part 1

4.5K 166 5
                                    

လရိပ်ရောင်ဝါ အိပ်နေရင်း ရေဆာတာကြောင့် အောက်ထပ်သို့အိပ်ချင်မူးတူးဆင်းလာတယ်

"မီးပျက်နေတာထင်တယ် မှောင်မဲနေတာဘဲ အားးး!!!"

မမြင်မစမ်းနဲ့မို့ခလုတ်တိုက်ပြီးဒလိမ့်ကောက်ကွေးပြုတ်ကျသွားတော့တယ်

"ယီး ဘဲလန့်လိုက်တာ ကြောင်စုတ် ဘာကြောင့်ငါ့အနားလာထိုင်နေရတာလည်း "

မိမိနိုးလာတော့အနားမှာထိုင်ပြီးစူးစိုက်ကြည့်နေတဲ့ကြောင်နက်ကြည့်ကြောင့်လန့်ကာဆဲမိတယ်

"Hostနိုးလာမှာကိုထိုင်စောင့်နေတာပါ"

"Hostလို့မင်းငါ့ကိုခေါ်လိုက်တာလား"

"ဟုတ်ပါတယ် hostက လှေကားပေါ်ကပြုတ်ကျပြီး ကျွန်တော်တို့ရဲ့အလှလေး systemနဲ့ချိတ်ဆက်မိတာပါ"

" လဉဘဲ ငါသေတဲ့ချိန်ဘာမကျေနပ်မှုမှမရှိဘဲဘာလို့ချိတ်ဆက်ရမိတာလည်း"

" Hostကအ‌လှလေးမို့လို့ပါ"

"ငါကယောက်ျားလေးကွ! ဘာလို့အလှလေးဖြစ်ရမှာလည်း"

"Host စကားမများနဲ့တော့ systemအကြောင်းပြောပြမယ်"

"ဘောဘဲ ငါ့ပါးစပ်နဲ့ငါပြောတာ ယီးဖြစ်လား"

"Hostကရုပ်ကလေးလှသလောက်တအားကိုရိုင်းစိုင်းတာဘဲ"
မိမိရှေ့ဆရာကြီးစတိုင်လာဖမ်းနေတဲ့ကြောင့်နက်ကိုလရိပ် ဆွဲပြီးမလွှတ်ပစ်မိအောင်မနည်းထိန်းနေရတယ်

"ရိုင်းတော့ဘာဖြစ်လဲ!"

"တော်ပြီတော်ပြီ host နဲ့အပိုတွေမပြောတော့ဘူး systemအကြောင်းဘဲပြောတော့မယ် ကျွန်တော်တို့ systemကဝတ္ထုတွေထဲက အလှလေးတွေရဲ့ကိုယ်ထဲဝင်ပြီး သူ့တို့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရမှာပါ "

"ငါဘာပြန်ရမှာလည်း မင်းတို့နဲ့ joinရင်"

"မူလကမ္ဘာကိုပြန်သွားနိုင်ပါတယ် ပြီးရင်ဝတ္ထုထဲကလူသားတွေကလွဲ၍ Hostကြိုက်ရာ၁ခုချင်းဆီယူခဲ့နိုင်ပါတယ်"

"Ok လေ မင်းတို့systemမှာလူမသတ်ရတာတို့ oocတို့ရှိလား ရှိရင်ငါမကစားဘူး "

"မရှိပါဘူး host"

"ကောင်းပြီ ဒါဆိုပထမဝတ္ထုဆီသွားကြတာပေါ့ "

အလှလေး 🍁 system 🍁Where stories live. Discover now