Chapter (30)

1.8K 117 14
                                    

uni

"လင်း ငါတောင်းပန်ပါတယ်.. ငါ.ငါ.. တကယ်ဆီပူလို့ မထင်...."

"နင်က ဘာကိစ္စ ငိုနေတာလဲဟ .. ငါက ငါ့ကိုလုပ်လို့ပြောတာ မဟုတ်ပါဘူးဟ..  ငါ့ကိုမမုန်းဖို့ပြောတာပါ.."

ဧရာ ငိုနေလို့ မငိုဖို့ပြောနေတဲ့လင်းက သူကိုယ်တိုင် ကြတော့ ငိုနေလေရဲ့။ ဧရာ ထက်ပိုကောင်းတဲ့ သူငယ်ချင်း လင်းမှာ မရှိတော့ဘူး။

သူ့ဟာနဲ့သူ နေသာသလိုနေရင် အဝေးကြီးလွတ်နေတဲ့ ကိစ္စကို လင်းနဲ့အတူဒုက္ခခံပေးခဲ့တာ.။ မကာကွယ်နိုင်ခဲ့ပေမဲ့ အမြဲလင်းဘက်မှာပဲ ရပ်တည်ပေးခဲ့တာ..။

ဒီလောက်ကတော့ ပြန်ပေးသင့်တယ်လို့ လင်း တွေးနေတာပါ.။ ဧရာကတော့ တောင်းပန်ပါတယ်ကြီး ဆက်တိုက်ငိုယိုပြီး ပြောနေတော့တာ။

တစ်ရက်ပါပဲ နောက်နေ့တွေကြတော့ နှစ်ယောက်သား အရင်လိုပဲ ။ လင်း ဆေးရုံက ဆင်းတော့ ဧရာက သူ့အိမ်မှာလိုက်ကစားဖို့ အဖေ့ကို အတင်းပူဆာတော့သည်..။

အဲ့ဒီ့လိုနဲ့ လင်း တစ်နေကုန် ဧရာတို့အိမ်မှာလိုက်နေပြီး အိပ်ခါနီးမှ ပြန်လာတယ်။ ပြန်ရောက်ရင် ရောက်တဲ့အချိန် ရတဲ့နည်းနဲ့
နှိပ်ဆက်ကြပေမဲ့ အရင်ကလောက်တော့
မဆိုးဝါးတော့ဘူး။

ဒီလိုနဲ့တစ်ဖြည်းဖြည်း အချိန်တွေကုန်လွန်သွားပြီး လင်း ၁၉နှစ်ပြည့်တော့ ဧရာ့အဒေါ်အိမ်ကို အပြီးပြောင်းလာခဲ့တယ်..။

လင်းက တကယ် သန်မာတဲ့မိန်းကလေးပါ။ ဒီလောက်အတူတူကြီးပြင်းလာတာ နည်းနည်းလေးတောင် စိတ်မယိုင်မိဘူးလားဆိုတော့ လုံးဝပါဘဲ။နှစ်ယောက်စလုံး ရိုးရိုးသားသား သူငယ်ချင်းတွေပါ။

ဧရာ ငါးတန်းကတည်းက ယောက်ျားလေးကို
အချစ်ဦးတော်လိုက်မိလို့ gay စာရင်းထဲဝင်သွားတာ ဘယ်တော့မှ ပြန်မဖြောင့်တော့ပါ။

လင်းအကြောင်း တွေးနေရင်း ရုတ်တရတ်
အချစ်ဦးကို သတိရသွားတာကြောင့် ချက်ချင်းပဲ ရပ်တန့်လိုက်တော့သည်.။ သီချင်းကို အသံကုန်ချဲ့ပြီး ကားကိုသာ အာရုံ စိုက်မောင်းလိုက်တော့သည်..။

ဘယ်သူထင်မှာလဲ ကိုယ်အမုန်းဆုံးရန်သူက
ကိုယ့်ရဲ့အချစ်ဦး ဖြစ်နေလိမ့်မယ်လို့...။

Flower & Fox {f & f}Dove le storie prendono vita. Scoprilo ora