81(uni&zawgyi)

15.7K 503 109
                                    

Unicode

🍏🍏🍏

နေသက္ကရာဇ် ပျို့အိမ်ကိုရောက်တော့သူမကအိမ်ရှေ့ကရေကန်မှာပန်းအိုးတွေဆေးနေရင်း သူ့ကိုမြင်တော့လှမ်းခေါ်လေသည်၊

'နေသက္ကရာဇ်'

သူမျက်မှောင်ကုပ်ပြီးအနားလျှောက်လာခဲ့လိုက်သည်၊

'ဘာလုပ်နေတာလဲsweet'

'ဘုရားပန်းအိုးတွေဆေးနေတာ ဒီနေ့ပန်းတွေလဲရမှာလေ'

'မင်းနေမကောင်းတာကိုဒါတွေဘာလို့လုပ်နေတာလဲ ကိုယ်လာမှလုပ်ကိုင်ဖို့စီစဥ်ပေးမှာပေါ့'

'ပျိုလုပ်နိူင်ပါတယ် ဒါလေးလုပ်ရတာကို'

'ဒါလေးတင်လား ပြီးရင်အိမ်အလုပ်တွေလဲမင်းလုပ်ဦးမှာမလား ကိုယ်စံအိမ်ကလူခေါ်ခိုင်းလိုက်မယ် ခုထတော့'

'ဒါလေးတော့လုပ်ပါရစေ ဒီတိုင်းငြိမ်နေရင်ပိုနာတယ် အလုပ်လုပ်နေတော့သက်သာတယ်လေ ဒီလိုလုပ်ပါ့လားပျို့ကိုလာကူပေးလေ ရှင်လဲကုသိုလ်ရတာပေါ့'

နေသက္ကရာဇ်သက်ပြင်းချကာ ကားနားရပ်နေတဲ့ဦးတံစိုးကိုလှမ်းခေါ်လိုက်သည်၊

'သူဌေးမင်း'

'ဦးတံစိုး စံအိမ်ကိုပြန်ပြီး ကိုယ်ရံတော်နှစ်ယောက်နဲ့အကူမိန်းကလေးနှစ်ယောက်လောက်ကိုဒီလွှတ်လိုက် ခင်ဗျားမနက်ပိုင်းခဏလောက်နားလိုက်ဦး နေ့လည်ကျမှကျွန်တော့်ကိုလာခေါ်လှည့်'

'သူဌေးမင်း အဆင်ပြေပါ့မလား လက်မောင်းက'

'အဆင်ပြေတယ် ကျွန်တော်ပြောသလိုသာလုပ် ဘာမှမပြောနဲ့'

'ဟုတ်ကဲ့'

'ဒါနဲ့ဂျေးဘယ်ရောက်နေတာလဲ'

'အကိုဂျေးကအေးခိုင်နဲ့စျေးမှာဘုရားပန်းသွားဝယ်ကြတယ် ပြန်လာနေလောက်ပြီ'

'ဒါဆိုဦးတံစိုးသွားလိုက်တော့ ထည်ဝါနဲ့ရာရီ့ကိုလဲကြည့်လိုက်ဦး'

'ဟုတ်ကဲ့ ဒါဆိုသွားတော့မယ်သူဌေးမင်း'

'အင်း'

ဦးတံစိုးထွက်သွားသည်နှင့် သူအင်္ကျီလက်ခေါက်ကာ ပန်းအိုးတွေဆေးနေတဲ့ပျို့အနားထိုင်ချလိုက်သည်၊

🚨 သက္ကရာဇ်ရဲ့ ရွှေရုပ်ပျို (ကျွန်တော်ပိုင်သော ပြည့်တန်ဆာ )🚨OCWhere stories live. Discover now