Meet again [ part-3 ]

286 27 1
                                    

"အတန်းခေါင်းဆောင် ဘာတွေပျော်လာတာလည်းဟ"
"အေးလေ မျက်နှာကြီးကပြုံးဖြီးလို့"
"လွယ်အိတ်ကြီးတောင်ပစ်ချပြီး ထွက်သွားတာနော်"
အမျိုးမျိုးပြောနေတဲ့ အတန်းဖော်တွေကြားထဲမှာ 'ငယ်' တစ်ယောက်နေရခက်နေတယ်။ ထိုစဉ်
"အတန်းခေါင်းဆောင်ရဲ့ စာလုပ်ချင်စိတ်ကိုဆန့်ကျင်နိုင်တဲ့ စီနီယာကြီးတစ်ယောက်လုံးရှိနေတာဘဲဟာ မဆန်းပါဖူး"
'ငယ်' လည်းဘယ်လိုသိသွားမှန်းမသိတဲ့ အတန်းဖော်ကောင်လေးကို အံ့ဩပြီးကြည့်နေတယ်။
အဲ့မှာအတန်းတွေရဲ့ထုံးစံအတိုင်း လူတွေစုပြုံလာတာပေါ့။
"ဟ အတန်းခေါင်းဆောင်က ကောင်လေးရသွားတာလား"
"ဘယ်သူလည်း ဘယ်သူလည်းသိချင်တယ်"
"သိရင်လည်းမလျှိုဘဲပြောပြကြလေဟာ ငါတို့လည်းသိချင်တာပေါ့ဟ"
comments အမျိုးမျိုးနှင့် 'ငယ်' တစ်ယောက် တကယ်နေရခက်နေပါပြီ။ ခုနကကျောင်းသားကဘဲ စကားကိုပြန်စပြီး
"တတိယနှစ်က စီနီယာကြီးလေ ခစ်ခစ်"
"ရား တော်တော့ လူတွေတစ်မျိုးထင်အောင်"
'ငယ်' ဆက်အထင်မလွဲကြဖို့ အလျင်အမြန်အဲ့အတန်း‌ဖော်ကိုပါးစပ်ပိတ်လိုက်ရတယ်။
"အေးပါ အေးပါ မပြောတော့ပါဖူး ဒေါ်ရှက်စိန်ရယ်"
ထိုနေ့နံနက်က အတန်းထဲကလူတွေကတော့ လှုပ်လှုပ် လှုပ်လှုပ်နှင့်ခုနကအတန်းသားဆီမှာ ကပ်မေးနေကြတာပေါ့။ အခုဆိုရင်တော့ အကုန်လုံးပျံ့နေပြီလောက်ပြီပေါ့။ 'ငယ်' တစ်ယောက် သူ့ရဲ့ခံစားချက်ကိုမမြိုသိပ်နိုင်ဘဲ ဒီလိုလူသိသွားတဲ့အတွက် ရှက်လည်းရှက် တစ်ခြားသူတွေကစီနီယာ့ကိုမဟုတ်တာတွေ သွားပြောမှာလည်း ကြောက်နေမိတယ်။
"ငယ်ဘာတွေစဉ်းစားနေတာလည်း ပြန်မယ်လေ"
ကျောင်းရှေ့မှာအတွေးလွန်ကာ Ni-ki ကိုစောင့်နေတဲ့ 'ငယ့်' ကို Ni-ki တစ်ယောက်နောက်ကနေလှမ်းပုတ်ပြီးပြောလိုက်တယ်။
"အာ...ဘာမှမဟုတ်ပါဖူး တက်လေပြန်လိုက်ပို့ပေးမယ်"
"စနေနေ့ညကလိုတော့ ဖြစ်အောင်မလုပ်နှင့်နော် အဲ့နေ့ညကတော်တော်နာသွားတာ သိလား"
ပွစိပွစိပြောပြီး သူ့စက်ဘီးပေါ်တက်ထိုင်လိုက်တဲ့ Ni-ki
'ငယ်' လည်းဘာမှမပြောတော့ဘဲ စနေနေ့ညကအတိုင်း လမ်းတစ်လျှောက်စက်ဘီးနင်းလာလိုက်တယ်။ သူတို့ဦးတည်ရာရောက်ခါနီး ရုတ်တရက်ကြီးမိုးတွေကျလာပါလေရော။ 'ငယ့်' မျက်မှန်ကရေတွေစိုပြီး အရှေ့ကိုမမြင်ရတော့ပေ။ ဘရိတ်အုပ်လိုက်ပြီး
"အကိုရေ အကိုအရှေ့ကစီးလိုက်ပါလား ငယ်ဘာမှမမြင်ရတော့လို့"
"ဟောဗျာ ဖယ်ဖယ် ဒုက္ခပါဘဲမိုးကလည်း ရောက်ခါနီးကြီးမှရွာချလာတယ်"
'ငယ်' နှင့် Ni-ki လည်းနေရာလဲလိုက်ပြီး အိမ်ကိုဦးတည်လာလိုက်တယ်။ လမ်းတစ်လျှောက်မိုးကလည်း သည်းသထက်သည်းလာခဲ့တယ်။ အိမ်ရောက်တော့ စက်ဘီးကိုအမိုးအောက်သွင်းကာ အိမ်ထဲကိုနှစ်ယောက်သားအပြေးဝင်လာခဲ့တယ်။
"ဟူး သေတော့မဲ့အတိုင်းဘဲ ငယ်အဝတ်အစားလဲလိုက်မလား?"
