Meet again [ part-4 ]

256 27 0
                                    

"ငယ်...ငယ် ထတော့ 7 နာရီထိုးနေပြီ"
'ငယ်' အိပ်မောကျနေလို့ အားနာနာနှင့် Ni-ki တစ်ယောက်အသာအယာ 'ငယ့်' နား နားလေးကပ်ပြီး ပြောလိုက်တယ်။
"ဟင်...အွန်း"
Ni-ki ‌နှိုးလိုက်တော့အိပ်ချင်မူးတူးနှင့်နိုးလာတဲ့ကောင်မလေး။
"ရေချိုးခန်းထဲမှာ မျက်နှာသစ်လိုက်အဝတ်အစားတော့ မနေ့ညကအဝတ်အစားဘဲပြန်ဝတ်မှာမလား အကိုအစောကြီးလျှော်ပြီးအခြောက်ခံထားတယ်"
"ဟို...အကိုရယ် အားနာစရာငယ်က အိမ်စောစောထပြန်မလို့"
"အစောကြီးမနှိုးချင်လို့ပါဗျာ မနေ့ညကလည်းညလယ်အထိမအိပ်ရသေးဖူးမလား အိပ်ရေးမဝရင်စာလည်း စိတ်ပါမှာမဟုတ်ဖူးလေ"
"ဟီး အကိုကဂရုစိုက်တတ်သားဘဲ ကျေးဇူးပါနော်><"
"အဝတ်အစားလဲပြီး နံနက်စာလာစားတော့"
"ဟုတ်အကို"
'ငယ်' လည်းခေါင်းလေးငြိမ့်ပြီး အခန်းထဲဝင်သွားတယ်။
စားပွဲမှာတော့ Ni-ki တစ်ယောက်...
"သူကဒါကြိုက်ပါ့မလား ငါတစ်ယောက်ထဲဆိုဖြစ်သလိုစားနေကျဆိုတော့ ပြင်ထားတာကသူ့ကိုဖြစ်သလိုစားစေချင်တဲ့သဘောများ ဖြစ်သွားမလား"
အတွေးပေါင်းများစွာနှင့် သူပြင်ထားတာကိုဟိုနေရာကကြည့်လိုက် ဒီနေရာကကြည့်လိုက်လုပ်နေတယ်။ 'ငယ်' ထွက်လာပြီး
"ဟီး ကော်ဖီနှင့်ပါမုန့်လား ကြိုက်တယ် ကြိုက်တယ်"
ရွှင်ရွှင်မြူးမြူးနှင့် စားပွဲကလွတ်နေတဲ့ခုံအပုလေးတစ်လုံးမှာ ဝင်ထိုင်လိုက်တယ်။
"အကိုပြင်ထားတာကို ငယ်ကြိုက်ရဲ့လားဟင်"
"သူများအိမ်လာပြီး ဟိုဟာမစားချင်ဖူးဒီဟာမစားချင်ဖူးဆိုပြီး လုပ်လို့မှမရတာအကိုကလည်း"
"ခစ်ခစ် မကြိုက်ရင်လည်းတစ်ခုခုသွားဝယ်ပေးမလို့ပါဗျာ"
"ဘာလို့ဝယ်မှာ လမ်းတစ်လမ်းလုံးရွှံ့တွေရေတွေနှင့် သွားရင်းလာရင်းတစ်ခုခုဖြစ်အုံးမယ် ပြီးရင်ပိုက်ဆံဖြုန်းရာလည်းကျတယ် ဟုတ်တယ်မလား"
"ဟုတ်ပြီ စကားနားထောင်ပြီး မဝယ်တော့ဖူးနော့><"
"ဟီး မနေ့ကအကိုဖျော်ပေးတဲ့ကော်ဖီကို အရမ်းကြိုက်နေတာ နောက်တစ်ခါထပ်သောက်ရပြန်ပြီ"
