Chapter (35)

1.7K 118 8
                                    

uni

ဟော့ပေါ့ ဆိုင်တစ်ခုတွင် ဖြစ်သည်။

"ဘာ! အ့ ရှီး ပူလိုက်တာ.. "

လင်း စီက မထင်မှတ်ထားတဲ့ အရာတစ်ခုကို ဧရာ ကြားလိုက်ရတာမို့ လန့်ဖြန့်ပြီး ထအော်လိုက်မိ တော့ လက်ထဲက ဟင်းရည်ပူ အနည်းငယ်ပေါင်ပေါ်ဖိတ်ကျသွားသည်။

"ငါတို့ လက်ထပ်တော့မယ်လို့ "

"နင်..နင်တို့.. တကယ်ကြီးပြောနေကြတာလား.. "

"နောက်စရာလားဟ မယုံရင် ပန်းကို
မေးကြည့် "

ဧရာ သူ့အရှေ့မှာ ထိုင်နေတဲ့ ပန်းကို ပြူးကြောင်ကြောင်နဲ့ လှမ်းကြည့်လိုက်မိသည်။ ပန်း ကလည်း လင်းကို ကြည့်ကာ ရှက်ပြုံးလေးနဲ့ ခေါင်းငြိမ့်လာတော့မှ.....

"ဟား... ကောင်မ လင်း ငါသေမတတ် ဂုဏ်ယူတယ်ဟာ.. ငါ့သယ်ရင်းကြီး မိန်းမရတော့မယ် ငါတကယ် ဝမ်းသာတယ်ဟာ ဒါနဲ့ ဘယ်တော့လဲ? "

ဧရာ့ စကားတွေက အလိမ်အညာတွေ မဟုတ်မှန်း မျက်နှာမှာ တကယ်ပေါ်လွင်နေပါတယ်။ မသိရင် သူယောက်ျားရတဲ့အတိုင်း ပါးစပ်ကပြုံးဖြီးနေတာမှ နားရွက်တက်ချိတ်တော့မဲ့အတိုင်းပဲ။

"အဲ့ဒါတော့ မတိုင်ပင်ရသေးဘူး. တတ်နိုင်သမျှမြန်မြန်ပေါ့ ဟယ်.. "

"အမ်.. အာ့ဆို ဒီဝိုင်း.. နင် ဟဲဟဲ နင်သိပါတယ်."

"အေးပါဟာ ကျွေးဖို့ခေါ်လာတာကို.. မျိုမျို. ငါရှင်းမှာ.."

စားပွဲပေါ်က ဟော့ပေါ့အိုးတွေကို လက်ညှိုးတထိုးထိုးနဲ့ ဒကာခံခိုင်းဖို့ မျက်စပစ်နေတဲ့
ဧရာ့ စိတ်ထဲမှာတော့ ဝမ်းသာခြင်းအပြည့်။

နောက်ဆုံးတော့ လင်း သူ့ရဲ့ မေတ္တာစစ်ကို ရှာတွေ့ခဲ့ပြီထင်ပါတယ်။ တစ်သက်လုံး သူ့အနား မှာနေပေးနိုင်မဲ့သူ သူ့ရဲ့အရာရာကိုလက်ခံပေးနိုင်တဲ့သူ ရှာတွေ့သွားပြီ ထင်ပါတယ်..။

ရှားရှားပါးပါး သူငယ်ချင်းလေး တစ်ယောက်
ထည်း ရှိတာမို့ သူဘဝလေး နေပျော်သွားရင် ကိုယ်လည်း ထပ်တူထပ်မျှပျော်ပါတယ်..။

"ဟဲ့ ကွေးဧရာ နင် ငိုနေတာလား.."

"ဗြဲ!.. သစ်က ဟော့ပေါ့ အရမ်းကြိုက်တာကွ.."

Flower & Fox {f & f}Where stories live. Discover now