Meet again [ part-1 ]

1K 43 1
                                    

'ငယ်...'
Ni-ki အနေနှင့် ဒီကောင်မလေးနှင့်တွဲလာခဲ့တာ နှစ်ဝက်လောက်ရှိခဲ့ပြီ။ ကောင်မလေးနာမည်က 'ငယ်' တဲ့။
လွန်ခဲ့တဲ့ 6 နှစ်လောက်က Ni-ki ဘဝထဲကို 'ငယ်' ဆိုတဲ့ကောင်မလေးတစ်ဦးက ဝင်ရောက်ခဲ့တယ်။ အမှန်အတိုင်းပြောရမယ်ဆို Ni-ki ဘဝထဲမှာရော နှလုံးသားထဲမှာပါ ထိုကောင်မလေးကအမြဲနေရာယူထားခဲ့တယ်။ သူတို့နှစ်ဦးတွေ့ဆုံခဲ့တာကတော့ အရမ်းရိုးရှင်းလှပါတယ်~
ကျောင်းသား ၊ ကျောင်းသူတွေအတွက် ထိုနေ့ကတော့အပျော်ဆုံးနေ့ပေါ့။ ကျောင်းသားတွေရဲ့ ရယ်မောသံတွေနှင့်ပြည့်နှက်နေတဲ့ သောကြာနေ့ညနေကျောင်းဆင်းခါနီးအချိန်လေးမှာ သူတို့နှစ်ဦးရဲ့တွေ့ဆုံမှုစတင်ခဲ့ပါတယ်။
ထိုနေ့ညနေက 'ငယ်' သူ့ရဲ့ကျောင်းစာတွေနှင့် လုံးပမ်းနေခဲ့ပါတယ်။ အခန်းထဲက အဆင့် ၁ ကျောင်းသူတစ်ဦးဖြစ်သည့်အလျှောက် နေ့တိုင်းမပြတ်မလပ်စာတွေနှင့် အမြဲမျက်နှာချင်းဆိုင်နေရသူပါ။ အတော်ဆုံးကျောင်းသူလည်းဖြစ်လေတော့ ဆရာ/ဆရာမတွေရဲ့ ချီးကျူးခြင်းကိုအမြဲခံရပြီး ကျောင်းဖွင့်စ 1 လအတွင်းမှာတင် အတန်းသူ၊ အတန်းသားတွေရဲ့ထောက်ခံမှုနှင့် အတန်းခေါင်းဆောင်တစ်ယောက်ဖြစ်လာသူလည်းဖြစ်တယ်။ 'ငယ်' ထိုသောကြာနေ့ညနေက သူ့ရဲ့မပြီးမဖြတ်နိုင်သေးတဲ့ Mathematics လေ့ကျင့်ခန်းတွေကို ကျောင်းမဆင်းခင်အပြီးဖြတ်နေခဲ့တယ်။ ကျောင်းဆင်းခေါင်းလောင်းထိုးတာကိုတောင် သူသတိမမူမိခဲ့ပါဖူး။
"ရား အတန်းခေါင်းဆောင် ကျောင်းဆင်းနေပြီ"
"ပြောမနေပါနှင့်တော့ဟယ် အတန်းခေါင်းဆောင်က အမြဲစိတ်ထဲစာအကြောင်းဘဲရှိတဲ့ဟာ"
ကျောင်းသားတစ်ဦးက 'ငယ့်' ကိုသတိပေးစကားပြောခဲ့ပြီး ကျောင်းသူတစ်ဦးကတော့ သူ့အကြောင်းကိုစိတ်မသက်မသာနှင့် ပြောခဲ့တယ်။ ဒီလိုနှင့်မပြီးသေးတဲ့ Mathematics လေ့ကျင့်ခန်းတွေကို တွက်နေရင်း ပြတင်းပေါက်ကနေ ‌မရင်းနှီးတဲ့အသံကို 'ငယ်' ကြားလိုက်တယ်။ အသံပိုင်ရှင်က မျက်နှာမမြင်ရတာတောင် ဆွဲဆောင်မှုရှိတဲ့ပုံစံပေါက်ပါတယ်။ အသံငြိမ်ငြိမ်အေးအေးလေးနှင့်
