part 10

1.2K 129 4
                                    

အလှလေး system

ရှောင်ရိုဟွာ လှလှပပလေးဖြစ်အောင်ပြင်ဆင်ပြီး
ဖန်ပင်း ရှိရာအိမ်တော်သို့လာခဲ့တယ်
အခု ဟိုအကောင်လေး မရှိတာကြာပြီ ဖန်အိမ်တော်ရဲ့သခင်မရာထူးကသူ့အတွက်ဘဲဖြစ်ရမှာ...

'host '

'အင်း'

'ဇာတ်လိုက်မဒီအိမ်‌ ရှေ့ရောက်နေပြီ '

'ဟုတ်လား အဟက်! ငါအောက်ထပ်ဆင်းလိုက်ဉီးမယ်'

ရှောင်ရိုဟွာက လောင်ရှင်းသူငယ်ချင်းမို့ ဒီအိမ်ကိုဝင်ထွက်ခွင့်ရှိနေတယ် ဒါကြောင့်ဧည့်ခန်းမှာလှလှပပလေးဝင်ထိုင်လိုက်စဉ်

"ရိုဟွာ...."
လောင်ရှင်း ပျော်ရွှင်နေတဲ့အပြုံးလေးနဲ့ဇာတ်လိုက်မဆီပြေးလာတယ်

"နင်...နင်ဘယ်လိုပြန်ရောက်နေတာလဲ"
ဇာတ်လိုက်မ မျက်နှာသိသိသာသာပျက်ကျသွားတာကိုကြည့်ပြီး လောင်ရှင်းကြိတ်လှောင်နေလိုက်တယ်

"အဲ့တာက ပင်းအာကပြန်လိုက်ခေါ်တာမို့"

"သူ နင့်ကိုထိခိုက်အောင်လုပ်သေးလား"
သူ့ရှေ့က သူငယ်ချင်းကောင်းပီသသလိုဟန်ဆောင်နေတဲ့ဇာတ်လိုက်မကို လင်းရှောင်ကန်ထုတ်ချင်လာတယ်

"ပင်းအာက ငါ့ကိုအရမ်းချစ်တာလေ ထိခိုက်အောင်မလုပ်ပါဘူး"
လောင်ရှင်းအလှပဆုံးပြုံးနေပေမဲ့ ဇာတ်လိုက်မကတော့အံကြိတ်ထားမိတယ်

"နင် ရှုးနေတာလား သူကနင့်ကိုမချစ်ဘူး သူ့ကိုယ်သူချစ်တာ အရင်ကနင့်အပေါ်သူဘယ်လိုဆက်ဆံခဲ့လဲမေ့သွားပြီးလား"

"သူက ငါ့ကိုချစ်ပါတယ် ငါကသာသူ့အချစ်တွေမမြင်မိခဲ့တာ အခုကစပြီးသူ့ဆီကထွက်ပြေးဖို့မကြိုးစားတော့ဘူး"

"ထားပါတော့ ငါမပြောတော့ဘူး နင်ကအချစ်ရူးဖြစ်နေပြီ  ပြန်တော့မယ်"

"Bb ဂရုစိုက်ပြန်နော်"

"အင်း"
ရိုဟွာ ဖန်ပင်းကိုတွေ့ချင်လို့လာတာပေမဲ့ ကျက်သရေမရှိတဲ့သူနဲ့တွေ့ရ‌တာကြောင့် ဒေါသထွက်ပြီး လောင်ရှင်းကိုချိုချိုသာသာဆက်ဆံဖို့ပင်မေ့တယ်.......

လောင်ရှင်းသူ့ကိုကျောခိုင်းပြီးထွက်သွားတဲ့ဇာတ်လိုက်မကိုနတ်ဆိုးဆန်ဆန်ပြုံးရင်ကြည့်နေလိုက်တယ်

အလှလေး 🍁 system 🍁Where stories live. Discover now