"ဟင် အဝတ်အစားမှမပါခဲ့တာ လွယ်အိတ်ထဲကစာအုပ်တွေတောင် မစိုအောင်သေချာကာထားရတဲ့ဟာ"
"ဟော အကို့ဗီရိုထဲကငယ်နှင့်တော်မဲ့ဟာရွေးပြီး လဲလိုက်အကိုဒီမှာထိုင်နေပေးမယ်နော်"
'ငယ်' လည်းအဝတ်အစားအစိုတွေနှင့် ချမ်းစိမ့်နေတော့အခန်းထဲဝင်ပြီး အဝတ်အစားတစ်စုံကိုခပ်သွက်သွက်ယူကာ လဲလိုက်တယ်။
"အကိုလည်းလဲလိုက်လေ ကြာရင်ဖျားလိမ့်မယ်"
"အိုခီ အိုခီ"
လက်နှင့်အိုကေပုံစံလုပ်ပြကာ အခန်းထဲပြေးဝင်သွားတဲ့အကို့နောက်ကျောကိုကြည့်ရင်း မိုးတိတ်အောင်ထိုင်ဆုတောင်းနေလိုက်တယ်။ မိုးမစဲရင်သူလည်းအိမ်မပြန်ရဘဲ ဒီမှာဘဲတစ်ညလုံးသောင်တင်နေလိမ့်မယ်ဆိုတာသူသိတယ်လေ။ သူ့အနေနှင့်ကောင်လေးတစ်‌ယောက်နှင့်တူတူဒီလောက်ကြီး ရင်းရင်းနှီးနှီးအနေနီးနီးမနေဖူးတာကြောင့် ကြောက်လည်းကြောက်မိပြန်တယ်...။ ခဏကြာတော့ အခန်းထဲကနေ Ni-ki ထွက်လာတယ်။ လက်ထဲကလည်း ပန်းရောင်တဘက်လေးတစ်ထည်ကိုင်ပြီးတော့ပေါ့။
"ငယ်ခေါင်းခြောက်အောင် သုတ်လိုက်အုံး ဆော်တီးပါဗျာ အကိုကဆံပင်လည်းမရှည်ယောကျာ်းလေးလည်းဖြစ်တော့အိမ်မှာ dryer မရှိဖူး ခေါင်းလျှော်ပြီးရင်ဒီတိုင်းဘဲတဘက်နှင့်သုတ်လိုက်တာဆိုတော့..."
"အာ ရပါတယ်ကျေးဇူးပါ"
"ငယ်နေအုံးနော် အကိုငယ့်အတွက် ကော်ဖီပူပူလေးသွားဖျော်ပေးမယ်"
ပြောရင်းမီးဖိုခန်းထဲဝင်သွားတဲ့ Ni-ki
'ငယ်' ကတော့ ဧည့်ခန်းထဲမှာခေါင်းသုတ်ရင်းကျန်ခဲ့တယ်။ ခဏကြာတော့
"ရော့ဒီမှာငယ့်အတွက် ပူတယ်နော်သေချာကိုင်"
"ဟုတ် ကျေးဇူးတင်ပါတယ်အကို"
'ငယ်' လည်း ခွက်ကိုသေချာကိုင်ပြီး မှုတ်သောက်လိုက်တယ်။ ကော်ဖီရဲ့အငွေ့တွေက မျက်မှန်ကိုလာရိုက်တော့ 'ငယ်' လည်းခွက်ကိုခဏချထားလိုက်တယ်။
"ခစ်ခစ် အကိုသုတ်ပေးမယ်"
Ni-ki ပြောရင်း မျက်မှန်ကိုချွတ်ယူလိုက်ပြီး သေချာပြောင်အောင်သုတ်ပေးနေတယ်။
"ဟီး ကျေးဇူးဘဲအကို"
"မျက်မှန်မတပ်ဘဲနေကြည့်ပါလား ပိုလှတယ်..."
