Chapter (11)

1.7K 131 8
                                    

uni

"ကိုနွေးဧရာ အဆင်ပြေသွားမှာပါ"

"ကျွန်တော် တကယ်မထင်ထားဘူးဗျာ ကျွန်တော့် ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်တာ "

"ကျွန်မနားလည်ပါတယ် နောက်တော့ အဆင်ပြေသွားမှာပါ"

နှစ်ယောက်သား အတိုင်အဖောက် ညီနေလိုက်ကြတာ။လင်း ကြည့်နေတယ် ဘာမှဝင်မပြောသေးဘူး။ စိတ်တော့သိပ်ကြည်မနေ။

လင်းသိတယ်။ အဲ့ဒီ့ကောင် လင်းကို သက်သက်မဲ့ စိတ်ဆွနေတာ။ ငယ်ငယ်က
ထည်းက ပေါင်းလာတဲ့ကောင်ပဲ ဘယ်လောက် သရုပ်ဆောင်ကောင်းလဲ သိတာပေါ့။

"ကျွန်တော်တကယ်မခံစားနိုင်ဘူးဗျာ..ရွှတ်.."

"အယ် ကိုနွေးဧရာရယ် မငိုပါနဲ့ "

"ဟေး ဟေး နေပါအုံး အဲ့ဒါဘာလုပ်တာလဲ "

"ဘာလုပ်နေလို့လဲ "

ဧရာက ရုတ်တရတ်ကြီး ထငိုလာတာကြောင့် ပန်းလည်း ယောင်ပြီးကျောကိုပွတ်ပေး လိုက်မိသည်။အဲ့ဒါကို လင်းမြင်တော့ စိတ်ထဲ ဘယ်လိုကြီး ခံစားလိုက်ရမှန်းကိုမသိတာ။

ဒါသဝန်တိုတယ်လို့ ခေါ်တာလား။ လင်းမသိပါ။

ဘာကြီးပဲ ဖြစ်​​ဖြစ် လင်း တစ်ယောက် အဲ့ဒီ့ခံစားချက်ကြီးကို မခံစားနိုင်တော့တဲ့အဆုံး ပန်းလက်ကို ဆွဲပြီး ထွက်သွားဖို့ပြင်လိုက်သည်။

"ရှင် ဘယ်သွားမလို့လဲ လွှတ်!"

ပန်း ရော လင်းပါ ဧရာ့မြင်ကွင်းထဲက ပျောက်သွားပြီးနောက်မှာတော့ ဧရာ တစ်ယောက် ထည်း ခေါင်းကြီးငုံ့ရင်း....

"ဖွီး...ဟားဟားဟား အမလေ့ သူ့မယားကို အသည်းအသန်တွေဖြစ်နေတာ။
ဒီကကောင်ကြီးက အကွေးပါနော်......

ဟင့် အဟင့် ဗြဲ! အားကျလိုက်တာ!!"

ဧရာ တစ်ယောက် လင်းပုံစံကို ကြည့်ပြီးဟက်ဟက်ပက်ပက် ထရယ်မိလိုက်သော်လည်း ကိုယ့်မှာ တိုစရာလူ မရှိမှန်းသတိရသွားသောအခါ မျက်ရည်အစစ်
နှစ်စက် ကျသွားသည်။

ထိုစဥ် တွေ့လိုက်ရတဲ့ မြင်ကွင်း တစ်ခုကြောင့် မျက်ရည်ပါ ပြန်ဝင်သွားသလို။

Flower & Fox {f & f}Where stories live. Discover now