အပိုင်း9 u&z

27 2 0
                                    

အပိုင်း9
လက်ထပ်ပွဲ မတိုင်ခင်

ထိုထွက်သွားတဲ့ တပ်မှုးပြောခဲ့တဲ့ စကားထဲက သခင်မလေးကိုးဆိုတာ သူတို့ဘုရင်မလေးကိုပြောတာ ဆိုတာသတိထားမိတယ်။ စစ်သားတွေအကုန်ဒေါသထွက်နေခဲ့တယ်။ ဒါပေမဲ့ သူတို့ဟာ အရှုံးသမားဖြစ်တဲ့အတွက် မာန်လျော့ရုံသာတက်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ထိုဝတ်ရုံနီနဲ့ မိစ္ဆာကို ဒေါသမျက်လုံးနဲ့ ကြည့်လိုက်မိတယ်။ (မိစ္ဆာတွေကိုမုန်းတယ် ။ သူတို့ကြောင့်ငါ့တို့ရဲ့ သာယာနေတဲ့ ဘဝလေးဟာငရဲဖြစ်စေတာ မကောင်းဆိုးဝါးတွေ ​သေသင့်တယ်)အစရှိသဖြင့်သူတို့ရဲ့ရင်ထဲကရန်ညိုဟာတိုးပွားလို့နေတယ်။

နောက်ပြီးရန်ညိုးတိုးပွားလာတာနဲ့အတူသူတို့ရဲ့ အနစ်နာခံခဲ့တဲ့ ဘုရင်လေးကိုလည်း သူတို့ရဲ့သစ္စာတရားဟာပိုလိုခိုင်မြဲစေတယ်။ ဘယ်လို အခြေအနေဘဲ ဖြစ်ဖြစိယောက်ျားတစ်ယောက်က ယောက်ျားတစ်ယောက်နဲ့လက်ထပ်ဖို့ ဖိအားပေးခံရတာဟာသူတို့အဖို့ ရင်နင့်ဖို့ကောင်းအောင်နာကျင်နေခဲ့တယ်။ သူတို့ရဲ့ဘုရင်ရဲ့နေရာဟာဘယ်အပိုင်းဘဖြစ်နေပါစေ ။ သူတိုအရှင် ဟာဖိအားပေးခံရတာကိုတွေးကြည့်ယုံနဲ့တင် အူးထဲအသဲထဲကိုနာကျင်ရတယ်။
*************************
တပ်စွဲထားတဲ့နေရာရဲ့ တဲတစ်ခုထဲမှာ စစ်သူကြီး ၊ စစ်ဗျူဟာမှုး၊ စသည့်စစ်ဘက်ဆိုင်ရာ အကြီးအကဲရယ် ဘုရင်လေးရယ် သခင်လေးကိုးရယ် အထဲမှာရှိနေတယ်။ တစ်ယောက်မှစကားမပြောဘဲတိတ်ဆိတ်လို့နေတယ်။  သေချာပေါ်သခင်လေးကိုးကတော့ ဘုရင်လေးရဲ့ လက်ကို ကိုင်ထားဖို့ကမမေ့ပါဘူး။

ထိုကိုင်ထားတဲ့လက်ကိုဘုရင်လေးဟယစတင်ဖြုတ်လိုက်ပြီး "အပြင်မှာတစ်ယောက်ယောက်ရှိလား...."ခေါ်လိုက်တဲ့ အသံဟာတိတ်ဆိတ်မှုကို ဖြိုခွင်းလို့နေတယ်။ သိပ်မကြာခင်မှာဘဲအပြင်ကနေစစ်သားတစ်ယောက်ဝင်လို့ရောက်လာလေတယ်။

ဘုရင်လေး။ "သူ ကိုနားဖို့ ခေါ်သွားလိုက် "

ထိုအမိန့်စကားအပြီးမှာစစ်သားဘေးဟာဦးညွန့်ပြီး"လူကြီးမင်း ဒိဘက်ကြွပါ"

သခင်လေးကိုးလည်းအပြင်ထွက်သွားရော် စစ်တပ်ပိုင်းကအကြီးအကဲတွေဟာ ချက်ချင်းဆိုသလို ထိုင်ခုံပေါ်ကဆင်းပြီး ဒူးထောက်ကား "အရှင်ကျန်တော်တို့ သေသင့်ပါတယ်။ ကျန်တော်တို့ကိုအပြစ်ပေးပါ ။ ကျနော်တို့ ညံခဲ့လို့ အခုလိုမိစ္ဆာတစ်ကောင်ကိုလက်ထပ်ရတာပါ ။ ကျနော်တို့​သေသင့်ပါတယ်။ "

Default Title - မိစ္ဆာလေးရဲ့ အချစ်တော်Where stories live. Discover now