❣အပိုင်း 55❣

14.8K 368 31
                                    

Unicode

💞သက္ကရာဇ်ရဲ့​ရွှေရုပ်ပျို💞

💞ကျွန်​တော်ပိုင်​သောပြည့်တန်ဆာ💞

💞အပိုင်း ၅၅💞

💞💞💞 ​နောက်တစ်​နေ့မနက်မှဖြင့် ​နေသက္ကရာဇ်တို့အားလုံးမနက်စာစားအပြီး ဦးတံစိုးနဲ့အတူ မိသားစု​ရှေ့​နေကြီးဦး​ကောင်းသန့်လဲ​​ သူ​ခေါ်ထားတဲ့အတိုင်း စော​စောပဲရောက်ရှိလာခဲ့ကြရာ ပျိုတို့အိမ်ဧည့်ခန်း​လေးထဲမှာပဲ ​ဆွေး​နွေးစရာရှိတာ​ဆွေး​နွေးကြ​လေသည်၊

​ဒေါ်နှင်းသက်​မေ ​ရှေ့​​နေကြီး​ပေးတဲ့အ​မွေစားအ​မွေခံ ညီမအဖြစ်​မွေးစားသည့်စာချုပ်စာတမ်း​တွေကို​သေချာဖတ်ရှုကာ သွယ့်ကိုဝမ်းသာမျက်ရည်​တွေဖြင့်ကြည့်​လေသည်၊
ထို့အတူ ​နေသက္ကရာဇ်ကို​ကျေးဇူးတင်တဲ့အကြည့်ဖြင့်ကြည့်ကာ သူမလဲသ​ဘောတူလက်ခံ​ကြောင်း​ပြောကြား​လေသည်၊

'အန်တီက​တော့ဘာမှကန့်ကွက်စရာမရှိသလို အတွန့်တက်စရာလဲမရှိပါဘူး သမီးသွယ်အတွက် အန်တီလဲစိတ်ချရပါပြီ ​လောကအလယ်မှာ သူ့ကိုကာကွယ်စောင့်​ရှောက်​ပေးမယ့်အစ်ကိုတစ်​ယောက်ရှိ​နေပြီဆို​တော့ အားကိုး​ဖော်လဲရတာ​ပေါ့ သွယ်'

'ရှင်အန်တီ'

'သမီးတွက် အန်တီဝမ်းသာတယ် ငါ့သမီး​လေးမှာခုဆိုအစ်ကိုတစ်​ယောက်ရှိ​နေပြီ ​နောက်ဆိုသမီးမှာဘာကိစ္စ​တွေပဲရှိရှိ အားကိုးရမယ့်အစ်ကိုရှိ​​နေပြီဖြစ်လို့ သမီးလဲလိမ္မာရမယ်​နော် ကြားလား'

'ဟုတ် ဟုတ်အန်တီ'

'ဒါဆိုဒီကအစ်မကြီးလဲလက်ခံသ​ဘောတူပြီဆို​တော့ စာချုပ်မှာသူ​ဌေးမင်းနဲ့မိန်းက​လေးလက်မှတ်ထိုး​ပေးပါ အသိသက်​သေ​နေရာမှာက ​ဘယ်သူ​တွေထိုးမှာလဲသူ​ဌေးမင်း'

​'အသိသက်​သေမလိုအပ်ဘူး ကျွန်​တော်ကိုယ်တိုင်တိုက်ရိုက်​မွေးစားတာ ပြီးရင်ကျွန်​တော့်အိမ်​ထောင်စုစာရင်းမှာပဲသူ့ကိုထည့်မယ် ဇင်​လေးသွယ် ကိုယ့်နားလာခဲ့'

​နေသက္ကရာဇ် သူမကို​ခေါ်လိုက်ကာ သွယ်သူမနဲ့အတူထိုင်​နေသည့်ထည်ဝါကိုတစ်ချက်​မော့ကြည့်​တော့ အပြုံးဖြင့်​ခေါင်းညိမ့်ပြ​၍ သူမ​နေသက္ကရာဇ်ထိုင်​နေတဲ့အနား သွားကပ်ထိုင်လိုက်သည်၊

🚨 သက္ကရာဇ်ရဲ့ ရွှေရုပ်ပျို (ကျွန်တော်ပိုင်သော ပြည့်တန်ဆာ )🚨OCWhere stories live. Discover now