မုရန်ရှန့် ပန်ဟွဆီကဗျပ်စောင်းကိုလက်လွဲယူပြီး ခန်းမအလယ်ကိုလျှောက်သွားလိုက်တယ်
"အခုတီးခတ်မဲ့သံစဉ်ကကိုယ်တိုင်းရေးစပ်ထားတာအရှင်မင်းကြီးသဘောကျမယ်လို့မျှော်လင့်တယ် "
ဝမ်ရှောင် ရှန့်ကိုပြုံးပြလိုက်ပေမဲ့မုရန်ရှန့်မျက်နှာလွဲလိုက်ပြီးသံဇဉ်ကိုစတင်တီးခတ်ခဲ့တယ်မုရန်ရှန့်တီးခတ်တဲ့သံစဉ်က အစပိုင်းမှာအရမ်းကိုချစ်ကြတဲ့ချစ်သူနှစ်ယောက်ရဲ့ခံစားချက်မျိုးဖြစ်ပေမဲ့တဖြည်းဖြည်းဝမ်းနည်းစရာကောင်းလာတယ် တစ်ချိန်ကအရမ်းချစ်ကြပေမဲ့အသစ်တွေ့တာကြောင့်အေးစက်လာတဲ့ချစ်သူကိုအထီးကျန်စောင့်ဆိုင်းရင်းအဆုံးသတ်သွားတာမို့ မှူးမတ်တွေမှာမျက်ရည်ကြကုန်ကြတယ်
(A/N အနန်းတရုတ်ကားမှာကြည့်ဖူးတာပါ ဗျပ်စောင်းသံစဉ်တွေမှာခံစားချက်ပါတယ်ဆိုပြီးတော့လေ )
ဝမ်ရှောင် ရှန့်အပေါ်အားနာပြီးသနားစိတ်လဲဝင်သွားမိတယ်
သူပန်ဟွရောက်လာတဲ့အချိန် အသစ်အဆန်းအလှမှာနစ်မြောမိပြီး ချစ်ရသူကိုပစ်ပယ်မိတယ် သူအရမ်းခံစားနေရမှာဘဲမုရန်ရှန့် မျက်နှာကိုငုံထားပြီး မျက်ရည်ဉလာအောင်မနည်းကြိုးစားနေတယ်
'host လက်ဒဏ်ရာတွေကိုသွေးထွက်အောင်လုပ်ထားပေးတာတောင်မျက်ရည်မကျဘူးလား'
'ဒီဒဏ်ရာနာကျင်မှုလောက်ကငါ့ကိုမျက်ရည်မကျစေဘူးကွ!'
ဝမ်ရှောင် မုရှန့်အနားကိုလျှောက်လာပြီးပုခုံးကိုထိပြီးထစေလိုက်တယ်
"ရှန့် ကိုယ်တော့်ကိုကြည့်ပါဉီး"
မုရန်ရှန့် အရည်လဲ့နေတဲ့မျက်ဝန်းတွေနဲ့ဝမ်ရှောင်ကိုမော့ကြည့်လိုက်တယ်
"အရှင်မင်းကြီး~~"
"ကိုယ်တော်မင်းကိုဝမ်းနည်းစေမိပြီတောင်ူပန်ပါတယ်"
ဝမ်ရှောင် မုရန်ရှန့်လက်ဖဝါးလေးကိုဆုပ်ကိုင်လိုက်တယ်"အာ့! အရှင်"
မုရန်ရှန့်မနာပေမဲ့တမင်တကာနာကျင်ယောင်ဆောင်လိုက်တယ်"ရှန့် ဒဏ်ရာတွေကဘယ်လိုဖြစ်တာလည်း.."
ချစ်ရသူလက်ဖဝါးနုနုထက်ကဒဏ်ရာတွေကိုမြင်လိုက်ရချိန်ဝမ်ရှောင်စို့နင့်သွားတယ်
YOU ARE READING
အလှလေး 🍁 system 🍁
Romancesystemမို့ကြိုက်ရင်ဖတ်ပါရှင့် အရေးအသားမကောင်းတာမို့သည်းခံပေးပါ ဖတ်နေကျsystem တွေနဲ့ကွဲလွဲနေရင်တောင်းပန်ပါတယ်