"မယ်မယ် နှင်းတွေကျနေတယ်လေ အထဲဝင်ပါတော့လား"
"မဝင်ချင်သေးဘူး ရှောင်ရှင်း"
"ဘာလို့လဲ ??"
"ဒီလိုနှင်းတွေကျနေတော့ အရှင်နဲ့ပထမဆုံးတွေ့ခဲ့တဲ့နေ့ကိုသတိရသွားလို့ အဲ့တုံးက ပထမဆုံးအိမ်အပြင်ခိုးထွက်တဲ့နေ့လေ စာပေဘဲသင်ကြားခဲ့တဲ့ ငါ့ကိုလူတစ်စုလက်ကကယ်တင်ပေးခဲ့တာ နောက်နေ့တွေမှာအရှင့်ကိုတွေ့နိုင်ဖို့အိမ်ကအမြဲခိုးထွက်ခဲ့ပေမဲ့၄ရက်မြောက်မှအရှင်ကိုပြန်တွေ့ခဲ့ရတာ"
မုရန်ရှန့် လွမ်းဆွေးနေသလိုမျိုး အဝေးကိုငေးနေလိုက်တယ်
'hostကသရုပ်ဆောင်တော်လိုက်တာ ဇာတ်လိုက်တော့ကြွေကျသွားပြီ'
'ငါကအရာရာတော်ပြီးသားလေ'
'hostလိပ်ကြီး'
ဝမ်ရှောင် ရှန့်ဆီလာလည်ရင်း အတိတ်ကိုပြန်ေပြာပြကာသူ့ကိုသတိရနေတာကြောင့်ပျော်ရွှင်သွားသလို ပန်ဟွအပေါ်လဲရွံရှာသွားတယ် သူမက ရှန့်နဲ့သူ့(ဝမ်ရှောင်)ကြားကို သွေးခွဲချင်နေတာ
"ရှန့် အပြင်မှာအေးတယ်လေ"
ဝမ်ရှောင် မုရန်ရှန့်အနားသွားလိုက်ပြီး သူ့ရဲ့အပေါ်ရုံကို ခြုံပေးလိုက်တယ်
" ရှောင်ယွီ အာ..မှားသွားလို့ တောင်းပန်ပါတယ်အရှင်"
ဝမ်ရှောင်ပြုံးလိုက်တယ်
"ကိုယ့်အချစ်လေးက ဒီနာမည်လေးကိုအခုထိမှတ်ထားသေးတာဘဲ "
"ကျွန်တော် အရှင်နဲ့ပတ်သက်ရင်အကုန်မှတ်မိပါတယ် အရှင်နဲ့စတွေ့တဲ့နေ့က လောကတစ်ခွင်လျှောက်သွားနေတဲ့ သိုင်းသမားလေး ရှောင်ယွီလို့ပြောခဲ့တာ"
ဝမ်ရှောင်မုရန်ရှန့်ကို သူ့ရင်ခွင်ထဲထည့်ပြီးဖက်ထားလိုက်တယ်
"မင်းလဲကိုယ့်ကို မုအိမ်တော်ကမှန်းမပြောပြခဲ့ဘူးလေ ကိုယ့်မှာတော့မင်းကိုလိုက်ရှာခဲ့တာ နောက်ကျမှမုအိမ်ကကျော်ကြားတဲ့အလှလေးဖြစ်နေမှန်းသိခဲ့ရတာ"
မုရန်ရှန့် ဝမ်ရှောင်ရဲ့မျက်နှာချောချောကို မော့ကြည့်လိုက်တယ်
YOU ARE READING
အလှလေး 🍁 system 🍁
Romancesystemမို့ကြိုက်ရင်ဖတ်ပါရှင့် အရေးအသားမကောင်းတာမို့သည်းခံပေးပါ ဖတ်နေကျsystem တွေနဲ့ကွဲလွဲနေရင်တောင်းပန်ပါတယ်