"အိမ်လာနေလိုက် အမြဲကော်ဖီနှင့်နှစ်ပါးသွားရမှာမို့ ကော်ဖီအရသာမုန်းလာလိမ့်မယ်"
"အကိုပြင်ပေးတာဆို ရိုးသွားတာရှိမှာမဟုတ်ပါဖူးနော်"
"စကားအရမ်းတတ်တဲ့ကလေးမလေး"
Ni-ki တစ်ယောက်အူယားပြီး 'ငယ့်' ပါးလေးကိုဖြစ်ညှစ်လိုက်တယ်။
စားပြီးတော့ မနေ့ညကစက်ဘီးလေးနှင့်နှစ်ယောက်သား ကျောင်းကိုလာခဲ့ကြတယ်။ 9 နာရီထိုးခါနီးကျောင်းကို ရောက်ခဲ့ကြတာပေါ့။
"အကို စာကောင်းကောင်းသင်ခဲ့အုံးနော် ငယ်သွားတော့မယ်"
"ဟုတ်ပြီဗျာ့"
Ni-ki ကိုလိုက်ပို့ပြီး လှည့်ပြန်တော့မဲ့အချိန် 'ငယ်' တစ်ခုခုကိုသတိရသွားပြီး လွယ်အိတ်‌ရဲ့ဘေးအိတ်လေးကိုစစ်ကြည့်လိုက်တော့...
"အကို့!"
Ni-ki တစ်ယောက်အခန်းထဲဝင်ခါနီးနောက်ကအော်ခေါ်တာကြောင့် လှည့်ကြည့်လိုက်တယ်။
"မေ့တော့မလို့ တော်သေးတယ်ဒီမှာ အကို့အတွက် strawberry milk"
ပြောပြောဆိုဆို လွယ်အိတ်လေးရဲ့ဘေးအိတ်ထဲကိုနှိုက်ပြီး strawberry milk ဗူးလေးကို Ni-ki လက်ထဲထည့်ပေးလိုက်တယ်။
"အရေးမကြီးပါဖူးငယ်ရယ် ဘာများလည်းလို့ ကျေးဇူးဘဲနော် အကိုသောက်လိုက်မယ်"
"သောက်လိုက်နော် ငယ်တကယ်သွားပြီ"
"ဒီကလေးမလေးကတော့လေ"
ထုံးစံအတိုင်း ဆံပင်လေးကိုသာသာလေးဖွပေးလိုက်တဲ့ Ni-ki
'ငယ်' လည်းသူ့အခန်းသူပြန်သွားလေတယ်။
ဒီလိုနှင့်သူတို့ခင်လာတာ 3 လကျော်တောင်ကြာမြင့်သွားခဲ့ပြီ။
"ငယ် ဒီနေ့ကျောင်းဘာလို့မလာတာလည်း"
'ငယ်' အိပ်ယာပေါ်လှဲပြီးဖုန်းခဏသုံးနေရင်း message လေးဝင်လာတယ်။ ကြည့်လိုက်တော့သူမြတ်နိုးရတဲ့စီနီယာအကိုဆီက။
"ဒီတိုင်း"
စကားပြောချင်စိတ်မရှိတာကြောင့် တိုတိုတုတ်တုတ်ဘဲပြန်ဖြေလိုက်တဲ့ ပြန်စာကြောင့် Ni-ki တစ်ယောက်သူ့ကိုစကားမပြောချင်မှန်းသိသွားတယ်။
"ငယ် စကားပြောချင်စိတ်မရှိဖူးလားဟင်"
"အွန်း"
"ဟုတ်ပါပြီ နံနက်ဖြန်တော့လာမှာမလား"
"မသေချာဖူးအကို"
"ဟောဗျာ အမှတ်စာရင်းကြောင့်ဘဲဝမ်းနည်းနေသေးတာမလား"
"အင်း အများကြီးမျှော်လင့်ထားခဲ့တာကို"
