Chapter (4)

1.7K 129 6
                                    

uni

ပန်း လင်းကိုမကျေနပ်ပါ။ မိမိအသည်းအသန်ပြောနေတုန်းကတော့ ခါးခါးသီးသီးငြင်းနေပြီး အခုမှ တာဝန်လာယူပြနေတာ။

ဒါသက်သက်မဲ့နဲ့ ပန်းကို စပရိုက်မာသာဖက်ကာ လုပ်သွားတာ။

ပန်းသိချင်တယ် သူအစကထည်းက ဒီလိုလုပ်ဖို့ကြံစည်ထားတာလား၊ဒါမှမဟုတ် တစ်ခုခုကြောင့် အစီအစဥ်ပြောင်းလဲလိုက်တာလားဆိုတာ။ ဒါပေမဲ့လည်း ပန်းကို အကြပ်အတည်းထဲက ဆွဲခေါ်သွားတယ်ပြောရမလား။ ရှယ်ယာရှင်တွေ ရဲ့ မေးခွန်းတွေလည်းရပ်သွားပြီး meeting ကိုလည်း အမှားမရှိ အဆုံးသတ်နိုင်ခဲ့တယ်။

..............

ရှယ်ယာရှင်တွေ အကုန်ပြန်သွားပြီးတဲ့နောက် meeting room ထဲတွင် လူသုံးယောက်သာ ကျန်ခဲ့တော့သည်။

"အမဝတီ ပန်းကို ညနေကြရင် record ပို့လိုက်နော် ပြီးတော့....."

"ကြာပန်းသခင်! "

ပန်း သူရဲ့ secretary မိုးဝတီနှင့် စကားပြောနေသည်ကို လင်းမှ ကြားဖြတ်ဝင်ပြောလိုက်ခြင်း။ ပန်း တစ်ချက် လှည့်ကြည့် လိုက်ပြီး အမဝတီ နှင့် ပြောလက်စ စကားဆက်ပြောနေလိုက်သည်။

"ဘာ အခု ငါ့ကို မသိချင်ယောင်ဆောင်လိုက်တာလား?"

လင်း နားမလည်ဟန် မျက်နှာပေးဖြင့် ပန်းအား မကြားတကြားပြောလိုက်သည်။

"ကြာပန်းသခင်.!!"

ဒီတစ်ခါခေါ်သံက ပထမတစ်ခေါက်နဲ့မတူပဲ ဒေါသနည်းနည်းပါဟန်ဖြင့် အော်သယောင် ခပ်ကျယ်ကျယ် အသံဖြင့် ခေါ်ခြင်း။

ထိုအခါမှ ပန်းကလည်း အမဝတီကို သွားလို့ရပြီဟု ခေါင်းငြိမ့်ကာ ပြလိုက်သည်။ မိုးဝတီထွက်သွားပြီးသည့်နောက် meeting room ထဲတွင် လင်း နှင့် ပန်း သာကျန်ခဲ့တော့သည်။

" ဘာလဲ?"

ပန်းရဲ့ခပ်ပြတ်ပြတ်မေးခွန်းကို လင်းတုံ့ပြန်ပုံက…

"ဘာလဲ ဟုတ်လား။ နင် ငါ့ကို ပြောစရာမရှိဘူးလား?"

လင်း ပန်းအား အံသြလိုက်တာဆိုတဲ့
အကြည့်မျိုးနဲ့ ခါးထောက်ကာ မေးလိုက်ခြင်း။

"ဘာပြောရမှာလဲ ဘာမှမှပြောစရာမရှိတာ"

ဟုတ်တယ်လေ ပန်းဘာပြောရမှာလဲ ။ ပန်းစီက နေ ကျေးဇူးတင်စကားကို မျှော်လင့်နေတာလား။ ဘာလဲ သူ့လုပ်ရမဲ့တာဝန်သူလုပ်တာကို ခခယယ ကျေးဇူးတင်ရမှာလား။
သေတောင်သွားအုံးမယ် လုံးဝမပြောနိုင်ဘူး။

Flower & Fox {f & f}Where stories live. Discover now