်ကာပြေးပြီ မြို့ရိုးတံခါးကိုဝင်တိုက်ဖို့ လုပ်ကြပါတယ်။ တစ်ခ်ျု့မိစ္ဆာတွေဟာအားကောင်း မေယင်းသန်တွေဖြစ်ကြ ပြီး ထိုလူတွေကို ဘီလူးမိစ္ဆာလို့ခေါ်ကြတယ်။ တင်းပုတ်ကိုကိုင်ဆောင်ကြတယ်။ ထိုတင်းပုတ်နဲ့ လွဲကာ မြို့တံခါးကိုဖျက်ဖို့အတွက် ပစ်ပေါက်လိုက်တဲ့အချိန်မှာ ရုတ်တရက်ဆိုသလို အတားအဆီးလို့ခေါ်လို့ရတဲ့ လေဝါနယ်တံတိုင်းကြီးထွက်ပေါ်လာတယ်။



Default Title - မိစ္ဆာလေးရဲ့ အချစ်တော်Where stories live. Discover now