Chapter (34)

1.7K 120 2
                                    

uni

"နေစမ်းပါအုံး နင်က ဖုန်းထဲကနေ ပြန်လာလို့ရပြီ လို့ပြောရင် ရရဲ့သားနဲ့ ဘယ်လိုဖြစ်ပြီး လူကိုယ်တိုင်ရောက်ချ လာတာလဲ"

"စိတ်မချလို့လေ နနင်ကအမြဲတမ်း တလွဲ လုပ်နေတာကို.. "

လင်း စိတ်ဝင်တစားမေးလိုက်ပေမဲ့ ဧရာ့အဖြေကြောင့် မေးမိတဲ့ကိုယ်သာအမှား လို့တွေးမိသွားသည်။

"ဒါနဲ့ နင်ကဘာကိစ္စ ငါ့ကိုဒီခေါ်လာတာတုန်း"

လင်း မိမိရောက်နေတဲ့ ပတ်ဝန်းကျင်ကို
ကြည့်လိုက်မိတော့ ရင်းနှီးနေတာမျိုး
မဟုတ်လို့ မေးလိုက်ခြင်း။

ခပ်သန့်သန့် cafe လေးတစ်ခု။ အရမ်းကြီး ထည်ဝါနေတာမျိုး မဟုတ်သလို ဟောင်းနွမ်းလည်းမနေဘူး။ တိတ်ဆိတ်​ပြီး အေးချမ်းတယ်။ အပင်လေးတွေလည်း စိုက်ထားသေးတယ်။

ပန်း သာဆို သိပ်သဘောကျမှာလို့တောင် တွေးလိုက်မိသေး..

"နင့်ကို တွေ့ချင်လို့ တဲ့"

"ဘယ်သူကလဲ"

"ကိုဇေယျ."

လင်း သိသိသာသာ ငြိမ်ကျသွားတယ်။ ဧရာ နဲ့က ရန်ငြိုးမရှိတာမှန်ပေမဲ့ ၊ ကိုယ်နဲ့ကြတော့ ကမ္ဘာ့ရန်ဘက်တွေလေ။ အဲ့ဒါကို ဒီလို တွေ့ဖို့အထိ စီစဥ် ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

လင်း ပုံစံကိုကြည့်ပြီး ဧရာ သူ့ကိုအထင်လွဲနေပြီ ဆိုတာသိလိုက်ရတယ်။ အဲ့ဒီ့လိုဖြစ်မယ်လို့ ကြိုတွေးပြီးသားပါ။ ကိုယ်လည်း ပုံမှန်ဆို သူ့ထက်တောင်အရင် ငြင်းထုတ်မိမှာ။
ဒါပေမဲ့ မတူတဲ့ အကြောင်းပြချက်ကြောင့် အခုလို တွေ့ဖို့ စီစဥ်ပေးလိုက်မိတာ။

"sry နည်းနည်းနောက်ကျသွားတယ် ကားလမ်းတွေ ပိတ်နေလို့.."

ဇေယျ လင်း အရှေ့က ခုံမှာဝင်ထိုင်လိုက်သည်။ လင်း ကတော့ ရောက်လာတာကို ဂရုမစိုက်ဟန် မှန်အပြင်ဘက်က အပင်လေးတွေကိုသာ ကြည့်နေသည်။ ဇေယျလည်း ပြောမဲ့စကားက လည်ချောင်းမှာတစ်နေပြီး ဘယ်လိုအစချီ၊ ဘယ်လိုပြောရမှန်းမသိတောင်မသိတော့...

တစ်သက်လုံး လုပ်ချင်တိုင်းလုပ်လာပြီးမှ အခုတောင်းပန်စကား ပြောမယ်ဆိုတော့ မျက်နှာပြောင်တိုက်သလိုများ ဖြစ်နေမလား။
ဇေယျ မတွေးတတ်တော့ပါ။ ပါးစပ်ထဲရှိတဲ့စကားနဲ့ပဲ အစချီလိုက်မိတယ်။

Flower & Fox {f & f}Where stories live. Discover now