36(uni&zawgyi)

14.3K 395 31
                                    

Unicode

🌹သက္ကရာဇ်ရဲ့ရွှေရုပ်ပျို🌹

       🌷ကျွန်တော်ပိုင်သောပြည့်တန်ဆာ🌷

🌿အပိုင်း ၃၆🌿

🌺🌼🌺  မြန်မာနိူင်ငံရှိ ထိပ်တန်းစာရင်းဝင်နေဝန်းနီအင်ပါယာရဲ့အကြီးမားဆုံးစီးပွားရေးလုပ်ငန်းစုကြီးဖြစ်တဲ့ Sun Flower Fashion&Lifestyle Groupရဲ့ သူဌေးမင်း နေသက္ကရာဇ်ပိုင်ဆိုင်တဲ့ နိူင်ငံခြားလက်ခွဲcompanyကြီးတစ်ခုဖြစ်တဲ့ ပြင်သစ်နိူင်ငံ ပဲရစ်မြို့ရှိSun  National Life Fashion Companyကြီးနဲ့ အခြားနာမည်ကြီးCompanyတစ်ခုဖြစ်တဲ့ Newking Fashion Companyနဲ့ဒီဇိုင်းပြဿနာ ထွက်ပေါ်လာခြင်းအပေါ် Fashion designerလောက၌ ဂယက်ထနေရလေသည်၊
ယခုလဲပြင်သစ်နိူင်ငံ ပဲရစ်မြို့၌Newkingက ကြီးမှူးကျင်းပနေတဲ့မိတ်ဆက်ညစာပါတီကြီးနဲ့အတူSNLFCဘက်က မည်သို့မည်ပုံ တုံ့ပြန်ဖြေရှင်းမည်လဲကို အားလုံးကစိတ်ဝင်တစားစောင့်ကြည့်နေကြလေသည်၊

ပြင်သစ်မှာဖြင့်Sun National Life Fashion CompanyဟာNewking Fashion Companyထက် ဒီဇိုင်းဖန်တီးမူမှာ အဆများစွာခြေလှမ်းသာရုံမက ဈေးကွက်အတွင်းမှာလဲ အောင်မြင်စွာထိုးဖောက်နေနိူင်တာကြောင့် Newking companyရဲ့စွပ်စွဲချက်နဲ့ တရားစွဲမူအပေါ် အားလုံးကလဲစိတ်မသက်မသာဖြစ်နေကြရသည်၊

လက်ရှိမြန်မာစံတော်ချိန် နေ့လည်တစ်နာရီထိုးရန်ဆယ့်ငါးမိနစ်အလို၌၊
မြန်မာပြည်အခြေစိုက်Main CompanyကြီးရှိSun Flower   Fashion& Lifestyle  style  Groupရဲ့အစည်းဝေးခန်းမဆောင်ကြီးအတွင်း သူဌေးမင်းနေသက္ကရာဇ်နှင့်တကွ ဘုတ်အဖွဲ့ဝင်ဒါရိုက်တာများ၊ရှယ်ယာအစုရှင်များ၊companyရဲ့designerများနဲ့stylelistအဖွဲ့ဝင်များ၊ဌာနအလိုက်တာဝန်ရှိအဖွဲ့မန်နေဂျာများ အားလုံးအစည်းဝေးခန်းမဆောင်ထဲ ထိုင်ခုံတွေမှာကိုယ်စီနေရာယူထားပြီးဖြစ်သည်၊အားလုံးရဲ့ရှေ့မှာလဲ ကိုယ်ပိုင်လက်တော့ပ်တစ်လုံးစီချထားကာ ခုထိဖွင့်ရန်မပြောနှင့် မလှုပ်မယှက်ငြိမ်ငြိမ်လေးထိုင်နေကြရသည်၊
အစည်းဝေးခန်းမထဲအားလုံးကိုယ်စီရောက်ရှိနေကြပြီဖြစ်ပေမယ့် စားပွဲထိပ်ဆုံးခုံရှိသူဌေးမင်းအနားက ညာဘက်ခြမ်းကထိပ်ဆုံးထိုင်ခုံတွင်တော့ ခုထိလွတ်နေဆဲဖြစ်သည်၊

🚨 သက္ကရာဇ်ရဲ့ ရွှေရုပ်ပျို (ကျွန်တော်ပိုင်သော ပြည့်တန်ဆာ )🚨OCWhere stories live. Discover now