"မင်းဒီမှာဘာလုပ်နေတာလည်း အကုန်လုံးပြန်သွားပြီ မင်းမပြန်သေးဖူးလား"
'ငယ်' အသံလာရာပြတင်းပေါက်နားကို လှမ်းကြည့်လိုက်တော့ ‌ရုပ်ရည်ကပြောစရာမလိုအောင်ပြည့်စုံနေပြီး ပန်းရောင်နှုတ်ခမ်းသားအောက်က မှဲ့သေးသေးလေးနှင့်ကောင်‌လေးက သူ့ကိုကြည့်ပြီးမေးနေတာကို တွေ့သွားတယ်။
"အာ...ကျွန်မလေ့ကျင့်ခန်းတွေမပြီးသေးလို့ပါ ခဏနေပြန်တော့မှာပါရှင့်"
'ငယ်' လည်း ဘယ်သူဘယ်ဝါမှန်းသေချာမသိတာကြောင့် စကားကိုယဉ်ယဉ်ကျေးကျေးပြန်ပြောလိုက်ပြီး တစ်ဖက်ကောင်လေးရဲ့အဖြေကိုစောင့်နေလိုက်တယ်။ ထိုကောင်လေးက သူ့လက်ကနာရီကိုကြည့်လိုက်ကာ
"5နာရီတောင်ခွဲတော့မှာ မင်းတစ်ယောက်ထဲကျန်ခဲ့လိမ့်မယ်"
'ငယ်' လည်း ထိုကောင်လေးပြောတာကိုကြားတော့ စားပွဲပေါ်ကသူ့ပစ္စည်းတွေကို ကောက်သိမ်းလိုက်တယ်။ အကုန်ပြီးစီးတော့ အခန်းတံခါးကိုလော့ချလိုက်ပြီး ထိုအသံအေးအေးပိုင်ရှင်ကောင်လေးကို မော့ကြည့်လိုက်တယ်။
"အကိုက ဘယ်သူလည်းဟင်"
ဆိုပြီး ခပ်ကြောက်ကြောက်မေးလိုက်တယ်။
"ငါလား ငါ့နာမည် Ni-ki တတိယနှစ်အခန်း A က မင်းကရော"
မထင်မှတ်ဘဲ သူ့ကိုပြန်မေးလိုက်တာကြောင့် 'ငယ်' လည်း သူ့ရဲ့လွယ်အိတ်ကြိုးလေးကို ခပ်တင်းတင်းကိုင်ထားရင်း ပြန်ဖြေလိုက်တယ်။
"အော် စီနီယာဘဲ ကျွန်မနာမည်က 'ငယ်' ပါ"
"တစ်လုံးတည်းလား?"
"အွန်း ခေါ်ရလွယ်တယ်မလား"
Ni-ki ပြန်မဖြေဘဲ ခေါင်းကိုငြိမ့်ပြလိုက်တယ်။ သူတို့နှစ်ယောက်သားလမ်းတစ်လျှောက်စကားတစ်လုံးမှ မပြောဖြစ်ကြဖူး။ ဒါပေမဲ့ 'ငယ့်' စိတ်ထဲမှာတော့ အမည်တပ်မရတဲ့ခံစားချက်ကဖြစ်ပေါ်လာခဲ့လေပြီ။ နှစ်ယောက်ကြားကအေးခဲနေတဲ့တိတ်ဆိတ်မှုကို 'ငယ့်' ဘက်ကဖြိုခွင်းကာ စကားစပြောလိုက်တယ်။
"ဟို‌လေစီနီယာ..."
