part 11

1.2K 125 2
                                    

အလှလေး system

ဖန်ပင်း တစ်ကယ်ကိုပျော်ရွှင်နေတယ်
ရှောင်းကသူ့ကိုထမင်းစားဖို့အတွက်စောင့်နေမယ်တဲ့

"သခင်လေး စုံစမ်းခိုင်းထားတာရပါပြီ"

"အင်း "
ဖန်ပင်း အတွင်းရေးမှူးပေးတဲ့ဖိုင်တွဲကိုဖွင်ကြည့်လိုက်တော့ နဂိုပျော်ရွှင်နေတဲ့စိတ်ကလေးကဒေါသလွှမ်းသွားတယ်

ရှောင်ရိုဟွာ သူမကိုရှောင်းကအမြဲတမ်းအလေးထားတယ် ဒါပေမဲ့သူမကတော့ရှောင်းရဲ့နောက်ကျောကိုဓားနဲ့ထိုးတယ် ရှောင်းအနားသူမမကပ်နိုင်တော့အောင်လုပ်ရမယ်

🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝
"အချစ်ကလေး...."
ရှောင်ရိုဟွာသူ့ကိုလာဖက်တဲ့လက်တွေကိုသဘောမကျပေမဲ့ ဖန်ပင်းကိုမပိုင်ခင် ရွှေပေါင်လုံးလိုသေးတာကြောင့်သည်ခံလိုက်တယ်

"ဉီး~~~~"

"ပြောလေ အချစ်ကလေး ဘာလိုချင်လို့လဲ??"

ရှောင်ရိုဟွာ ဝမ်းနည်းနေတဲ့ပုံဖန်တီးယူလိုက်ရင်း
"ရိုဟွာလေ.."

"ဘာဖြစ်လို့လဲ"

"အနိုင်ကျင့်ခံရတယ်"

"ဘာ!! ဘယ်သူအနိုင်ကျင့်ရဲတာလည်း"

"ဉီးသူ့ကိုသိပါတယ် သူကလောင်ရှင်းလေ"

"လောင်...လောင်ရှင်းသူက ဟိုမျိုးမစစ်လေးရဲ့ချစ်သူမလား"

"ဟုတ် ..သူကရိုဟွာကိုအမြဲတမ်းအနိုင်ကျင့်တယ် ရိုဟွာအတွက်လက်စားချေပေးပါလားဟင်"

"အချစ်ကလေးဖြစ်ချင်ရင် ကိုယ်ကဖြည့်ဆည်းပေးမှာပေါ့"

"ဒါကြောင့်မို့ဉီးကိုချစ်တာ "
ခနအတွင်း ရိုဟွာရဲ့အခန်းထဲမှာ ညည်းသံတွေပြည့်သွားတယ်

🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝🐝
'host ကျွန်တော်ပြောတာကိုနားထောင်နေရဲ့လား!!'

'အင်းငါနားထောင်နေတယ်လေ'
နားထောင်တယ်သာပြောပြီး ဟင်းကိုသာဂရုတစိုက်ချက်နေတာကြောင့် system လေးမှာစိတ်မရှည်တော့ပေ

'host!!!!!! '

'ဘာလဲကွာ!'

'ဇာတ်လိုက်မက ဖန်ပင်းရဲ့ ဉီးလေးကိုအပိုင်ချုပ်ပြီး host ကိုသတ်ဖို့ကြံစည်နေတယ်'

အလှလေး 🍁 system 🍁Where stories live. Discover now