အပိုင်း8 z&u

19 2 0
                                    

အပိုင်း8.                          13.8.22
သုံပန်နဲ့စစ်ကြေးလာပေးခြင်း

ဘုရင်လေးအတော်လန့်သွားသလိုဒေါသလည်းထွက်သွားတယ်။ သူရဲ့ဒေါသဟာ မျက်နာမှာပေါ်နေတယ်။ ထိုမျက်နာပေါ်ကမကြေနပ်ချက်ဟာ သခင်လေးကိုးအဖို့ ချစ်ဖို့အလွန်ကောင်းနေတယ်။ သခင်လေးကိုးဟာဘုရင်လေးကိုဖတ်ပြီး ထိုဒေါသထွက်နေတဲ့မျက်နာကို နေရာလပ်မချန်အကုန်လုံးကို နမ်းပစ်ချင်တယ်။

သူတို့ခဏအကြာနှစ်ယောက်ထည်း လမ်းလျေယ်ကပြီးနောက် ဘုရင်လေးရဲ့ခံတပ်ကိုရောက်လာတယ်။ စစ်သားတွေ စစ်သူကြီးတွေဟာ လောက်ရောက်ကျိုကြတယ်။ ထို့ချိန်သူတို့ရဲ့ဘုရင်ကို ထိုအဝတ်နီနဲ့ သတိုးသမီးပါဝါအုပ်ထားတဲ့ မိစ္ဆာကပိုင်းစိုးပိုင်နက်နဲ့ လက်ကို ကိုင်ထားပြီး သူတို့ရဲ့အရှင် ဟာ လည်း လက်မခံချင်ဘဲအကိုင်ခံရတာကိုမြင်တော့ သူတို့ရင်ထဲအတော်ကို ကျေကွဲရတယ်။(ငါတို့ညံ့လို့ ငါတို့အရှင်မိစ္ဆာနဲ့ လက်ထပ်ရတာ ....ငါတို့အသုံးမကျလို့အခုလို.....)ထိုသို့အတွေးနဲ့အတူ စစ်သားတွေရဲ့ နှလုံးဟာငိုကျွေးလို့နေတယ်။ သူတို့ဘုရငမဟာသူတို့ကိုကြညိ့ပြီး "ကိုယ်တော်ရဲ့ ရဲ့ရင့်တဲ့စစ်သည်တို့ အခုကိုယ်တော်တို့ဟာမိစ္ဆာတွေနဲ့ စစ်ပြေငြိမ်းသွားပြီး အခုကစပြီး ငြိမ်းးချမ်းသွားပြီး "ထိုသို့အသံနဲ့ အတူ စစ်သည်တို့ရဲ့ ဝမ်းမြောက်စွာအော်သံကဟိမ်းမည်နေတယ်။ ဒါပေမဲ့ စစ်သည်တွေရဲ့ နှလုံးသားထဲကကျေကွဲတဲ့အော်ငိုသံကိုတော့ မမှီခဲ့ပါဘူး။

ဘုရင်လေးတို့စစ်တပ် တပ်စွဲရာနေရာကိုရောက်ပြီး သိပ်မကြာမှီ သမင်ချို၊လူခန္ဓာကိုယ်တစ်ပိုင်း သခင်ခန္ဓာကိုယ်တစ်ပိုင်းနဲ့ မိစ္ဆာတွေဘက်ကနေ တပ်မှုးတစ်ယောက်နဲ့ သုံ့ပန်းတွေကိုလာပို့လေတယ်။ ထိုသုံးပန်းဟာအရမ်းကိုများလွန်းတယ်။ ပြောရရင်ထိုသုံးပန်းဟာဘုရင်လေးရဲ့ ပြည်သူတွေအားလုံးနီးပါးရှိတယ်။

သုံပန်းတွေကိုခေါ်လာတဲ တပ်မှုးဟာ"သခင်ရဲ့အမိန့်အတိုင်း သခင်မလေးကိုး(ဘုရင်လေးကိုဆိုလိုချင်တာပါ)ရဲ့ပြည်သူတွေကို အကုန်လွတ်ပေးပြီပါပြီ သိပ်မကြာခင် ကျနော်တို့သခင်သက်သာတာနဲ့ တပ်ပြန်ဆုပ်ပေးပါမယ်။ "လို့ပြောခဲ့တယ်။

Default Title - မိစ္ဆာလေးရဲ့ အချစ်တော်Where stories live. Discover now