"ဒါပေမဲ့လည်း ငယ်ရယ် ထားပါနံနက်ဖြန်တော့လာခဲ့နော် ဟုတ်ပြီလား အကိုနှင့်အများကြီးစာပိုလုပ်ကြမယ်လေ"
"ဟုတ်ကဲ့ အကို"
ဟိုတစ်နေ့ကလပတ်စာမေးပွဲအမှတ်စာရင်းကြောင့် စိတ်ထိခိုက်နေတဲ့ကလေးမလေးကို ဘယ်လိုပျော်အောင်လုပ်‌ပေးမလည်း ဆိုပြီးအဲ့နေ့ညကတစ်ညလုံး Ni-ki စဉ်းစားနေခဲ့တယ်။ Ni-ki ရှေ့မှာတင် 'ငယ့်' ဆရာမက 'ငယ့်' ကိုအများကြီးမျှော်လင့်ထားခဲ့ကြောင်းနှင့် ထွက်လာတဲ့အမှတ်နှင့်ပတ်သတ်ပြီးစိတ်ပျက်မိကြောင်း ပြောခဲ့တယ်။ ဒီလလည်း 'ငယ်' အဆင့် ၁ နေရာမှာဆက်ရှိမယ်ဆိုပြီးယုံကြည်ထားကြောင်း ၊ အများကြီးချီးကျူးထားခဲ့ပေမဲ့ အခုလိုရမှတ်ဆိုးဆိုးတွေကြောင့် 'ငယ့်' ဆရာမကတော့ တော်တော်စိတ်ပျက်ခဲ့တယ်။ 'ငယ့်' ဆရာမပြောပြီးပြီးချင်းညနေတူတူပြန်ကြကတည်းက 'ငယ့်' မျက်နှာလေးက ညှိုးကျနေတယ်။ ဒီနေ့တော့သူကျောင်းတောင်မလာတော့။ တော်တော်စိတ်ထိခိုက်နေမှာမှန်း Ni-ki ရိပ်မိပါတယ်။ ခင်လာခဲ့တဲ့တစ်လျှောက် ဒီကလေးမလေးစိတ်ထိခိုက်လွယ်ကြောင်းကို Ni-ki သတိထားမိခဲ့တယ်။ သတိထားမိကတည်းက 'ငယ်' စိတ်ထိခိုက်မဲ့အရာဆို စကားလေးတစ်ခွန်းတောင် Ni-ki စဉ်းစားပြီးမှပြောလေ့ရှိတယ်။ 'ငယ်' စိတ်ထိခိုက်စေမဲ့ အမူအယာမျိုးကိုလည်း မလုပ်ခင်အမြဲစဉ်းစားလေ့ရှိတယ်။ သူဒီကလေးမလေးငိုတာကို တစ်ခါမှမတွေ့ခဲ့ဖူးသေး။ ဘာကြောင့်လည်းဆိုတော့ 'ငယ်' ကအမြဲတမ်းသန်မာချင်ယောင်ဆောင်လေ့ရှိတယ်ဆိုတာ Ni-ki သိပြီးသားဖြစ်တယ်။ အမြဲတမ်း 'ငယ်' ကသူမျက်ရည်ကျတာကို Ni-ki ကိုပြလေ့မရှိဘဲ သူတစ်ယောက်ထဲဘဲကြိတ်ခံစားတယ်။ ထိုအကြောင်းတွေကြောင့် ဒီကလေးမလေးနှင့်ပတ်သတ်ပြီး Ni-ki တစ်ယောက်အမြဲစိတ်ပူနေလေ့ရှိတယ်။ ပြောရမယ်ဆို Ni-ki ဒီအတောအတွင်းမှာ 'ငယ့်' ပေါ် ဖော်ပြလို့မရတဲ့ခံစားချက်မျိုးတွေရှိနေခဲ့တယ်။ Ni-ki သိလိုက်ပါပြီ...သူဒီကောင်မလေးကို 3 လကြာအတွင်းမှာ ချစ်မိသွားခဲ့လေပြီ...။

10.5.2022.[5:51 pm]

Thanks for 20 reads >< 💗

𝐌𝐞𝐞𝐭 𝐚𝐠𝐚𝐢𝐧 [Completed]Where stories live. Discover now