အပိုင်း၅ U+Z

35 4 2
                                    

Demon's love
အပိုင်း ၅
ကျန်တော်လက်ထပ်ပွဲလာခဲ့နော်

ထိုလေဝါနယ်တံတိုင်းဟာ မြို့ရိုးအပြည့်ကိုကာပြီး မြို့တော်တစ်ခုလုံးကို ဝန်းရံကာကွယ်ပေးလိုက်တယ်။ အပြင်ကလူဘယ်သို့သော်သူကမှ ထိုတံတိုင်းကိုဖျက်လို့မရပါဘူး။ ထိုတစ်ချိန်တည်းမှာဘဲ ကောင်းကင်ကနေပြီး အေးစက်မာကျော်ပြတ်သားတဲ့အသံ တစ်ခု " ဒီနယ်မြေကို သိမ်းပိုက်ချင်နေတဲ့ မိတ်ဆွေတို့ သင့်တို့ ဒီကနေပြီး ရှေ့ဆက်ပြီး မတိုက်နဲ့ နဟုတ်လို့ကတော့..... ထာဝရနယ်မြေရဲ့ သခင်လေး၉က ရက်စက်တယ်လို့ မဆိုကြနဲ့.... "နောက်ဆုံးစကားလုံးမှာ ထိုမိစ္ဆာလေးရဲ့ အသံဟာ သွေးဆာနေတဲ့ အသံတွေကိန်းအောင်းလို့နေတယ်။ 

ထိုအသံကြားရာကို ခေါင်းမော့ကြညိ့တော့ လေပေါ်မှာကိုယ်ဖော့ပညာလိုလိုနဲ့ ရပ်နေတဲ့ သတိုးသမီးအနီးရောင်ဝတ်ဆုံကိုဝတ်ထားတဲ့ သူရာ် သူ့ရဲ့လက်ကနေ အဆင့်မြင်တော်ဝင်မျိုးနွယ်လို့ထင်ရတဲ့ သူကိုပွေ့ချီထားတယ်။ နောက်ပြီး သတို့သမီးခေါင်းဆောင်းကို ဆောင်းထားတဲ့အတွက် မိစ္ဆာတွေဟာ မျက်နာကိုမမြင်ရဘူးဖြစ်နေတယ် ။ နောက်ပြီး ထိုအသံကိုကြားပြီး မိစ္ဆာတွေက တစ်ယောက်မျက်နာတစ်ယောက်ကြည့်ပြီး ဝါးခနဲ့ ပြိုင်တူနီးပါးရယ်မောကြလေတယ်။

ထို့နောက် မိစ္ဆာတစ်ကောင်က "အရမ်းရယ်ရတယ်။ မင့်ကိုယ်မင့်များငါ့တို့ရဲ့ မြင့်မြတ်တဲ့နယ်မြေ ထာဝရနယ်မြေရဲ့ သခင်လေးများထင်နေတာလား ။ ကိုယ်ကို လာတိုက်တဲ့ရန်သူကို ဟာသပြောပြီး အုတက်သေစေချင်တာတော့ မဟုတ်ပါဘူးနော်။ " ဖိုသို့ရယ်မောနေသောအသံကနေ မာကြောသောအသံသို့ပြောင်းသွားပြီး "မင့်ကိုမင့် သခင်လေး၉ လို့ပြောရဲရအောင်ဘယ်သူကများ သတ္တ်ိပေးလိုက်တာလဲ ။ သခင်လေး၉က ဒီပျင်းစရာကောင်းတဲ့ နယ်မြေမှာ လာဖို့နေနေသာသာ စိတ်ထဲတဲကတောင်မတွေးဘူးကွ"ဆိုပြောလိုက်တယ်။

ထိုအခါဝတ်နီနဲ့ ကောင်းလေးက "အို..... ငါဒီမြေကိုစိတ်ဝင်စားတယ် မဝင်စားဘူးလို့ပြောရအောင် မင့်တို့တွေက ငါ့အကြောင်းဘယ်တုန်းကသိလိုက်လဲ... နောက်ပြီးငါနှစ်ခွန်းပြောရတာမကြိုက်ဖူးနော်..."ဆိုတဲ့ အသံဟာတည်းဖြည်းဖြည်း မာကြောလာပြီး ဒေါသလေးပါ ပါလာတယ်။

Default Title - မိစ္ဆာလေးရဲ့ အချစ်တော်Where stories live. Discover now