အသံကတိမ်ဝင်သွားပြီး 'ငယ့်' ခမျာတစ်ဖက်ကဘာပြောမှန်း သေချာမကြားမိ။
"ဟင် ဘာပြောတာလည်း"
"ဟို မျက်မှန်မပါရင်ပိုလှတယ်လို့...ပြောတာ"
ရုတ်တရက် 'ငယ်' ပါးတွေနီးမြန်းသွားပြီး
"အကိုကအဲ့လိုထင်တာလားဟင်"
"အွန်...အွန်း"
"အကိုထင်ရင် ငယ်မျက်မှန်မတပ်ဘဲနေမယ်လေ ဟီး"
စကားဝိုင်းက ခဏတိတ်ဆိတ်သွားပြီး 'ငယ့်' ဘက်ကပြန်စကားဆိုပြန်တယ်။
"အကိုနှင့် ငယ်နှင့်ကမောင်နှမ‌တွေနှင့် အရမ်းတူနေလားဟင်"
"ဘာဖြစ်လို့မေးတာလည်း"
"ဟို နံနက်ကဆရာမက ငယ့်ကိုအကို့ညီမလေးလို့ ထင်သွားတယ် ပြောတော့လည်းကြည့်လေ အကို့ညီမလေးတဲ့..."
"အော် အဲ့တာလား အကို့အထင်တော့ မောင်နှမနှင့်တူတယ်ထင်တယ်"
"အကိုထင်လား"
"ထင်တာမဟုတ်ပါဖူးဗျာ တကယ်ညီမလေးတစ်ယောက်လိုကို ချစ်တာ"
'ငယ့်' စိတ်ထဲဝမ်းနည်းသွားတယ်။ စီနီယာကသူ့ကို ညီမလေးတစ်ယောက်လိုဘဲ ချစ်တာတဲ့လား။ မျက်နှာမှာအပြုံးတုကိုဆင်မြန်းရင်း
"အွန်း ငယ်လည်းအဲ့လိုဘဲထင်တယ်နော် မောင်နှမနှင့်တူတယ်ဆိုပြီးလေ...."
"အာဟ ဟုတ်သားဘဲမေ့နေတာ နံနက်ကငယ်အကို့ကိုလာပေးတဲ့ strawberry milk ဗူးလေးကဘယ်ကဝယ်တာလည်းဟင်"
"မေမေကငယ့်ကို set လိုက်ဝယ်ပေးထားတာ ငယ်ငယ်ကတည်းက အဲ့အရသာကြိုက်လို့လေ မေမေကအမြဲတမ်းတစ်ခြားမြို့ကနေငယ့်ဆီကို ပို့ပေးတယ် အကို့ကိုနေ့တိုင်းတစ်ဗူးပေးမယ်လို့ ပြောတယ်လေ"
'ငယ်' သွားဖုံးတွေပေါ်တဲ့အထိပြုံးရင် လက်တစ်ချောင်းထောင်ကာ ပြောလိုက်တယ်။
"ဝေစုခွဲပေးနေရတော့ သောက်လို့ဝပါ့မလား?"
"ဟော အများကြီးကျန်ပါသေးတယ်ဆိုနော်"
"ဟုတ်ပါပြီဗျာ ငယ်ကော်ဖီသောက်ကုန်ပြီဆို အကိုခွက်သွားဆေးလိုက်အုံးမယ်နော်"
ဒီလိုနှင့် 1 နာရီ ၊ 2 နာရီ ၊ 3 နာရီ ၊ 4 နာရီကုန်သွားတယ်။ မိုးကလည်းသူတို့နှစ်ယောက်ကို တူတူရှိစေချင်နေပုံရပြီး သည်းကြီးမဲကြီးရွာချတာအရှိန်ကို မလျှော့ခဲ့။ 'ငယ်' လည်း ဧည့်ခန်းထဲမှာဘဲ ကျောင်းကပါလာတဲ့အိမ်စာတွေထိုင်လုပ်နေလိုက်တာ ည 8 နာရီထိုးသွားမှန်းတောင် မသိခဲ့ဖူးတဲ့။ Ni-ki တစ်ယောက်အခန်းထဲကထွက်လာပြီး ဧည့်ခန်းထဲမှာစာလုပ်နေတဲ့ 'ငယ့်' ကိုမေးလိုက်တယ်။
"ငယ်ဗိုက်ဆာပြီလား"
"အွန်း နည်းနည်း‌ပေါ့ဘာရှိလည်းဟင်"
"ငယ်သိပါတယ် အကိုမှညစာမစားတာ အိမ်မှာဘာမှမရှိဖူး"
"ဟာ အဲ့တာဆိုညစာမစားရတော့ဖူးပေါ့ ಥ‿ಥ"
"အယ် အဲ့လိုလည်းမဟုတ်ပါဖူးဗျာ မနေ့ကတိုကင်‌တွေနှင့်လဲခဲ့တဲ့ခေါက်ဆွဲထုတ်တွေရှိမယ်ထင်ပါ့"
"တိုကင်?"