သူခေါ်လိုက်တော့ Ni-ki ကသူ့ဘက်လှည့်ကြည့်လိုက်ရင်း သူနားထောင်နေတယ်ဆိုတဲ့သဘောနှင့် ခေါင်းလေးတစ်ချက်ငြိမ့်ပြတယ်။
"စီနီယာနှင့် သူငယ်ချင်းဖြစ်လို့ရမလားဟင်"
တစ်ခါမှတစ်ဖက်လူကို သူငယ်ချင်းဖြစ်ခွင့်မကမ်းလှမ်းဖူးတဲ့ 'ငယ်' က သူ့လက်ထိပ်လေးတွေကို ပွတ်တိုက်ပြီး Ni-ki ရဲ့အဖြေကိုစောင့်နေတယ်။
"သေချာပေါက်ရတာပေါ့"
Ni-ki ဆီကအ‌ဖြေကိုကြားရတော့ 'ငယ့်' ခမျာတစ်လောကလုံးကို အနိုင်ရသွားသလို ရင်ဘတ်ထဲကနေကြီးမားတဲ့ပျော်ရွှင်မှုကို ခံစားလိုက်ရတယ်။ တစ်ချိန်တည်းမှာဘဲ Ni-ki ဘက်ကစကားစလာခဲ့တယ်။
"ငယ့်ဖုန်းနံပါတ်ပေးလေ ကျောင်းပိတ်တဲ့ရက်တွေကျ အဆက်အသွယ်မရဘဲနေမှာပေါ့"
'ငယ်' တကယ်ပျော်ရွှင်ပြီး သူ့ဖုန်းနံပါတ်ကို Ni-ki ကိုပြောပြလိုက်တယ်။
Ni-ki သူ့ဖုန်းကိုထုတ်ကာ 'ငယ်' ပြောသမျှနံပါတ်တွေကို နှိပ်လိုက်ပြီးနောက်ဆုံးကျ သူ့ဖုန်း contact ထဲကိုထည့်လိုက်တယ်။ contact လေးက "ငယ်" တဲ့။ Ni-ki လည်းသူမှတ်ထားတာလေးကို 'ငယ့်' ကိုပြလိုက်ရင်း
"ဒီလိုလေးမှတ်ထားတာကြိုက်ရဲ့လား ငယ်"
"ဟီးးး သဘောကျတာပေါ့စီနီယာရဲ့"
"အိုကေ ညကျအကိုဖုန်းခေါ်လိုက်မယ်နော်"
ဆိုပြီး Ni-ki ကသူ့လက်မနှင့်လက်သန်းလေးကိုထောင်ပြီး နား နားကပ်ပြီးဖုန်းခေါ်တဲ့ပုံစံ‌လေးလုပ်ပြတယ်။
ညနေ နေလုံးကြီးလည်းဝင်သွားခဲ့ပြီ။ 'ငယ်' ကတော့သူ့သီးသန့်ခန်းလေးထဲမှာ အိမ်စာတွေလုပ်ရင်း ညရောက်လာတော့ သူသဘောကျရတဲ့စီနီယာဆီက အဝင် call ကိုစိတ်ရှည်ရှည်နှင့် စောင့်နေတာပေါ့။
~ It's like a polaroid love ~ ( ph ringtone )
"ယော်ဘိုဆယ်ရော် ပထမနှစ်က 'ငယ်' ဆိုတဲ့ကလေးမလေးလားခဗျာ"
"ခစ်ခစ်ခစ် စီနီယာအကိုကနောက်နေပြန်ပြီ"
"ဟဟ စတာပါဗျာ 'ငယ်' ညစာစားပြီးပြီလား"
"အကိုကလည်း ည 9 နာရီတောင်ထိုးနေပြီ စားပြီးရောပေါ့ အကိုရောဟင်"
"ဟင့်အင်းအကိုက ညစာမစားဖူး"
"ဟာ...အကိုကလည်း ‌နံနက်စာ ၊ နေ့လည်စာ ၊ ညစာ တော့မှန်အောင်စားလေ အကိုနေမကောင်းဖြစ်ရင်ခံနိုင်ရည်ရှိမှာပေါ့"
"စိတ်ပူပေးတာကျေးဇူးပါဗျာ အကိုက ငယ်ငယ်ကတည်းက ညစာမစားဖူး ဘာမှမဖြစ်ဖူးရယ်"
စသဖြင့် ထိုညဟာစစခင်ခြင်းသူငယ်ချင်းနှစ်ယောက် တစ်နည်းပြောရရင် အနာဂတ်စုံတွဲလေးရဲ့ ရယ်မောသံလေးတွေနှင့်ပြည့်နှက်နေခဲ့တာပေါ့။

8.5.2022.[1:08 pm]

𝐌𝐞𝐞𝐭 𝐚𝐠𝐚𝐢𝐧 [Completed]Where stories live. Discover now