"ရှန့်...နေရတာသက်သာရဲ့လားဟင်"
မုရန်ရှန့်ဖျော့ဖျော့လေးပြုံးလိုက်တယ်
"ရှန့်အဆင်ပြေပါတယ် ကလေးလေးရောဟင် "
"သူလည်း အဆင်ပြေပါတယ် ရှန့် နားလို့ရအောင်ကိုယ်တော် အဆောင်ဆီခေါ်သွားပေးမယ်"
ဝမ်ရှောင် မုရန့်ရှန့်ကို အဆောင်ဆီပြန်ပို့ပြီး
သမားတော်ဆီထွက်လာခဲ့တယ်"ကိုယ်တော်သူတို့နှစ်ဉီးလုံးကိုမဆုံးရှုံးချင်ဘူး"
"တောင်းပန်ပါတယ် အရှင်မင်းကြီး ပန်လူမျိုးစုရဲ့အဆိပ်ကမိပြီး အမွှေးတိုင်တစ်တိုင်စာအတွင်းအဆိပ်ဖြေဆေးတိုက်နိုင်မှရမှာပါ အဲ့အချိန်ကျော်သွားရင် အသက်ကို၈လ(သို့)၁နှစ်လောက်ဘဲဆွဲဆန့်ထားနိုင်မှာ"
ဝမ်းနည်းနေတဲ့အရှင်မင်းကြီးကိုကြည့်ပြီး သမားတော်ကြီးမှာလည်းဝမ်းနည်းရပါတယ်
ဒါပေမဲ့ သူမှမကယ်ပေးနိုင်တော့တာ🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
မုရန်ရှန့် ဝမ်ရှောင်ပြန်ထွက်သွားတာချိန် systemနဲ့စကားပြောနေလိုက်တယ်
'host တစ်ကယ်ကြီး အဆိပ်ဖြေဆေးမယူဘူးလား '
'အင်း မယူဘူး'
'ဘာလို့လဲ??'
' missionပြီးတာနဲ့ဒီဝတ္ထုကထွက်မှာ အဆိပ်ဖြေဆေးမယူတာက ဇာတ်လိုက်ကို သူချစ်ရတဲ့သူနာကျင်နေတာကိုကြည့်ပြီး ရင်ကွဲမတတ်ခံစာစေချင်လို့'
'hostကရက်စက်လိုက်တာ ဇာတ်လိုက်သနားပါတယ်'
'သူကသနားစရာမကောင်းဘူး ငါသာမဝင်လာခဲ့ရင် မုရန်ရှန့်က အထင်လွဲခံရပြီးသနားဖွယ်သေဆုံးရမှာ '
systemလေးမှာတော့ပြောစရာစကားတွေပျောက်ရှသွားတယ်
အလှလေးဆိုတိုင်းမငမ်းမိစေနဲ့ သူတို့ကပိုပြီးကြောက်စရာကောင်းတယ်🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
ဝမ်ရှောင် ဒေါသတကြီးအချုပ်ခန်းတံခါးကိုဖွင့်ဝင်လာတယ်
"အရှင်...ကျွန်တော်မျိုးမကိုလာတွေ့တယ် "
ပန်ဟွကအရူးတစ်ယောက်လိုပြုံးနေပေမဲ့ ဝမ်ရှောင်ရဲ့မျက်လုံးတွေထဲမှာတော့ ဒေါသမီးလျှံတွေတောက်လောင်နေတယ်
YOU ARE READING
အလှလေး 🍁 system 🍁
Romancesystemမို့ကြိုက်ရင်ဖတ်ပါရှင့် အရေးအသားမကောင်းတာမို့သည်းခံပေးပါ ဖတ်နေကျsystem တွေနဲ့ကွဲလွဲနေရင်တောင်းပန်ပါတယ်