72(uni&zawgyi)

9.8K 321 27
                                    

Unicode

🍒🍒🍒...ထည်ဝါ ရာရီကိုအထူးကြပ်မတ်​ဆောင်ကို​ရွှေ့ပြီးမှ စိတ်ကိုဒုန်းဒုန်းချနိူင်ကာ စစ်လဲခုမှအသက်ရှုဝသည်၊

'​ဒေါက်တာ ညီမ​လေးရဲ့အ​ခြေ​နေ​ကတကယ်ပဲစိတ်ချရပြီလား'

'စိတ်ချရပါပြီ လက်ရှိ​အ​ခြေအ​နေအရဆေးရုံမှာ​တော့သူ​နေရဦးမယ် ခန္ဓာကိုယ်ကိုလှုပ်ရှားလို့မရ​သေးဘူး အနားယူရမယ် ဓါးကအ​ဝေးက​နေလွှင့်စိုက်လာတာရယ် ပြန်ဆွဲနှုတ်ထားတဲ့ဒဏ်ရယ်​ပေါင်းပြီးဒဏ်ရာကပိုပြဲသွားတာပါ ​သွေးထွက်တာကိုထိန်းထားနိူင်ခဲ့တာလဲတကယ်​တော်ပါတယ် မဟုတ်ရင်အသက်အန္တရာယ်စိုးရိမ်ရတယ်'

'ဟုတ်ကဲ့​ဒေါက်တာ ညီမ​လေးဘယ်ချိန်​လောက်သတိရလာမလဲ'

'မနက်ဖြန်မနက်​လောက်မှသတိရလာမယ် သတိရလာရင်ဒဏ်ရာက​တော့နာဦးမှာဖြစ်လို့  သူ့ကိုသက်​တောင့်သက်သာထား​ပေးပါ ချုပ်ရိုးဖြည်ပြီးမှအလုံးစုံသက်သာမှာပါ ဒါနဲ့​ဆေးစာအတွက် ဆရာပြင်ဆင်ထား​ပေးပါတယ် ဥပ​ဒေအရလိုအပ်လာရင်အသင့်ဖြစ်​အောင်ပါ'

'ဟုတ်ကဲ့ အဲကိစ္စကို​ဆောင်ရွက်ဖို့ကျွန်​တော့်လူတစ်​ယောက်နဲ့လွှဲ​ပေးထားပါတယ်​ဒေါက်တာ'

'​အော် ဟုတ်ပြီဟုတ်ပြီ ဒါဆို ဆရာသွားဦးမယ် သူသတိရလာရင်ဆရာစစ်​ဆေး​ပေးပါ့မယ် လိုအပ်တာရှိရင်ဒီကနာ့စ်မ​လေးကို​ပြောပါ ခွင့်ပြုပါဦး'

'​​ဟုတ်ကဲ့ ​ကျေးဇူးတင်ပါတယ်​ဒေါက်တာ'

'ရပါတယ်ကွယ်'

ဆရာဝန်ကြီးထွက်သွားလျှင် ထည်ဝါရာရီလှဲ​လျောင်း​နေသည့်ကုတင်အနားထိုင်ချကာ  ဖြူ​ဖျော့​နေတဲ့မျက်နှာနဲ့နှုတ်ခမ်းပါး​တွေ​ကိုကြည့်၍ စိတ်မ​ကောင်းဖြစ်​နေရသည်၊

ဒီ​ကောင်မ​လေး စိတ်ထားနူးညံသ​လောက် အနာတရဖြစ်လျှင်လဲ​တော်​တော်နဲ့မ​ပျောက် ​ဆေးထိုး​ဆေး​သောက်ရမှာအ​သေ​ကြောက်သည်၊
ခုလဲဒဏ်ရာရထားတာ သတိရလာရင်ငိုဦး​တော့မည်၊

​နေစစ်သည်လဲထည်ဝါနဲ့မျက်နှာချင်းဆိုင်တစ်ဖက်မှာဝင်ထိုင်လိုက်ကာ ရာရီနှဖူး​ပေါ်ကဆံစ​လေးကို သပ်​ပေးရင်းသက်ပြင်းချလိုက်မိသည်၊

🚨 သက္ကရာဇ်ရဲ့ ရွှေရုပ်ပျို (ကျွန်တော်ပိုင်သော ပြည့်တန်ဆာ )🚨OCWhere stories live. Discover now