အပိုင်း ၁၈ : နံပါတ် ၁ မြင့်မြတ်နယ်မြေဖြစ်လဲ ဘာဖြစ်လဲကွ

818 115 0
                                    

ဂန္တဝင်ဂိုဏ်းချုပ် စာစဉ် ၁ : အပိုင်း ၁၈

အပိုင်း ၁၈ : နံပါတ် ၁ မြင့်မြတ်နယ်မြေဖြစ်လဲ ဘာဖြစ်လဲကွ

ဝတ်ရုံစိမ်း အမျိုးသမီးရဲ့ နောက်ခံဟာ ဟင်းလင်းပြင် ဘုရားကျောင်းက ဆိုတာကို သိလိုက်ရတော့ လင်းဖုန်းရဲ့ စိတ်ဓာတ်ဟာ ဟိုးအောက်ဆုံးအထိကို ထပ်မံပြီးတော့ ပြုတ်ကျသွားခဲ့ပြန်ပါတယ်။

ဒီမူလကောင်းကင် ကမ္ဘာမှာ အကြီးဆုံး ဂိုဏ်းသုံးဂိုဏ်းဟာ တာအိုအနွယ်ဝင် ဟင်းလင်းပြင်ဘုရားကျောင်း… ဗုဒ္ဓအနွယ်ဝင် မဟာမိုးကြိုး ကျောင်းတော်နဲ့ မဟာ့မဟာ ဓားကမ္ဘာ စူတောင်ဓားဂိုဏ်းတို့ ဆိုတာကို မိန်းမနဲ့ ကလေးတွေတောင်မကျန် သိကြတယ်လေ။

ဒါပေမယ့်လည်း မဟာမိုးကြိုး ကျောင်းတော်နဲ့ စူတောင်ဓားဂိုဏ်းက လူတွေတောင် ဒီမဟာမြင့်မြတ် နယ်မြေသုံးခုမှာ ကွာခြားချက်တွေ ရှိတယ်ဆိုတာကို မပြောကြပေမယ့် ရင်ထဲမှာပဲ အလိုလို နားလည်ထားကြတယ်လေ။
ဟင်းလင်းပြင် ဘုရားကျောင်းဟာ ခြွင်းချက်မရှိ မဟာမြင့်မြတ် နယ်မြေသုံးခုရဲ့ ခေါင်းဆောင်… ဒီကမ္ဘာရဲ့ နံပါတ် ၁ ဂိုဏ်းပါ။

ဂိုဏ်းသူဂိုဏ်းသားတွေ.. တပည့်တပန်းတွေ အများကြီးရှိတဲ့ အခြားမြင့်မြတ်နယ်မြေ နှစ်ခုနဲ့မတူပဲ ဟင်းလင်းပြင် ဘုရားကျောင်းဟာ နှိမ့်နှိမ့်ချချနေတတ်ပြီး တပည့်ဦးရေကလဲ သိပ်ပြီးတော့ မများပါဘူး။ ဒါပေမယ့် ဟင်းလင်းပြင် ဘုရားကျောင်းက တပည့်တွေ ဆိုတာနဲ့ ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်စွမ်း ရှိကြတဲ့ သူတွေချည်းပါပဲ။

ဟင်းလင်းပြင် ဘုရားကျောင်းဟာ တပည့်တွေကို ရွေးချယ်တဲ့ နေရာမှာ အလွန်ကိုပဲ တင်းကျပ်တယ်လေ။ သူတို့ ရွေးချယ်ထားတဲ့ တပည့်တပန်းတွေ အားလုံးဟာလည်း ပင်ကိုယ်စွမ်းရည် အလွန်ထက်မြက်ကြတဲ့ ကျင့်ကြံသူ ပါရမီရှင်လေး တွေချည်းပါပဲ။

တခြားအပိုင်းတွေကို ထည့်မတွက်နဲ့ဦး… အရိုးအရင်းမြစ်နဲ့ သဘောပေါက် နားလည်နိုင်စွမ်း မှာတင်ကိုပဲ ဟင်းလင်းပြင် ဘုရားကျောင်းက တပည့်တွေရဲ့ ပျမ်းမျှအမှတ်ဟာ ဒီကမ္ဘာမှာ နံပါတ်တစ်ပါပဲ။ ဒီမူလကောင်းကင် ကမ္ဘာရဲ့ ကျင့်ကြံမှု ပါရမီရှင်လေးတွေ စုစည်းရာလို့ဆိုရင် လိုတာထက် ပိုရာမကျပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၁) Unicode(1-113)Where stories live. Discover now