Chapter (0)

5.3K 205 11
                                    

Uni

"ကြာပန်းသခင်ကို ခေါ်ပေး သူနဲ့တွေ့ချင်တယ် "

ပန်းခြံထဲ ရောက်သွားသကဲ့သို့ ပန်းမျိုးစုံစိုက်ပျိုးထားသော ခြံဝန်းကြီးအလယ်ရှိ
တခန်းတနားတည်ဆောက်ထားသည့် နှစ်ထပ်အိမ်ကြီး အရှေ့တွင် ဖြစ်သည်။

"မမပန်း မနိုးသေးပါဘူးရှင့် ဟိုလေ တွေ့ချင်ရင်နိုးတာကိုစောင့်တာပဲဖြစ်ဖြစ် ဟို ဟို ကုမ္ပဏီ မှာ ရက်ချိန်းယူပြီး....."

"ဟား! မလိုချင်ဘူး အခုခေါ်ပေး မရရင် ငါအထဲဝင်မှာ ဖယ် ဖယ်! "

အသံကိုစူးနေအောင် အော်ပြီး အိမ်ကြီး၏ အရှင်သခင်မ ကိုတွေ့ခွင့်တောင်းနေသော ခပ်ငယ်ငယ် မိန်းကလေးတစ်ဦး၏ ဒေါသများမှ အငွေ့တစ်ထောင်းထောင်း။

အိမ်ထဲဝင်မည်အပြုကို တားဆီးနေသော အိမ်အကူကောင်မလေးအား ရန်ပြုလျက်။

"အဲ့ဒါ ဘာတွေဖြစ်နေတာလဲ "

ခပ်ရုတ်ရုတ်ဖြစ်နေသောအခြေအနေကို ရပ်တန့်လိုက်သော စကားတစ်ခွန်း ။

ထိုစကား ပြောလိုက်သူမှာ သူ၏ ခပ်သေးသေး ကိုယ်လုံးလေးကို ကျောက်စိမ်းရောင်
ဖဲသားညအိပ်ဝတ်စုံ တို့ဖြင့်ဖုံးထားသည်။
ဖြူစွတ်စွတ်အသားအရေကိုမှ ပါးမို့
ဖောင်းဖောင်းများကပန်းရောင်သန်းလျက်။

အိပ်ယာနိုးနိုးချင်းမို့ခပ်ရှုပ်ရှုပ်ဖြစ်နေသော
ဂုတ်ဝက်လောက် ဆံပင်ကို နှဖူးထိပ်မှ လက်ဖြင့်လှန်သပ်၍ မိမိရှေ့က အော်ဟစ်နေတဲ့လူကို အင်တင်တင်အကြည့်ဖြင့်…

"အစောကြီး ရှိသေးတယ် လူအိပ်နေတာလေ
လူလိုနားမလည်ဘူးလား? လူ့ကျင့်ဝတ်မသိတာလား? စောစောစီးစီး လာအော်နေတဲ့ အသံကိုက မယားငယ် တုံးပိအသံနဲ့. ကျက်သရေယုတ်တယ် "

သူမအရှေ့ရှိ လူ၏ဒေါသများမှာ မြင်ရလျှင် ငရဲမီးလောက်ရှိပေလိမ့်မည်။

ကြာပန်းသခင် ဆိုတဲ့ ၂၅ နှစ်အရွယ် မိန်းမပျိုလေးက နာမည်အတိုင်းမွေးကထည်းက သခင်လိုနေလာခဲ့တဲ့သူ။

သူ့လက်အောက်ကလူတွေကို သူ ထားရာနေ စေရာသွား ပြန်ခံမပြောရဲအောင်တစ်ယောက်မကျန်ပုံသွင်းနိုင်တဲ့အထိ အာဏာစက်ပြင်း၏။ ဒီခြံဝင်းတစ်ခုလုံးရဲ့ အရှင်သခင်မ ဆိုရင်လည်းမမှား။

Flower & Fox {f & f}Where stories live. Discover now