"အွန်း မနေ့ကအကိုအရုပ်ကောက်စက်သေးသေးလေးတွေ့လို့ ဝင်ကောက်ရင်းရလာတာ တစ်ရုပ်ရရင်တိုကင်တစ်ကဒ်ရတယ်လေ အဲ့တစ်ကဒ်နှင့်ခေါက်ဆွဲထုတ်တစ်ထုတ်လဲခဲ့လိုက်တာ ကဲပါဗိုက်ဆာနေတယ်ဆို အကိုခေါက်ဆွဲသွားပြုတ်ပေးမယ်"
"အာ အဲ့လိုလားငယ်ဘာကူရမလည်းဟင်"
"ငြိမ်ငြိမ်လေးနေတာက ကူညီတာနှင့်တူတူပါဘဲဗျာ"
"ရား အကိုနော်"
Ni-ki ကတော့ ရယ်ရင်းမီးဖိုခန်းထဲဝင်သွားတယ်။
ခေါက်ဆွဲရလာတော့ 'ငယ်' ကတူ‌တစ်စုံနှင့် အားရပါးရစားနေတာ‌ပေါ့။ Ni-ki တစ်ယောက်ဘေးကထိုင်ကြည့်ရင်း
"ငယ်ဒီနေ့အခန်းထဲအိပ်လိုက်လေ အကိုဒီဆိုဖာပေါ်အိပ်လိုက်မယ်"
"ဟင် အားနာစရာကြီး"
ခေါက်ဆွဲစားရင်း ပါးလုပ်ပါးလောင်းပြောနေတဲ့ ကလေးလေးကိုကြည့်ကာ Ni-ki အသည်းယားလွန်းလို့ ထပ်ရယ်နေပြန်တယ်။
"ခစ်ခစ် အားနာစရာမလိုပါဖူးဗျာ ငယ်စားနှင့်အုံးအကိုငယ့်အတွက် ခြင်ထောင်ထောင်ပေးထားမယ် အခန်းထဲကနည်းနည်းတော့ ခြင်ကိုက်တယ်"
"ဟုတ် နောက်ထပ် ထပ်ပြီးတော့ကျေးဇူးတင်ပါတယ်အကို..."
ညရောက်တော့ Ni-ki လည်းဧည့်ခန်းထဲကဆိုဖာပေါ်မှာ အိပ်‌ပျော်အောင်အိပ်ချလိုက်တယ်။ ဒီလိုနှင့်ညလယ်ကိုရောက်လာတယ်။
"ဟင် ငယ် ဘာဖြစ်လို့လည်း"
"ကြောက်လို့..."
ညလယ်ကြီးကျမှ ဧည့်ခန်းထဲကိုခေါင်းအုံးလေးမပြီး ဆိုဖာပေါ်က Ni-ki ရဲ့ရင်ခွင်ထဲတိုးဝင်လာတဲ့ကလေးမလေး။
"အာ ဟုတ်ပါပြီအကိုရှိတယ် အိပ်ပျော်အောင်အိပ်လိုက်နော်"
"ဟုတ်...ဟုတ်"
Ni-ki လည်းရင်ခွင်ထဲတိုးဝင်နေတဲ့ ကောင်မလေးရဲ့ခေါင်းလေးကိုပွတ်ပေးကာ စောင်ကို 'ငယ့်' ဘက်ကို နည်းနည်းဆွဲပေးလိုက်တယ်။ မိုးတွေကညလယ်ရောက်တာတောင် လုံးဝစဲမသွားခဲ့ပါဖူး။ တစ်ညလုံးကောင်မလေးကလည်း သူသဘောကျရတဲ့ကောင်လေးရဲ့ရင်ခွင်နွေးနွေးလေးထဲမှာ အိပ်မောကျနေခဲ့တယ်။

9.5.2022.[4:44 pm]

𝐌𝐞𝐞𝐭 𝐚𝐠𝐚𝐢𝐧 [Completed]Where stories live. Discover now