17(uni&zawgyi)

27.8K 519 88
                                    

Unicode

🌿🌺သက္ကရာဇ်ရဲ့ရွှေရုပ်ပျို🌺🌿

  🌺(ကျွန်တော်ပိုင်သောပြည့်တန်ဆာ)🌺

                🌿အပိုင်း ၁၇🌿

🌿🌺🌿 သွယ် နားနေခန်းထဲမှာအဝတ်စားလဲအပြီး ပေပွဆုတ်ပြဲသွားသည့်ကြွပ်ကြွပ်အိတ်အနက်ကိုကြည့်၍အထဲကပိုက်ဆံတွေကို စားပွဲပေါ်သွန်ချလိုက်ကာ အိတ်ကိုအမှိုက်ပုံးထဲထည့်လိုက်သည်၊ပြီး သူမဆိုဖာခုံပေါ်ထိုင်ချလိုက်ရင်း ‌ပိုက်ဆံတွေကို ကိုင်ကြည့်ကာ စောနကသူဌေးမနဲ့ပြောခဲ့သည်များကိုပြန်စဉ်းစားလိုက်သည်၊

လွန်ခဲ့တဲ့မိနစ်အနည်းငယ်ခန့်က

သွယ် သူဌေးမနဲ့အတူ ဘားအတွင်းရှိ ပန်းဥယျာဉ်အသေးလေးထဲက ခုံတန်းလေးဆီလာလိုက်ကြသည်၊

သူဌေးမကတော့ ထိုခုံတန်းလေးပေါ် စတိုင်ကျကျခြေချိတ်ထိုင်လိုက်ပြီး သွယ့်ကိုခပ်စူးစူးစိုက်ကြည့်လေသည်၊သွယ်ကတော့ သူမရှေ့မှာခြေစုံရပ်နေရသည်ပေါ့၊အင်းလေ သူနဲ့ကိုယ်ကအလုပ်ရှင်နဲ့အလုပ်သမားပဲဟာ၊

ရိုဇီ sexyကျလှသည့်ခန္ဓာကိုယ်နှင့် အသားဝင်းဝင်းလေးကိုပိုင်ဆိုင်ထားပါသည့် ဇင်လေးသွယ်ကိုမနာလိုမရှုစိမ့်ဖြင့်စူးစိုက်ကြည့်နေရင်းမှ စကားစလိုက်သည်၊

'မင်းခုရက်အလုပ်လုပ်ရတာအဆင်ပြေရဲ့လားဇင်လေးသွယ်'

'ဟုတ်ကဲ့ ပြေပါတယ်သူဌေးမ'

'ဒီနေ့အလုပ်ချိန်ကြီးမင်းဘယ်သွားတာလဲ'

'ဟို သွယ် ကိုယ်ရေးကိုယ်တာကိစ္စရှိလို့ခဏထွက်သွားတာပါသူဌေးမ'

'ကိုယ်ရေးကိုယ်တာကိစ္စ ဘာကိစ္စမို့ အလုပ်ချိန်ကြီးထွက်သွားရတာလဲ နောက်ပြီး ပြန်လာတော့မင်းလက်ထဲငွေတွေနဲ့ မင်းနဲ့ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ဟိုတစ်ယောက်ကရောဘာလဲ မင်း တို့ဘားကိုနာမည်ဖျက်နေတာလားဇင်လေးသွယ်'

'ရှင် မ မဟုတ်ပါဘူးသူဌေးမ သွယ်က'

'မင်းဘားမှာနာမည်ကြီးတာတို့ကြားပါတယ်  အနှစ်မရှိတဲ့ဘဝနဲ့မင်းကိုယ်မင်းတန်ဖိုးမြှင့်တင်ချင်နေတာလဲတို့နားလည်တယ် ဒါပေမယ့် မင်းအပြင်မှာအခြားနည်းနဲ့ငွေရှာမယ်ဆိုလဲ အလုပ်ချိန်မဟုတ်တဲ့အချိန်မှာလှုပ်ရှားပါဇင်လေးသွယ်'

🚨 သက္ကရာဇ်ရဲ့ ရွှေရုပ်ပျို (ကျွန်တော်ပိုင်သော ပြည့်တန်ဆာ )🚨OCWhere stories live. Discover now