အပိုင်း 14

13 3 0
                                    

အပိုင်း ၁၄
ငါမောင်လေးကိုသတို့သမီးလိုပြင်ပေး

ဘုရင်လေးဟာလည်းထိုတေးသံကိုကြားမိသော်ကြောင့်နားထောင်နေမိပေ။ သူရဲ့ရင်ထဲကဝေဒနာနဲ့ တေးသံရဲဲ့ဝမ်းနည်းမှုနဲ့ထပ်တူကျသော်အခါသူပိုပြီးဝမ်းနည်းနေမိတယ်။

သူဘာမှမလုပ်နိုင်ခဲ့ဘူး။သူဘိုးဘေးတွေတည်ထောင်ခဲ့တဲ့ တိုင်းပြည်ကို မကာကွယ်နိုင်ခဲ့ဘူး အခုသူလုပ်နိုင်တာက သူမျိုးဆက်ကိုအရောင်းစွင်းစေပြီးမှ သူ သမိုင်းကိုအရောင်းဆိုးပြီးမှရလာခဲ့တဲ့ အောင်ပွဲ မဟုတ်သေးဘူး ငြိမ်းချမ်းပွဲ မလိုချင်ခဲ့ဘူး ဒါပေမဲ့ သူမှာ ဒီဟာကိုလက်ခံယုံကလွဲ ကျန်တာမရှိဘူး သူရဲ့အားနည်းမှုအတွက် ဝမ်းနည်းနေမိတယ်။ ဒါပေမဲ့ဝမ်းနည်းယုံဘဲတက်နိုင်တယ်။ နောက်နေ့ ကျငြိမ်းချမ်းရေးအတွက် မိစ္ဆာဘုရင်မလာလိမ့်မယ် သူတို့ကိုဧည့်ခံဖို့ နောက်ပြီး လက်ထပ်ပွဲပါတခါတည်းကျင်းပရမှာ မလုပ်ချင်ဘူး ဒါပေမဲ့လုပ်ရမယ်။

ထိုသို့တွေးနေတုန်းရှိသေးတယ်။ ဘုရင်လေးရဲ့ဘေးနားကခစားနေတဲ့ ကုန်းကုန်းတစ်ယောက်က ။"အရှင်မကောင်းတော့ဘူးအရှင်"ဆိုပြီးပြေးလာတယ်။

ဘုရင်လေး။"ကုန်းကုန်းမင့်ဟာကအလောတကြီးနဲ့ ဘာဖြစ်လာတာလဲ့"

ကုန်းကုန်း ။"မိ....မိ...မိစ္ဆာ...မိစ္ဆာဘုရင်မ ဒီနန်းတော်ထဲရောက်လာနေပြီး"

ဘုရင်လေး။"တောက်! !!!!! ဒင်းတို့ကငါကိုယ်တော်နန်းတော်ကို ဇရပ်ကျနေတာဘဲတစ်ယောက်ပြီးတစ်ယောက်.....ကုန်းကုန်း အဲ့မိစ္ဆာမ ဘယ်မှာလဲ "

ကုန်းကုန်း ။"အရှင်ရဲ့နန်းဆောင်ရဲ့ ဥယျာဥ်ထဲမှာပါ"

ပြောလို့မပြီးသေးဘူးဘုရင်လေးဟာဒေါနဲ့မောနဲ့ထွက်သွားပြီး ဥယျဥ်ထဲကိုရောက်သွားလေတယ်။

ဥဟျာဥ်ထဲတွင်

ဥယျာဥ်အလှကိုခံစားဖို့ဆောက်ထားတဲ့ နေရာမှာ လက်ဖက်ရည်ကိုသောက်နေတဲ့ မိန်းမပျိုလေးကိုဘုရင်လေးဟာအနောက်ကျော်ပေးနေတဲ့ပုံစံနဲ့တွေ့မြင်လိုက်ရတယ်။အရမ်းကိုလှပသေးသွယ်တဲ့ကိုယ်ခန္ဓာရယ်အနောက်ကကြည့်ပေမဲ့ သူ့ခေါင်းကထွက်နေတဲ့ဦးချိုကိုတော့မြင်နေရတယ်။ ထိုဦးချိုကြောင့်ထိုမိန်းကလေးဟာ မိစ္ဆာဘုရင်မဆိုပြီး တစ်ထဒ်ချမှတ်ကာ

Default Title - မိစ္ဆာလေးရဲ့ အချစ်တော်Where stories live. Discover now